လေးဖြူ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
လေးဖြူ
Lay Phyu.jpg
အမည်ရင်း လေးဖြူ
မွေးသက္ကရာဇ် မေ ၁၉ ၁၉၆၅
ပညာအရည်အချင်း B.A(English)
နိုင်ငံ Flag of Myanmar.svg မြန်မာ
အလုပ်အကိုင် တေးသံရှင်
ထင်ရှားကျော်ကြားမှု လေးဖြူသည် လက်ရှိ နာမည်ကျော် ရော့ခ်အဆိုတော်

မြန်မာ ရော့ခ် အဆိုတော် တစ်ဦး ဖြစ်သည့် လေးဖြူ ကို ၁၉၆၅-ခုနှစ်၊ မေလ(၁၉)ရက်တွင် မွေးဖွားခဲ့သည်။အင်းလေးသား ဖြစ်သည်။ နာမည်ကျော် ရော့ခ် အဆိုတော် တစ်ဦးဖြစ်သည့် အငဲ ၏ အစ်ကို အရင်းဖြစ်သည်။မန္တလေး တက္ကသိုလ်မှ အင်္ဂလိပ်စာ အထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

သီချင်းခွေများ[ပြင်​ဆင်​ရန်​]

  • ပင်လယ်အော်သံ
  • ကန္တာရ လမင်း
  • ကန္တာရ ပင်လယ် လမင်းအော်သံ(လိုက်ပ်ရှိုး)
  • ဂီတ မဉ္စူရီ
  • 54 ပါဝါ ၅၄
  • ကမ္ဘာသစ်တေး
  • ကျိန်စာ
  • သားကောင်
  • ရာစုသစ် (မျိုးကြီး နှင့် အငဲ)
  • အိပ်မက်ကဗျာ
  • လိပ်ပြာ
  • IRON CROSS BAND UNPLUGGED
  • Iron Cross Band 15th Anniversity
  • Iron Cross Band 15th Anniversary Celebration
  • မံမီများ
  • LMN (မျိုးကြီး နှင့် အငဲ)
  • ခဏလေးများ
  • ဘင်္ဂလား ပင်လယ်အော်

ပရိသတ် တောင်းဆိုမှု[ပြင်​ဆင်​ရန်​]

လေးဖြူသည် လွန်ခဲ့သည့် (၃)နှစ်ခန့်က စပြီး စင်မြင့် ဖျော်ဖြေ ပွဲများတွင် ရပ်နားခဲ့သည်၊ သို့သော် IC အဖွဲ့နှင့် အတူ သီချင်းတွေ ရေးဆိုတီးကြပြီး အဖွဲ့နှင့် နေ့တိုင်း တွေ့ဖြစ်သည်။ စင်မြင့် ဖျော်ဖြေပွဲများတွင် ယခုထိ လေးဖြူဆိုပြီး အော်ကြသည်။ ပရိသတ်က သူတို့ တကယ် လိုချင်သည့် ဆန္ဒကို ဖော်ထုတ်နေသည်။ နာဂစ် ရန်ပုံငွေပွဲမှာ လေးဖြူကြောင့် ရန်ပုံငွေ အများကြီး ရခဲ့သည်။ ၂၀၀၉-ခုနှစ်မှ စ၍ ဆက်လက် သီဆိုသွားမည် ဖြစ်သည်။

ဘင်္ဂလား ပင်လယ်အော် သီချင်းခွေ အကြောင်း[ပြင်​ဆင်​ရန်​]

ဂီတအနုပညာရှင်များတွင် ထူးခြားစွာ လူကြီး လူငယ် လူလတ် မရွေးလေးစားနှစ်သက်အားကျအတုယူရသော အဆိုတော်လေးဖြူ၏ တစ်ကိုယ်တော်တေးစီးရီးသစ် "ဘင်္ဂလားပင်လယ်အော်" အောက်တိုဘာလတွင် ထွက်ရှိမည် ဖြစ်ကြောင်း သိရသည်။

ထူးခြားမှုတစ်ခုမှာ မြန်မာနိုင်ငံတွင် Mobile Stero ဖြင့် ပထမဆုံးတီးခတ်အသံသွင်းပြုလုပ်ထားသော တေးစီးရီးဖြစ်ပြီး ငွေဆောင်ကမ်းခြေ၏ အလှအပများနှင့် Bay Of Bangle Resort ၏ထူးခြားသော ဗိသုကာလက်ရာများကိုနောက်ခံထား၍ ရိုက်ကူးထားသော ဗီစီဒီလက်ရာကောင်းတစ်ခုဖြစ်သည်။ Mobile Stero မှာ ကမ်းခြေတစ်ခု (သို့) တစ်ခုခုသောနေရာ၏ အခန်းတစ်ခန်းထဲတွင် ကြိုတင်သီချင်းတိုက်ထားခြင်းမရှိပဲ ရင်ထဲကခံစားချက်အတိုင်း တီးခတ်သီဆိုပြီး အသံသွင်းခြင်းကို တစ်ပြိုင်နက်ပြုလုပ်ခြင်းဖြစ်သည်။ [၁]

မိသားစု[ပြင်​ဆင်​ရန်​]

ဇနီးဖြစ်သူမှာ ဒေါ်နွယ်နွယ်သန်း ဖြစ်သည်။ သမီးကြီး ၏ အမည်မှာ ဆောင်းလေးဖြူ ဖြစ်ပြီး သားငယ်၏ အမည်မှာ တိမ်လေးဖြူ ဖြစ်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ကိုလေးဖြူရဲ့ ၁၃ ခုမြောက် "ဘင်္ဂလားပင်လယ်အော်"