ဝါးကျည်တောက်

ဝီကီပီးဒီးယား မှ

ဝါးကျည်တောက်ဟုခေါ်သည့် ဝါးဖြင့် ပြုလုပ်ထားသော ထည့်တစ်စတစ်မျိုးသည် ရှေးနှစ်ပေါင်းများစွာကတည်းကရှိသော လူ့အသုံးအဆောင်တစ်မျိုးဖြစ်သည်။ ဝါးတစ်ပင်တွင် အဆစ်ပေါင်းများစွာရှိသည်။ ၎င်းအဆစ်တွင် ဝါးရင်းပိုင်း၏ အဆစ်အောက်မှ ဖြတ်၍အပေါ်တွင် အဝဖြစ်အောင်ပိုင်းဖြတ်ထားသော ဝါးပိုင်းတစ်ပိုင်းဖြစ်သည်။ ၎င်းကိုအမျိုးမျိုးအဖုံဖုံ အသုံးပြုကြသည်။ ရှေးလက်နက်ကိရိယာတစ်ခုဖြစ်သော လေးမြားအတွက် မြားထည့်စရာအဖြစ်အသုံးပြုသည်။ ရေ၊ ဆား၊ ဆန်၊ ဆီ ကြိုက်နှစ်သက်ရာ ထည့်သွင်းအသုံးပြုနိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]