လူဦးရေ ထိန်းချုပ်ရေး

ဝီကီပီးဒီးယား မှ

မိမိနိုင်ငံရှိ လူဦးရေကြောင့် စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး အခက်အခဲများ ပေါ်ပေါက်လာလေ့ရှိသည်။ ယင်းကို ‘လူဦးရေ ပေါက်ကွဲမှု’ (population explosion) ဟု ခေါ်သည်။ ယင်းအခက်အခဲများကို ကာကွယ်နိုင်ရန်အတွက် အချို့နိုင်ငံအစိုးရများက လူဦးရေ ထိမ်းချုပ်ရေး မူဝါဒများ၊ ဥပဒေများ ထားရှိကြလေ့ ရှိသည်။

လူဦးရေ သန်း ၁၀၀၀ ကျော်ဖြင့် ကမ္ဘာတွင် လူဦးရေ အများဆုံး ရှိသည့် တရုတ်နိုင်ငံတွင် တစ်အိမ်ထောင်တွင် သားသမီး တစ်ဦးသာ ရှိရမည်ဟု ဥပဒေ ဖြင့် သတ်မှတ်ထားခဲ့သည်မှာ အနှစ် ၃၀ ပင် ရှိခဲ့ပြီ ဖြစ်သည်။ ယင်းဥပဒေက ကလေးပေါင်း သန်း ၄၀၀ မွေးဖွားလာမှုကို ဟန့်တား နိုင်ခဲ့သည်ဟု ဆိုသည်။ သား ယောက်ျားလေး လိုချင်သော မိဘများက မိန်းခလေး ရရှိသည့်အခါ ကိုယ်ဝန် ဖျက်ချခြင်း၊ စွန့်ပစ်ခြင်း စသည့် ပြဿနာများ လည်း ရှိသည်။ တရုတ်နိုင်ငံတွင် ကျား/မ မွေးဖွားမှုနှုန်းမှာ ၁၁၉:၁၀၀ ရှိသည်။