လိဒ်ဂစ်တာ

ဝီကီပီးဒီးယား မှ

လိဒ်ဂစ်တာကို တစ်နည်းအားဖြင့် ဆောလစ်ဂစ်တာ(Solid Guitar) ဟုလည်း ခေါ်ဆိုနိုင်သည်။ လိဒ်ဂစ်တာကို လျှပ်စစ်ဂစ်တာ (Electric Guitar) ဟုလည်း လူသိများသည်။ ဂစ်တာအသံချဲစက်နှင့်သာ တီးခတ်ရန် ပုံစံထုတ်လုပ်ထားသည့်အတွက် အသံအရည်အသွေးသည် ပစ်ကပ်ပေါ်တွင်သာ မူတည်သည်။ ကြိမ်နှုန်းတုံ့ပြန်မှုမှာ လက်ပေါက်ပြား၊ ကိုယ်တည်နှင့် ပစ်ကပ်အထားအသိုပေါ် မူတည်သည်။ လိဒ်ဂစ်တာများသည် ဆီမီ-အခူးစတစ်ဂစ်တာများအား တီးခတ်ရာတွင် လွယ်ကူပြီးသက်သောင့်သက်သာ ရှိစေရန် ထုတ်လုပ်ထားသည့်အပြင် ကြိုးအထူအပါးမှာလည်း စိတ်ကြိုက်ရွေးချယ်တပ်ဆင်နိုင်ခြင်းကြောင့် ခေတ်ပေါ်ဂစ်တာသမားတွေအားလုံးက နှစ်သက်စွာအသုံးပြုကြသည်။

[၁]

နာမည်ကြီးလိဒ်ဂစ်တာတံဆိပ်များ[ပြင်ဆင်ရန်]

  1. ဂစ်ဘဆင်
  2. ဖဲန်ဒါ
  3. အိုင်ဘားနက်ဇ်
  4. ယာမဟာ
  5. လိတ်ဝု တို့သည် ပြည်တွင်းသာမက ကမ္ဘာအနှံ့တွင်လည်း နာမည်ကြီးကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဂစ်တာ ကိုပေါက် (Ko Pauk)