ဝါရှာ

ဝီကီပီးဒီးယား မှ

ဝါရှာ ဆိုသည်မှာ အပေါက်ပါသော အပြားငယ်ဖြစ်ပြီး အရစ်ပါတွဲဆက်ကိရိယာတို့ရှိ ဝန်အားကို ဖြန့်ခွဲပေးရန် သုံးသည်။ အဝိုင်းပြားမှာ အသုံးတွင်ကျယ်ပြီး လိုအပ်ချက်ပေါ်မူတည်၍ လေးထောင့်လည်း ဖြစ်နိုင်သည်။ ဘိုးတိုင် (မူလ) နှင့် နပ် (မူလီ) အတွဲအတွက် အသုံးများသည်။ ကြားခံပြား၊ စပရိန် (ဘယ်လီဗေးဝါရှာ၊ လှိုင်းဝါရှာ)၊ အစားခံပြား၊ စဦးဝန်တိုင်းပစ္စည်း၊ အကြပ်ပစ္စည်း၊ အတုန်လျှော့ပစ္စည်း (ရော်ဘာဝါရှာ) စသဖြင့် အခြားအသုံးများလည်း ရှိသေးသည်။ အများအားဖြင့် အပြင်အချင်းကို အတွင်းအချင်း၏ ၂ ဆအချိုးဖြင့် ထားလေ့ရှိသည်။ သို့သော် စံမဟုတ်။ ကွဲပြားနိုင်သေးသည်။

သတ္တုနှင့် ပလတ်စတစ်ကို ဝါရှာလုပ်ရန် အသုံးများသည်။ အရည်အသွေးမြင့် ဘိုးဆက်တို့၌ လိမ်အားသွင်းပြီးနောက် စဦးဝန် လျော့မသွားရန် အမာတင်ပြီး သံဝါရှာ လိုသည်။ မူလီတို့၌ ဓာတ်ကြေးတက်ခြင်းမဖြစ်စေရန် ဝါရှာကို အလူမီနီယမ်စိမ်၍လည်း သုံးတတ်သေးသည်။

ဝေါဟာရပေါ်လာပုံကို အတိအကျမသိရသေး။ ပထမဆုံး ဝါရှာအသုံးကို ၁၃၄၆ ကဟု မှတ်တမ်းရှိသည်။ သို့သော် ဝေါဟာရကို မှတ်တမ်းတင်ထားသည်မှာ ၁၆၁၁ ခုကပင် တွေ့ရချေပြီ။

ဝါရှာခံခြင်းအားဖြင့် နပ် ပြန်လည်ဖြုတ်သောအခါတွင် လွယ်ကူစွာဖြုတ်နိုင်သည်။ အောက်ခံပစ္စည်းအားလည်း အထိအခိုက်နည်းပါးစေ၏။ ဝါရှာပြားများသည် နပ်တိုင်ပေါ်မူတည်ကာ အရွယ်အစားအမျိုးမျိုး ကွဲပြားသည်။ အသုံးပြုသည့် စက်ပစ္စည်းအစိတ်အပိုင်းကိုလည်း လိုက်၍ အမျိုးအစားကွဲပြားတတ်သည်။ ထို့ပြင် ဝါရှာများကို ဆီ၊လေ၊ရေ စသည့်တို့အား လုံခြုံစေရန်အတွက်လည်း အသံပြုတတ်ကြသည်။ (ဥပမာ-ကြေးဝါရှာသည် ဆီ၊ ရေ လုံသည်။)