လီယိုနာဒိုဒါဗင်ချီ

From Wikipedia

လီယိုနာဒိုဒါဗင်ချီ
လီယိုနာဒို ဒါဗင်ချီ၏ နာမည်ကြီး လက်ရာတစ်ခုဖြစ်သည့် "မိုနာလီဇာ"ပန်းချီကား

လီယိုနာဒိုဒါဗင်ချီ “ Leonardo da Vinci ”(၁၄၅၂-၁၅၁၉)သည် ကမ္ဘာ့ဘက်စုံ ပညာရှင်များစွာ အနက် တစ်ဦးဖြစ်သည်။ ပန်းချီဆရာ၊ ပန်းပုဆရာ၊ ဗိသုကာ၊ ခန္ဓာဗေဒပညာရှင်၊ သိပ္ပံပညာရှင်၊ တီထွင်သူ၊ အင်ဂျင်နီယာနှင့် ဂီတပညာရှင်ဖြစ်သည်။ ဤအီတာလျံ လူမျိုး ပုဂ္ဂိုလ်ထူးသည် ဉာဏ်သစ်လောင်း တော်လှန်ရေးကာလ ရှေ့ဆောင်တစ်ဦးဖြစ်သည်။ စီမံကိန်းများစွာ ရေးဆွဲခဲ့၏။ အနည်းငယ်သာ ပြီးစီးသည့် လီယိုနာဒို၏ လက်ရာအမြောက် ဆုံး “နောက်ဆုံးညစာ” (The Last Supper) နံရံပန်းချီကားကြီးသည် အီတလီနိုင်ငံ၊ မီလန် မြို့ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ရှိသည်။ လူ့ခန္ဓာဗေဒပညာရှင်နှင့် ပတ်သက်၍ အသိကြွယ်မှုကြောင့်လည်း ထင်ရှားခဲ့သူဖြစ်သည်။

အ​ခြား​ဘာ​သာ​ဖြင့်​