လှဘေ၊ ဒေါက်တာ
ဒေါက်တာလှဘေ (၁၉၁၃-၂၀ဝ၆)
[ပြင်ဆင်ရန်] ပညာရေး
၁၉၁၃ - ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့တွင် မော်လမြိုင်ခရိုင်၊ ခရဲရွာ၌ အဖ ဦးမောင်ငွေ၊ အမိ ဒေါ်ခင်ခင်တို့က မွေးဖွားခဲ့သည်။ အမည်ရင်း ဦးလှဘေ ဖြစ်သည်။ ငယ်စဉ်က ခရဲရွာမူလတန်းကျောင်း၌ ပညာသင်ကြားခဲ့။
၁၉၃၁ - မော်လမြိုင် အစိုးရအထက်တန်းကျောင်းမှ (၁၀)တန်းကို ဂုဏ်ထူး(၅)ခုဖြင့် ထူးချွန်စွာအောင်မြင်သဖြင့် စကောလားရှစ်ဆုရခဲ့။
၁၉၃၆ - ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဂုဏ်ထူးတန်းကို မြန်မာစာ ပထမ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
၁၉၃၈ - မဟာဝိဇ္ဇာ(မြန်မာစာဘွဲ့)ကိုရရှိ။
၁၉၃၉ - လန်ဒန်တက္ကသိုလ်၊ ပညာရေးကောလိပ်မှ ဒီပလိုမာရရှိခဲ့။
၁၉၄၄ - လန်ဒန်တက္ကသိုလ်၏ အရှေ့ပိုင်းပညာလေ့လာရေး သိပ္ပံကျောင်းမှ မြန်မာစာပေဆိုင်ရာ ပါရဂူ(Ph.D)ဘွဲ့ကို ရရှိခဲ့။
[ပြင်ဆင်ရန်] စာပေသင်ကြားရေး
၁၉၄၂ - ၁၉၄၆ - လန်ဒန်မြို့ ဘီဘီစီ မြန်မာပိုင်းတွင် သတင်းဝေဖန်သူ၊ ဘာသာပြန်ဆရာ၊ အသံလွှင့်သူအဖြစ် တာဝန်ထမ်းရင်း မြန်မာ-အင်္ဂလိပ် အဘိဓာန်ကို ကူညီပြုစုခဲ့။
၁၉၄၈ - လန်ဒန်တက္ကသိုလ် အရှေ့ပိုင်းနှင့် အာဖရိကပညာရပ်များ လေ့လာရေးသိပ္ပံကျောင်းတွင်ကထိက။
၁၉၅၀ - မြန်မာ-အင်္ဂလိပ် အဘိဓာန်(အပိုင်း-၂)လန်ဒန်တွင်ထွက်ရှိ။
၁၉၅၂ - ကုမာရပြဇာတ်(အင်္ဂလိပ်ဘာသာဖြင့်) လန်ဒန်တွင် ထွက်ရှိ။
၁၉၅၅ - လန်ဒန်တက္ကသိုလ်တွင် လက်ထောက်ပါမောက္ခ။ မြန်မာ-အင်္ဂလိပ် အဘိဓာန်(အပိုင်း-၃)ထွက်ရှိ။
၁၉၆၂ - မြန်မာစကားပုံများ(အင်္ဂလိပ်ဘာသာဖြင့်)ထွက်ရှိ။
၁၉၆၃ - မြန်မာ-အင်္ဂလိပ် အဘိဓာန်(အပိုင်း-၄)လန်ဒန်တွင်ထွက်ရှိ။
