လျှပ်စစ်လိပ်ကျောက်

ဝီကီပီးဒီးယား မှ
Marbled electric ray
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Chondrichthyes
မျိုးစဉ်: Torpediniformes
မျိုးရင်း: Torpedinidae
မျိုးစု: Torpedo
မျိုးစိတ်:
T. marmorata
ဒွိနာမ
Torpedo marmorata
A. Risso, 1810
Range of the marbled electric ray[၁]
Synonyms

Torpedo diversicolor Davy, 1834
Torpedo galvani Risso, 1810
Torpedo immaculata Rafinesque, 1810
Torpedo picta Lowe, 1843
Torpedo punctata Rafinesque, 1810
Torpedo trepidans Valenciennes, 1843
Torpedo vulgaris Fleming, 1828

လျှပ်စစ်လိပ်ကျောက်သည် မြေထဲပင်လယ်နှင့် မြောက်အမေရိကတိုက် ကမ်းခြေတဝိုက်တွင် တွေ့ရလေ့ရှိသော ငါးတမျိုးဖြစ်သည်။ ထိုငါး၏ ခန္ဓာကိုယ်မှာ ပြား၍ အမြီးဖက်သို့ ရှုးသွားသည်။ ပါးစပ်သည်ကိုယ်၏အောက်ဘက်တွင် ရှိ၏ ကိုယ်၏အပေါ်မှာ မည်း၍အောက်ပိုင်းမှာ ဖြူသည်။ ထိုငါးမျိုးသည် လေးပေအထိ ရှည်လေသည်။

ထိုငါးသည် ရေကူးနှေးသည့်အပြင် ပါးစပ်နှင့်သွားများမှာလည်း အစာဖြစ်သော အခြားငါးများကို ဖမ်းယူနိုင်စွမ်းမရှိကြချေ။ ထိုကြောင့် လျှပ်စစ်လိပ်ကျောက်သည် ပင်လယ်အောက်ခြေတွင် ငြိမ်သက်စွာ နေလေ့ရှိပြီးလျှင် မိမိ၏လျှပ်စစ်ဓာတ်အား သက်ရောက်နိုင်သောနေရာသို့ အစာဖြစ်မည့်ငါးတကောင် ရောက်ရှိလာသောအခါတွင်လျှပ်စစ်ဓာတ်ကို ထုတ်လွှတ်လေသည်။ ထိုအခါ ငါးသည် လျှက်စစ်ဓာတ်ကြောင့် မေ့သွားသဖြင့် လွယ်ကူစွာပင် လျှက်စစ်လိပ်ကျောက်၏အစာ ဖြစ်သွားရလေသည်။ ကြီးမားသန်စွမ်းသော လျှပ်စစ်လိပ်ကျောက် တကောင်သည် လူတယောက်ကို တခဏမျှမေ့သွားအောင် လျှပ်စစ်ဓာတ်ထုတ်လွှတ်နိုင်လေသည်။ ထိုသို့မေ့သွားရာမှ ရေနစ်၍ သေဆုံးသွားနိုင်လေသည်။ လျှပ်စစ်လိပ်ကျောက်တွင် လျှပ်စစ်ဓာတ် ဖြစ်ပေါ်စေနိုင်သည်မှာ ငါး၏ ဦးခေါင်းအနီးတွင် ပရစ်ဇင် (သုံးမြှောင့်တုံး)ပုံသာဏ္ဌန်ဖြစ်သော ထောင်လိုက်တည်ရှိသည့် ကြွက်မျှင်ခန်းများအစုလိုက်တည်ရှိနေခြင်းကြောင့် ဖြစ်သည်။ ငါး၏အပေါ်ပိုင်းသည်လျှပ်စစ်ဓာတ် ဖြစ်ပေါ်သည့် နေရာ၏ အဖိုစွန်းဖြစ်၍ အောက်ပိုင်းသည် အောက်ပိုင်းသည် အမစွန်းဖြစ်သည်။ လျှက်စစ်လိပ်ကျောက်သာ ကုန်းပေါ်တွင်ရှိလျှင် လျှပ်စစ်ဓာတ် ဖြစ်ပေါ်စေရန် နှစ်နေရာတွင် ထိပေးရလေသည်။ ရေထဲတွင်မူ တနေရာတွင်သာ ထိပေးရန်လိုသည်။ ထိုသို့ဖြစ်ရသည်မှာ ရေသည်အကောင်းမွန်ဆုံး လျှပ်စစ်ကူးပစ္စည်းတမျိုးဖြစ်ခြင်းကြောင့်ဖြစ်သည်။ လျှပ်စစ်လိပ်ကျောက်သည် ရေးမျိုးရင်းတွင်ပါဝင်၍ ယင်းကို ပါဏဗေဒ အလိုအရ တော်ပီဒို မာမိုရေတာဟုခေါ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Finucci, B., Chartrain, E., Derrick, D., Dossa, J., Pacoureau, N., VanderWright, W.J. & Williams, A.B. (2021). "Torpedo marmorata". The IUCN Red List of Threatened Species 2009. IUCN. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)