လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ

ဝီကီပီးဒီးယား မှ
လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ
အင်္ဂလိပ် အမည်Lahu National Development Party
နာယကဦးကျဟားရှဲ[၁]
အထွေထွေ အတွင်းရေးမှူးဦးသက်ဝင်း
ဒုဥက္ကဋ္ဌဦးယောသပ်
တည်ထောင်ခြင်း၁၉၉၀ (၁၉၉၀)
၂၉ ဧပြီ ၂၀၁၀ (၂၀၁၀-၀၄-၂၉)[၁] (ပြန်လည် မှတ်ပုံတင်)
ဌာနချုပ်ရပ်ကွက်(၁)၊ လားရှိုးမြို့ရှမ်းပြည်နယ်
အဖွဲ့ဝင်၈,၂၆၃[၂]
နိုင်ငံရေး သဘောတရားလားဟူလူမျိုး အခွင့်အရေး
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ရှမ်းပြည်နယ် လွှတ်တော် အမတ်နေရာ
၁ / ၁၄၇
တိုင်းရင်းသားရေးရာဝန်ကြီး
၁ / ၂၉
ရွေးကောက်ပွဲသင်္ကေတ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (အင်္ဂလိပ်: Lahu National Development Party; အတိုကောက် LNDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[၃] ပါတီ၏မှုဝါဒမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်တံ့ခိုင်မြဲရေး၊ လားဟူးတိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း စဉ်လာ၊ အနုပညာ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေး ရရှိစေရန် ၊ တမျိုးသားလုံး၏ လူနေမှုအဆင့်အတန်းမြင့်မားရေး တို့ဖြစ်သည်။

ပါတီသည် ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ်တစ်နေရာ အနိုင်ရရှိခဲ့သည်။

၂၀၁၀ ခုနှစ် ဧပြီ ၂၉ ရက်နေ့တွင် ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။[၁] လက်ရှိတွင် ပါတီဝင် အရေအတွက် ၈၂၆၃ ဦး ရှိပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် လားဟူ တိုင်းရင်းသား အများဆုံးနေထိုင်သော ဒေသအတွင်း မြို့နယ် ၁၁ မြို့နယ်ရှိ အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတ်တော် ၉ နေရာ၊ ပြည်နယ်လွှတ်တော် ၁၈ နေရာနှင့် လားဟူ တိုင်းရင်းသား လူမျိုး လွှတ်တော် ၁ နေရာ အားလုံးပေါင်း ၂၉ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ La Hu National Development Partyပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ ၁၉ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ။ Vote4Myanmar။ 22 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  3. Myanmar Now: Resources - Lahu National Development Party။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 November 2015 တွင် ပြန်စစ်ပြီး။