၁၉၆၆ - လန်ဒန်တက္ကသိုလ်တွင် ပါမောက္ခတာဝန်ထမ်းဆောင်၊ ထိုစဉ်က ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားများကို မြန်မာစာပေသင်ကြားခဲ့ရုံသာမက လန်ဒန်တက္ကသိုလ်ဝင် ဂျီစီအီး(အို)အဆင့်မြင့် စာမေးပွဲများ၊ ပြည်သူ့ဝန်ထမ်း ကော်မရှင်စာမေးပွဲများတွင် ပါဝင်စစ်ဆေးခဲ့။ အင်္ဂလန်နိုင်ငံတွင်သာမက ဒိန်းမတ်၊ ဟော်လန်(နယ်သာလန်)၊ ဘယ်လ်ဂျီယန်၊ ဂျာမဏီ၊ ပြင်သစ်၊ အိန္ဒိယတိုင်းပြည်များ တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများက ဖိတ် ကြားသဖြင့် ဟောပြောဆွေးနွေးပွဲများ ပြုလုပ်ခဲ့။ အတွေးအမြင်စာစောင်တွင် စာပေနှင့်အတွေ့အကြုံဆောင်းပါး များ ရေးသားခဲ့။ မြန်မာစာပေဧည့်ခံစာတမ်း စာအုပ်ထွက်။
၁၉၆၉ - မြန်မာ-အင်္ဂလိပ် အဘိဓာန်(အပိုင်း-၅)ထွက်ရှိ။
၁၉၈၀ - မြန်မာ-အင်္ဂလိပ် အဘိဓာန်(အပိုင်း-၆) ထွက်ရှိ။ လန်ဒန်တက္ကသိုလ်မှ အငြိမ်းစားယူပြီး မော်လမြိုင်မြို့၊ အမှတ်(၅)အေ၊ ဆောင်ဝိုင်းလမ်း၊ ဈေးချိုရပ်၊ မော်လမြိုင်မြို့၌ နေထိုင်။
၁၉၈၅ - မြန်မာနိုင်ငံ(အင်္ဂလိပ်ဘာသာ)BURMAစာအုပ်-စင်္ကာပူနိုင်ငံတွင်ထုတ်ဝေခဲ့။
၁၉၉၃ - ပညာပါရမီစာအုပ် ဒေါင်းစာပေမှထွက်။
၂၀ဝ၁ - ဝီရိယကိုထူ ဉာဏ်နှင့်ချူ၊ ကံကဖေးမသူစာအုပ် ဒေါင်းစာပေမှ ထွက်ရှိ။
၂၀ဝ၂ - အတွေ့အကြုံ၊ အဆုံအမြင်နှင့် အတွေးအမြင်စာအုပ် ဒေါင်းစာပေမှထွက်။
၂၀ဝ၃ - တရုတ်နိုင်ငံသွား နေ့စဉ်မှတ်တမ်းစာအုပ် ဒေါင်းစာပေမှထွက်။
၂၀ဝ၆ - မော်လမြိုင်မြို့ အမှတ်(၅)အေ၊ ဆောင်ဝိုင်းလမ်း၊ ဈေးချိုရပ်နေအိမ်တွင် ကွယ်လွန်ခဲ့။
[ပြင်ဆင်ရန်] ရေးသားထုတ်ဝေခဲ့ပြီးသောစာအုပ်များ
၁။မြန်မာ-အင်္ဂလိပ် အဘိဓာန်(အပိုင်း-၂-မှ-၆-အထိ)
၂။ကုမာရပြဇာတ်(အင်္ဂလိပ်ဘာသာဖြင့်)
၃။မြန်မာစကားပုံများ(အင်္ဂလိပ်ဘာသာဖြင့်)
၄။မြန်မာစာပေ ဧည့်ခံစာတမ်း
၅။BURMA
၆။ပညာပါရမီ
၇။ဝီရိယကိုထူ ဉာဏ်နှင့်ချူ၊ ကံကဖေးမသူ
၈။အတွေ့အကြုံ၊ အဆုံအမြင်နှင့် အတွေးအမြင်စာစု
၉။တရုတ်နိုင်ငံသွား နေ့စဉ်မှတ်တမ်း
၁၀။မြန်မာတစ်ယောက် မွေးဖွားချိန်မှ သေဆုံးချိန်ထိ။