လေထီး

ဝီကီပီးဒီးယား မှ
လေထီးဖြင့် ခုန်ချနေပုံ

တိုးတက်လျက်ရှိသော ဤကမ္ဘာကြီးတွင် လူတို့၏တီထွင်တတ် သောဉာဏ်ကြောင့် ရှေးအခါက မတွေ့ဖူးသောပစ္စည်းများကို တွေ့ကြရသည်။ မြင်ကြရသည်။ အသုံးချကြရသည်၊ မြေပေါ်တွင်လည်းကောင်း၊ ရေထဲတွင် လည်းကောင်၊ လေထဲတွင်လည်းကောင်း လူများသည် စက်တပ်ဆင်ထား သော ယာဉ်များဖြင့်သွားလာကြသည်။ နောက်ဆုံးတွင် ကောင်းကင်ခရီး၌ အမျိုးအစားများပြားလှသော ယာဉ်အမျိုးမျိုးတို့ဖြင့်သွားလာနိုင်ကြပေပြီ။ ထို မျှသာမကသေး၊ လေယာဉ်များနှင့်အတူ နောက်ဆက်တွဲလေထီးများကိုလည်း တီထွင်လိုက်ကြသည်။ လေထီးကား လေယာဉ်နှင့်ထက်ချပ်မကွာ အမြဲတမ်း တွဲလျက်ရှိနေသည်။ ယခုခေတ်အခါ လေယာဉ်ပျံတွင်လေထီးမပါက ကောင်း ကင်ခရီးတွင် မည်သူမျှစိတ်ချလက်ချမသွားဝံ့ကြေချေ။[၁] ကျွန်ုပ်တို့သည် အနောက်နိုင်ငံအသီးသီးမှ သိပ္ပံပါရဂူများတီထွင် အသုံးပြုကြသော လေထီးများအကြောင်းကို စာတွေ့အားဖြင့် နှစ်ပေါင်း အတော်ကြာကပင်သိရှိခဲ့ကြသည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်၍ မြန်မာနိုင်ငံသည် စစ်တလင်းအဖြစ်သို့ ရောက်သွားသောအခါမှပင် လေထီး ကိုမြင်ဖူးတွေ့ဖူးကြသည်။ လေထီးသည် ယခုခေတ်အခါတွင် နိုင်ငံတိုင်း၌ လေယာဉ်ပျံနှင့်အတူရှိအပ်သော ခေတ်မီအရာဝတ္ထုဖြစ်၍ အလွန်အရေးပါ သော စစ်လက်နက်တစ်မျိုးလည်းဖြစ်ပေသည်။ သဏ္ဌာန်အားဖြင့် လေထီးသည် အလွန်ကြီးသောထီးနှင့် ခပ်ဆင် ဆင်တူသည်။ လေထဲတွင်ဖွင့်ချလိုက်သောအခါ လေ၏တွန်းကန်အားကြောင့် အောက်သို့တဖြည်းဖြည်းကျဆင်းလာသည်။ သို့ဖြစ်၍ လေယာဉ်ပျံ၌ပျက်ကျ သောအခါများတွင် လေယာဉ်ပျံတွင် စီးနင်းလိုက်ပါလာသူများသည် လေထီး ဖြင့်အောက်သို့ခုန်ချခြင်းအားဖြင့် အသက်ဆုံးရှုံးမည့်ဘေးမှ လွတ်မြောက်ကြ သည်။ လေထီးကို ပထမဆုံးကြံစည်မိသူမှာ လီယိုနာဒိုဒါဗင်ချိ (၁၄၅၂- ၁၅၁၉)ဖြစ်၏။ တီထွင်သည်ဟူသော ဂုဏ်ထူးကိုရရှိသူကား ဆီဗတ်စဘီယန် လီနော်မန်ဖြစ်သည်။ ပြင်သစ်လူမျိုး လေကြောင်းတိုင်းတာရေးသမား ဂျေ၊ ပီ၊ ဗလန်ချက်ဆိုသူမှာ လေထီးကို ပထမဆုံးအသုံးပြုသူဖြစ်၏။ လေ ကြောင်းတိုင်းတာရေးသမားဖြစ်သော ပြင်သစ်လူမျိုး အွန်ဒရေးဂျေဂါနာရင် ဆိုသူသည်လည်း လေထီးကို ပထမဆုံးအောင်မြင်စွာ အသုံးချသူဖြစ်လေ သည်။ ထို့နောက် သိပ္ပံပါရဂူများ၊ စက်ဝိဇ္ဇာများသည် လေထီးကို ကောင်း သည်ထက်ကောင်းအောင် ပြုပြင်ခဲ့ကြသည်။ ယခုအခါတွင်ကား ကမ္ဘာပေါ်ရှိ ခေတ်မှီနိုင်ငံတိုင်း၌ပင် လေထီးကိုအကျိုးရှိစွာ အသုံးပြုလျက်ရှိကြသည်။ လေထီးကို အလွန်ခိုင်ခံ့သောပိုးဖြင့်ပြုလုပ်ရသည်။ လေထီးပိုးမှာ အမျှင်ရှည်၍ အထူးပြုလုပ်စီမံထားသည်။ အလွန်ပေါ့ပါး၍ မြှော့ကြိုးကဲ့သို့ ရုန်းကန်သောသတ္တိရှိ၏။ ယင်းကို ခေါက်ရိုးမထင်စေရန် အကြမ်းအတိုင်း ထားသည်။ အလွန်ခိုင်ခံ့သော ပိုးကြိုး ၃၆ ပင်ကို လေထီးနှုတ်ခမ်းတွင် အကွအဝေးညီတူချထား၍ လေထီးဖြင့် ခုန်ဆင်းမည့်သူ၏ ကိုယ်နှင့်ဆက် ထားသည်။ ရိုးရိုးသုံးနေကျ လေထီး၏အချင်းမှာ ၂၄ပေ ရှိသည်။ ယင်းကို ၁၈ စတုရန်းလက်မရှိ အထုပ်ဖြစ်အောင် ခေါက်ထား၍ အလေးချိန်မှာ ၁၈ ပေါင်ရှိသည်။ လေထီးကို ကျောပေါ်၌ဖြစ်စေ၊ ပေါင်ပေါ်၌ဖြစ်စေ ထားနိုင် သည်။ ဖင်အောက်တွင်ခု၍ ထိုင်ခုံအဖြစ်လည်းထားနိုင်သည်။ လေထီးကို အထုပ်ဖြစ်အောင်ခေါက်ရာတွင် ကြိုးများရှုပ်ထွေးမသွားရအောင် အထူးသတိ ထားရ၏။ ခေါက်ပြီးသားလေထီးထိပ်တွင် အချင်းသုံးပေရှိသော ရှေ့ပြေး လေထီးကလေးလည်းရှိရ၏။ လေထီးအထုပ်ကို အပ်ကြှီးနှစ်ချောင်းဖြင့် တွယ်ထားသည်။ အပ်ချောင်းများတွင် အလွန်ခိုင်ခံ့ပျော့ပျောင်းသော သံမဏိ ကြိုးချည်ထား၍ ခုန်မည့်သူ၏ဘေးတွင်ရှိသော ကွင်းနှင့်ဆက်ထားသည်။ လေထီးသူရဲသည် ကိုယ်လွတ်ခုန်ချသောအခါ တစ်၊ နှစ်၊ သုံးရေတွက်၍ ကွင်းကိုဆွဲလိုက်ရ၏။ ထိုအခါ အပ်ချောင်းများပြုတ်သွား၍ ရှေ့ပြေးလေထီး ကလေးပွင့်သွားပြီးလျှင် ထိုထီးကလေး၏ ဆွဲဆောင်မှုအားဖြင့် နှစ်စက္ကန့်အ တွင်း လေထီးကြီးပွင့်သွားလေသည်။ ထိုအခါ လေထီးသူရဲသည် တဖြည်း ဖြည်းအောက်သို့ကျသွားလေသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် စစ်အောင်နိုင်ရေးအတွက် အစွမ်း ကုန်ကြိုးပမ်းကြရာတွင် လေထီးကိုလည်း ရှေးကထက် ထူးကဲကောင်းမွန် အောင်တီထွင်ကြသည်။ စစ်ဆင်ရေးတွင်လည်း လေထီးတပ်သားများမှာ များစွာခရီးရောက်လေသည်။ လက်နက်များ၊ ရိက္ခာများနှင့် အခြားစစ်အသုံး အဆောင်များကို လမ်းပန်းအဆက်အသွယ်ပြတ်နေသော နေရာများသို့ လေ ထီးများဖြင့် ချပေးနိုင်လေသည်။ ရန်သူစစ်ကြေင်းများကို ထိုးဖောက်ရေး၊ ကျွန်းများပေါ်သို့တက်ရောက်ရေးတွင်လည်း လေထီးတပ်သားများကို အသုံး ပြု၍ အောင်မြင်ခဲ့ကြသည်။ သို့ဖြစ်ရကား လေထီးသည် ငြိမ်းချမ်းသောကာလအတောအတွင်၌ လည်းကောင်း၊ စစ်အတောအတွင်း၌လည်းကောင်း အလွန်အသုံးဝင်သော အရာဝတ္ထုဖြစ်ကြောင်းကို မည်သူမျှ မငြင်းဆိုနိုင်ချေ။[၂]

