လူဆိုး

ဝီကီပီးဒီးယား မှ

လူဆိုး(ခ)လူမိုက်[ပြင်ဆင်ရန်]

ဆိုးသွမ်းသောအကျင့်စရိုက်ရှိပြီးစရိုက်အတိုင်း အထိန်းအကွပ်အဆင်ခြင်မဲ့စွာ ကျင့်သုံးသူ။ ပါဠိလို ဗာလ (ဝါ) ဗာလနံ သူမိုက် ပညာရည်ချင်းသိမ်ဖျဉ်းသူများဖြစ်ပြီး အမှားအမှန်ခွဲခြားမသိသူများကို ဆိုသည်။ သူမိုက်များမှာ လူဆိုးဖြစ်လွယ်ဖြစ်တတ်ကြသည်။ လူဆိုးဆိုသည်မှာ မိမိ၏အကျိုးစီးပွား နှင့် ယှဉ်လာပါက မိမိအပေါ်တွင်ကျေးဇူးရှိခဲ့ဘူးသူကိုစာနာထောက်ထားမှု မရှိသူဖြစ်သည်။

လူဆိုး (ဘန်းစကား)[ပြင်ဆင်ရန်]

ချစ်သူရည်းစားစသည်ချစ်ခင်သူအပေါ်ချစ်စနိုးဖြင့် ကျီစယ်ကလူ နောက်ပြောင် ပြောဆိုသော အချင်းချင်းတိုက်ရိုက်သုံးသောစကား။

လူဆိုး[ပြင်ဆင်ရန်]

ဆိုးသွမ်း မိုက်မဲသူ။

လူမိုက် နှစ်မျိုး[ပြင်ဆင်ရန်]

The fool who knows that he is a fool can for that reason be a wise man; but the fool who thinks that he is wise is, indeed, called a fool.

Verse 63

လူမိုက်ဖြစ်စေကာမူ မိမိမိုက်ကြောင်း သိသူသည် ယင်းသို့အဖြစ်မှန်ကို သိခြင်းကြောင့် ပညာရှိနှင့်တူသူ ဖြစ်နိုင်၏။ လူမိုက်ဖြစ်လျက် မိမိကိုယ်မိမိ ပညာရှိ ထင်နေသူကိုမူ မိမိမိုက်ကြောင်း နားမလည်သောကြောင့် တကယ့် ပညာမဲ့ လူမိုက်ဟု ဆိုသင့်၏။

ဓမ္မပဒ (၆၃) ဂဏ္ဌိဘေဒက စောရ ဝတ္ထု