လူမှုကွန်ရက် (ရုပ်ရှင်)

ဝီကီပီးဒီးယား မှ
လူမှုကွန်ရက်
The Social Network
ရုပ်ရှင်ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာDavid Fincher
ထုတ်လုပ်သူDavid Fincher
Scott Rudin
Dana Brunetti
Michael De Luca
Ceán Chaffin
Kevin Spacey
စာရေးသူAaron Sorkin[*]
ဇာတ်ညွှန်းAaron Sorkin
အခြေခံထားသည်မှာThe Accidental Billionaires Ben Mezrich
သရုပ်ဆောင်Jesse Eisenberg
Andrew Garfield
Justin Timberlake
Brenda Song
Armie Hammer
Max Minghella
Rashida Jones
Rooney Mara
ဂီတမှူးTrent Reznor
Atticus Ross
ဓာတ်ပုံJeff Cronenweth
တည်းဖြတ်Kirk Baxter
Angus Wall
ထုတ်လုပ်ရေး
ကုမ္ပဏီ
Relativity Media
Trigger Street Productions
ကြာမြင့်ချိန်
၁၂၀ မိနစ်[၁]
နိုင်ငံအမေရိကန် ပြည်ထောင်စု
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
၂၀၁၀ အောက်တိုဘာ ၁
ထုတ်ဝေသူကိုလံဘီယာ ရုပ်ရှင်ကုမ္ပဏီ
ကုန်ကျငွေ$40 million[၂]
ရောင်းရငွေ$213,891,471[၂]

လူမှုကွန်ရက် (The Social Network) အမည်ရှိ ရုပ်ရှင်ဇာတ်ကားသည် လူမှုကွန်ရက် ဝက်ဘ်ဆိုက် ဖေ့စ်ဘွတ်ခ်အား တည်ထောင်ခဲ့ပုံနှင့် တရားရေး အရှုပ်အရှင်းအကြောင်း ရိုက်ကူးထားသည့် ဒရာမာ (drama) အမျိုးအစား ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် ရုံတင်ပြသခဲ့သည်။ ယင်းဇာတ်ကား၏ ဒါရိုက်တာမှာ ဒေးဗစ် ဖင်းချာ (David Fincher) ဖြစ်ပြီး ဂျက်စီ အိုင်စင်ဘဂ် (Jesse Eisenberg)၊ အင်ဒရူး ဂါဖီးလ်ဒ် (Andrew Garfield)၊ ဂျပ်စတင် တင်ဘာလိတ်ခ် (Justin Timberlake)၊ ဘရန်ဒါ စုန့် (Brenda Song)၊ အာမီ ဟမ်မာ (Armie Hammer)၊ မက်ခ်စ် မင်ဂယ်လာ (Max Minghella)၊ ရာရှီဒါ ဂျုံးစ် (Rashida Jones)၊ ဂျိုးဇက် မာဇယ်လို (Joseph Mazzello) နှင့် ရူနီ မာရာ (Rooney Mara) တို့ ပါဝင် သရုပ်ဆောင်ထားသည်။

အာရွန် ဆော်ကင်း (Aaron Sorkin) သည် ၎င်း၏ဇာတ်ညွှန်းအား ဘင် မက်ဇ်ရစ်ချ် (Ben Mezrich) ၏ ‘မထင်မှတ်စရာ ဘီလျံနာသူဌေးများ’ (The Accidental Billionaires) အမည်ရှိ ဝတ္ထုကို အခြေခံကာ ရေးသားထားသည်။ ဖေ့စ်ဘွတ်ခ်အား တည်ထောင်သူ မာ့ခ် ဇက်ကာဘာ့ဂ် (Mark Zuckerberg) သာမက အခြား လုပ်ဖော်ကိုင်ဖက်များသည် ရုပ်ရှင်ရိုက်ကူးရန် အစီအစဉ်တွင် ပါဝင်ခဲ့ခြင်းမရှိပေ။ သို့သော်လည်း အက်ဒွာဒို ဆေ့ဗရင်း (Eduardo Saverin) ကမူ မက်ဇ်ရစ်ချ်၏ ဝတ္ထုအတွက် အတိုင်ပင်ခံ လုပ်ခဲ့သည်။[၃] ယင်းဇာတ်ကားကို ကိုလံဘီယာ ရုပ်ရှင်ကုမ္ပဏီက ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့၌ အမေရိကန် ပြည်ထောင်စုတွင် စတင်ဖြန့်ချိခဲ့သည်။

ယင်းဇာတ်ကားသည် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကျင်းပသည့် ၆၈ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲ အခမ်းအနားတွင် ဒရာမာအမျိုးအစား အကောင်းဆုံး ဇာတ်ကားဆု (Best Motion Picture – Drama) အပါအဝင် အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနှင့် အကောင်းဆုံး ဇာတ်ဝင်တေးသွားဆု (Best Original Score) ကို ရရှိခဲ့ရာ ဆုအများဆုံး ရရှိသည့် ဇာတ်ကားဖြစ်သည်။ [၄] [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. The Social Network။ BBFC (September 21, 2010)။ September 23, 2010 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ The Social Network (2010)Box Office Mojo။ January 25, 2011 တွင် ပြန်စစ်ပြီး။
  3. Harris, Mark, "Inventing Facebook", New York, September 17, 2010.
  4. HFPA – Nominations and Winners။ 8 April 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-01-16 တွင် ပြန်စစ်ပြီး။
  5. Germain, David။ `Social Network' has lead at Globes with 3 prizes။ 2011-01-16 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]