လူမှုကွန်ရက် (ရုပ်ရှင်)
| လူမှုကွန်ရက် The Social Network |
|
ရုပ်ရှင်ပိုစတာ |
|
| ဒါရိုက်တာ | David Fincher |
|---|---|
| ထုတ်လုပ်သူ | David Fincher Scott Rudin Dana Brunetti Michael De Luca Ceán Chaffin Kevin Spacey |
| သရုပ်ဆောင် | Jesse Eisenberg Andrew Garfield Justin Timberlake Brenda Song Armie Hammer Max Minghella Rashida Jones Rooney Mara |
| ဂီတမှူး | Trent Reznor Atticus Ross |
| ဓာတ်ပုံ | Jeff Cronenweth |
| တည်းဖြတ် | Kirk Baxter Angus Wall |
| စတူဒီယို | Relativity Media Trigger Street Productions |
| ထုတ်ဝေသူ | ကိုလံဘီယာ ရုပ်ရှင်ကုမ္ပဏီ |
| ဖြန့်ချိသည့်နေ့ | ၂၀၁၀ အောက်တိုဘာ ၁ |
| ကြာမြင့်ချိန် | ၁၂၀ မိနစ်[၁] |
| နိုင်ငံ | အမေရိကန် ပြည်ထောင်စု |
| ဘာသာစကား | အင်္ဂလိပ် |
| ကုန်ကျငွေ | $40 million[၂] |
| ရောင်းရငွေ | $213,891,471[၂] |
လူမှုကွန်ရက် (The Social Network) အမည်ရှိ ရုပ်ရှင်ဇာတ်ကားသည် လူမှုကွန်ရက် ဝက်ဘ်ဆိုက် ဖေ့စ်ဘွတ်ခ်အား တည်ထောင်ခဲ့ပုံနှင့် တရားရေး အရှုပ်အရှင်းအကြောင်း ရိုက်ကူးထားသည့် ဒရာမာ (drama) အမျိုးအစား ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် ရုံတင်ပြသခဲ့သည်။ ယင်းဇာတ်ကား၏ ဒါရိုက်တာမှာ ဒေးဗစ် ဖင်းချာ (David Fincher) ဖြစ်ပြီး ဂျက်စီ အိုင်စင်ဘဂ် (Jesse Eisenberg)၊ အင်ဒရူး ဂါဖီးလ်ဒ် (Andrew Garfield)၊ ဂျပ်စတင် တင်ဘာလိတ်ခ် (Justin Timberlake)၊ ဘရန်ဒါ စုန့် (Brenda Song)၊ အာမီ ဟမ်မာ (Armie Hammer)၊ မက်ခ်စ် မင်ဂယ်လာ (Max Minghella)၊ ရာရှီဒါ ဂျုံးစ် (Rashida Jones)၊ ဂျိုးဇက် မာဇယ်လို (Joseph Mazzello) နှင့် ရူနီ မာရာ (Rooney Mara) တို့ ပါဝင် သရုပ်ဆောင်ထားသည်။
အာရွန် ဆော်ကင်း (Aaron Sorkin) သည် ၎င်း၏ဇာတ်ညွှန်းအား ဘင် မက်ဇ်ရစ်ချ် (Ben Mezrich) ၏ ‘မထင်မှတ်စရာ ဘီလျံနာသူဌေးများ’ (The Accidental Billionaires) အမည်ရှိ ဝတ္ထုကို အခြေခံကာ ရေးသားထားသည်။ ဖေ့စ်ဘွတ်ခ်အား တည်ထောင်သူ မာ့ခ် ဇက်ကာဘာ့ဂ် (Mark Zuckerberg) သာမက အခြား လုပ်ဖော်ကိုင်ဖက်များသည် ရုပ်ရှင်ရိုက်ကူးရန် အစီအစဉ်တွင် ပါဝင်ခဲ့ခြင်းမရှိပေ။ သို့သော်လည်း အက်ဒွာဒို ဆေ့ဗရင်း (Eduardo Saverin) ကမူ မက်ဇ်ရစ်ချ်၏ ဝတ္ထုအတွက် အတိုင်ပင်ခံ လုပ်ခဲ့သည်။[၃] ယင်းဇာတ်ကားကို ကိုလံဘီယာ ရုပ်ရှင်ကုမ္ပဏီက ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့၌ အမေရိကန် ပြည်ထောင်စုတွင် စတင်ဖြန့်ချိခဲ့သည်။
ယင်းဇာတ်ကားသည် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကျင်းပသည့် ၆၈ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲ အခမ်းအနားတွင် ဒရာမာအမျိုးအစား အကောင်းဆုံး ဇာတ်ကားဆု (Best Motion Picture – Drama) အပါအဝင် အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနှင့် အကောင်းဆုံး ဇာတ်ဝင်တေးသွားဆု (Best Original Score) ကို ရရှိခဲ့ရာ ဆုအများဆုံး ရရှိသည့် ဇာတ်ကားဖြစ်သည်။ [၄] [၅]
ကိုးကား [ပြင်ဆင်ရန်]
- ↑ The Social Network. BBFC (September 21, 2010). Retrieved on September 23, 2010။
- ↑ ၂.၀ ၂.၁ The Social Network (2010). Box Office Mojo. Retrieved on January 25, 2011။
- ↑ Harris, Mark, "Inventing Facebook", New York, September 17, 2010.
- ↑ HFPA – Nominations and Winners. Retrieved on 2011-01-16။
- ↑ Germain, David. `Social Network' has lead at Globes with 3 prizes. Retrieved on 2011-01-16။