လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်

ဝီကီပီးဒီးယား မှ

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် (The Art OF Freedom Film Festival) သည် ဒါရိုက်တာ ကိုသူရ (ခ) ဇာဂနာက ဦးဆောင်စီစဉ်ထားပြီး အနုပညာရှင်တိုင်း လွတ်လပ်စွာ တွေးခေါ်ဖန်တီးတတ်စေရန် ရည်ရွယ်ထားသည့် ရုပ်ရှင်ပွဲတော်ဖြစ်သည်။ ပထမဦးဆုံးအကြိမ်အဖြစ် ယင်းပွဲတော်ကို ၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် တော်ဝင်စင်တာတွင် ကျင်းပပြီး ဆုရရှိသူများကို ဇန္နဝါရီလ ၄ ရက်နေ့တွင် ဆုချီးမြှင့်ခဲ့သည်။ [၁] ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။[၂]

ဆုရစာရင်း[ပြင်ဆင်ရန်]

  • အကောင်းဆုံး ဇာတ်လမ်းတို ဇာတ်ကားဆုကို ဒါရိုက်တာ မင်းသိုက်၏ ‘ကြိုး’ ဇာတ်ကား၊
  • အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ဒါရိုက်တာ စိုင်းကျော်ခိုင်၏ "Click In Fear" ဇာတ်ကား၊
  • ပရိသတ် အကြိုက်ဆုံး ဇာတ်ကားဆုကို ဒါရိုက်တာ ဝိုင်း၏ "အဲဒီအခန်းဖြတ်" ဇာတ်ကား၊
  • အကောင်းဆုံး မျက်နှာသစ် ဒါရိုက်တာဆုကို ဒါရိုက်တာ အောင်ဇော်မိုး (Still in Dark ဇာတ်ကား)၊
  • အကောင်းဆုံး Animation ဆုကို ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း (Unity & Freedom ဇာတ်ကား) တို့က ဆွတ်ခူး ရရှိသွားသည်။

ကိုးကား[ပြင်ဆင်ရန်]