လီရှန်လုံး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စင်ကာပူ ဝန်ကြီးချုပ် လီရှန်လုံး

လီရှန်လုံးသည် စင်ကာပူနိုင်ငံ ၏ တတိယမြောက် နှင့် လက်ရှိ ဝန်ကြီးချုပ် ဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ချ် တက္ကသိုလ်မှ သင်္ချာဘာသာ အထူးပြုဖြင့် ပထမတန်း ဂုဏ်ထူးဆောင်ဘွဲ့ နှင့် ကွန်ပျူတာ သိပ္ပံ ဒီပလိုမာ ကို ရရှိခဲ့ပြီး ၁၉၈၀ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဟားဗတ် တက္ကသိုလ် ကနေဒီ အစိုးရဆိုင်ရာ ကျောင်းမှ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး မဟာဘွဲ့ ကို ရရှိခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် စင်ကာပူ စစ်တပ်သို့ ဝင်ရောက်ခဲ့ပြီး ဗိုလ်မှူးချုပ် အဆင့်သို့ လျှင်မြန်စွာ ရာထူးတိုးတက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ပီအေပီ ပါတီမှ တဆင့် ဝင်ရောက် အရွေးခံခဲ့ပြီး ၁၉၉၀ ခုနှစ် ဂိုချုပ်တောင်၏ အစိုးရ အဖွဲ့တွင် စင်ကာပူနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် စင်ကာပူ နိုင်ငံ၏ ဝန်ကြီးချုပ် အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။

သူသည် စင်ကာပူနိုင်ငံ၏ ပထမဦးဆုံး ဝန်ကြီးချုပ် လီကွမ်းယု၏ သား အကြီးဆုံးဖြစ်ပြီး သူ၏ ဇနီး မဒမ်ဟိုချင်းမှာ စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အဓိက အဖွဲ့ဖြစ်သော တီမားဆက် ဦးပိုင် အဖွဲ့၏ အမှုဆောင် အရာရှိချုပ် ဖြစ်သည်။