လဲ့လဲ့ဝင်း

ဝီကီပီးဒီးယား မှ
လဲ့လဲ့ဝင်း
ကိုယ်ရေးအချက်အလက်
နိုင်ငံသား မြန်မာ
မွေးဖွား (1977-02-09) ၉ ဖေဖော်ဝါရီ၊ ၁၉၇၇ (အသက် ၄၇)
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့
အရပ်၁.၆၀ m (၅ ft ၃ in)
ကိုယ်အလေးချိန်၅၀ ကီလိုဂရမ် (၁၁၀ ပေါင်)
အားကစား
အားကစားအပြေး
ပြိုင်ပွဲစဉ်(များ)တာတိုအပြေး
အောင်မြင်မှုများနှင့် တံဆိပ်များ
ကိုယ်ပိုင် စံချိန်(များ)မီတာ ၂၀၀: ၂၃.၇၉ စက္ကန့် (၂၀၀၅)

ဒေါ်လဲ့လဲ့ဝင်းသည် ၂၀၀၈ ခုနှစ်၊ တရုတ်နိုင်ငံ ပေကျင်း အိုလံပစ် အားကစားပွဲတော်တွင် မြန်မာနိုင်ငံလက်ရွေးစင်အဖြစ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အပြေးအားကစားသမား တစ်ဦး ဖြစ်သည်။ ဒေါ်လဲ့လဲ့ဝင်းကို မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၊ ဈေးရပ်မြောက်ပိုင်း၊ အဖ ဗိသုကာဆရာကြီးဦးပန်းကြိုင်၊ အမိ ဒေါ်မြကျင်တို့က ၁၉၇၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ နတ်မောက်မြို့၊ ကန်ကြီးရပ် အမှတ်(၁) အခြေခံပညာအထက်မူလတန်းကျောင်းတွင် သူငယ်တန်းမှ စတုတ္ထတန်းအထိ၊ ထိုမှတစ်ဆင့် အစိုးရအလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် ပညာဆည်းပူးခဲ့သည်။

သူမသည် ဘန်ကောက်တွင် ကျင်းပသော ၂၀၀၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အမျိုးသမီး မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ၅၅.၁၁ စက္ကန့်ဖြင့် ငွေတံဆိပ် ရရှိခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Clavelo Robinson၊ Javier။ "Winatho's 5889pts Heptathlon seals her third gold – SEA Games, Final Day"၊ IAAF၊ 12 December 2007။ 23 January 2013 တွင် ပြန်စစ်ပြီး