ထီးကဲ့သို့ပုံစံရှိသော မှိုပွင့်လေထီးရဲ့ အမိုးပိုင်း ကိုပိုးသား (သို့) နိုင်လွန်ဖြင့်ပြုလုပ်ထားပြီး လေကို ထိုထဲတွင် ဖမ်းချုပ်ထားကာ တဖြည်းဖြည်း အောက်သို့သက်ဆင်းစေသည်။ ၎င်းလေထီးရဲ့ အမိုးရဲ့ အလည်တည့်တည့်မှာရှိတဲ့ အပေါက်ငယ်တစ်ခုမှ လေကိုထွက်စေပြီး လေထီးကို တစ်ဖက်မှအခြားတစ်ဖက်သို့ မယိမ်းယိုင်အောင် ကာကွယ်ထိန်းချုပ်ထားသည်။ ခေတ်သစ်လေထီးအသွင်းအပြင်များမှာ ယခင် အဝိုင်းပုံစံမှလေးဒေါင့်ပုံစံသို့ ပြောင်းလဲလာခဲ့သည်။ အဝေးထိန်းစနစ် (Remote) ဖြင့်လည်း လေထီးကိုထိန်းချုပ်ကာ ပစ္စည်းများချပေးလေ့ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Wragg၊ David W. (1973)။ A Dictionary of Aviation (first ed.)။ Osprey။ p. 209ISBN 9780850451634
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)