လာအိုဘုရင့်နိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ພຣະຣາຊອານາຈັກລາວ
Phra Ratxa A-na-chak Lao
Royaume du Laos

Kingdom of Laos
1949 – 1975
နိုင်ငံတော်အလံ တံဆိပ်
နိုင်ငံတော်အလံ အမှတ်တံဆိပ်
နိုင်ငံတော်သီချင်း: Pheng Xat Lao
Laos တည်နေရာ
မြို့တော် Vientiane and Luang Phabang (King Palace)
Template:Coor dms
အစိုးရစနစ် Constitutional monarchy
သမ္မတ
 - 1949-1959 Sisavang Vong
 - 1959-1975 Savang Vatthana
Prime minister
 - 1962-1975 Souvanna Phouma (several times)
သမိုင်း
 - Autonomy 1949
 - Independence November 9, 1953
 - Communist takeover August 23, 1975
ဧရိယာ ၂၃၆၈၀၀ km² 
လူဦးရေ
 -  est. ၃၁၀၀၀၀၀ ဦး
     လူဦးရေ ထူထပ်မှု ၁၃.၁ ဦး/km² 
ငွေကြေး Kip
Viangchan1.JPG
This article is part of a series
Early history of Laos
လန်ဆန်း (၁၃၅၃-၁၇၀၇)
Dark ages of Laos (၁၇၀၇-၁၈၉၃)
လွမ်ပရာဘွမ်ဗီယင်ကျန်းချမ်ပါဆက်Muang Phuan
French Laos (၁၈၉၃-၁၉၅၃)
Lao Issara (၁၉၄၅-၄၉)
လွတ်လပ်ပြီး လာအိုနိုင်ငံ (၁၉၅၄-၇၅)
Pathet Lao
North Vietnamese Invasion
Laotian Civil War (၁၉၅၃-၇၅)
Communist Laos (1975–present)
Insurgency in Laos (since 1975)

Laos Portal
The Royal Palace in Luang Prabang

လာအိုဘုရင့်နိုင်ငံ (Kingdom of Laos) ၁၉၅၃မှ ၁၉၇၅အတွင်း တည်ရှိခဲ့သော တိုင်းပြည် ဖြစ်သည်။ ၁၉၇၅တွင် ကွန်မြူနစ် ပက်သက်လာအို (Pathet Lao) များက အာဏာသိမ်းယူခဲ့ပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ (Lao People's Democratic Republic) ကို တည်ထောင်ခဲ့သည်။ [၁] ၁၉၄၉တွင် ပြင်သစ်အင်ဒိုချိုင်းနား ၏ အစိပ်အပိုင်း တစ်ခုအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိခဲ့ပြီးနောက် ပြင်သစ်-လာအိုစာချုပ်အရ ၁၉၅၃တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ သို့ရာတွင် အာဏာကို မည်သူ့အား အပ်နှင်းမည်ကို မဖော်ပြထားပေ။ ထို့ကြောင့် မင်းသား ဆူဗန္နဖိုမ (Souvanna Phouma) ဦးဆောင်သော ကြားနေအဖွဲ့၊ ချမ်ပါဆက် မင်းသား ဘွန်အွန် (Boun Oum) ဦးဆောင်သာ လက်ယာယိမ်းအဖွဲ့ နှင့် ဗီယက်နမ်နောက်ခံပြီး မင်းသား ဆူဖန္နိုဗောင် (Souphanouvong) နှင့် နောင်တွင် ဝန်ကြီးချုပ် ဖြစ်လာသော ကေဆုန်ဖုန်ဗီဟိန်း (Kaysone Phomvihane) တို့ ဦးဆောင်သော လာအိုမျိုးချစ်တပ်ဦး (Lao Patriotic Front) (ခေါ်) ပက်သက်လာအို (Pathet Lao) တို့အကြား ပြင်းထန်သော ပြိုင်ဆိုင်မှုများ ပေါ်ပေါက်ခဲ့သည်။

အစိုးရအဖွဲ့[ပြင်​ဆင်​ရန်​]

၁၉၅၃ ပြင်သစ်-လာအို စာချုပ်အရ လာအိုနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် တော်ဝင်လာအိုအစိုးရ (Royal Lao Government) က တိုင်းပြည်ကို ဦးဆောင်ခဲ့သည်။ စာချုပ်အရ စည်းမျဉ်းခံဘုရင်စနစ်ကို ပြဌာန်းခဲ့ပြီး ဆီဆာဗန်ဗောင် (Sisavang Vong) အား ဘုရင်အဖြစ်လည်းကောင်း မင်းသား ဆူဗန္နဖိုမ အား ဝန်ကြီးချုပ် အဖြစ်လည်းကောင်း အုပ်ချုပ်ခဲ့ကြကာ မြို့တော်မှာ လွမ်ပရာဘွမ် (Luang Phrabang) ဖြစ်သည်။

၁၉၅၈တွင် မင်းသား ဆူဗန္နဖိုမ ၏ ဦးဆောင်မှုအောက်တွင် အမျိုးသား စည်းလုံးညီညွတ်ရေးအစိုးရ ကို ဖွဲ့စည်းခဲ့သော်လည်း လအနည်းငယ်သာ ခံခဲ့သည်။ ဝန်ကြီးချုပ်က အ‌ခြေခံဥပဒေအရ ဘုရင်၏ အကြံဉာဏ်ကို ရယူပြီး သူ၏ အစ်ကိုဖြစ်သော မင်းသား ဆူဖန္နိုဗောင် နှင့် ညှိနှိုင်းကာ ဝန်ကြီးများ ခန့်အပ်ခဲ့သော်လည်း ကွန်မြူနစ်များက ဝန်ကြီး ၂နေရာသာ ရရှိခဲ့သည်။ အပြန်အလှန်အားဖြင့် ဆူဖန္နိုဗောင်က အင်အား ၆၀၀၀ ရှိသော ကွန်မြူနစ်တပ်အတွင်းမှ အင်အား၁၅၀၀ ကို တော်ဝင် တပ်မတော်အတွင်းသို့ ပူပေါင်း ပေးခဲ့ရသည်။

စစ်ရေး[ပြင်​ဆင်​ရန်​]

စစ်ဒေသကြီး ၅ခု ပိုင်းခြားထားသည်။ ကာကွယ်ရေးဝန်ကြီး လက်အောက်တွင် တော်ဝင်ကြည်းတပ်၊ တော်ဝင်ရေတပ် နှင့် တော်ဝင်လေတပ် တို့ ဖြစ်သည်။ ၁၉၆၂မှ ၁၉၇၁အတွင်း အမေရိကန်မှ တော်ဝင်လာအိုရေတပ်အတွက် မြစ်တွင်းသွားကင့်လှည့်ရေယာဉ် (၂၀)နှင့် ကုန်းရေနှစ်ထွေသုံးရေယာဉ် (၁၆)စီး ထောက်ပံ့ပေးခဲ့သည်။ အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ စစ်ရေးအကူအညီများ ပေးခဲ့သည်။

နိုင်ငံခြားဆက်ဆံရေး[ပြင်​ဆင်​ရန်​]

တော်ဝင်လာအိုအစိုးရအဖွဲ့သည် ကွန်မြူနစ် ပက်သက်လာအို အဖွဲ့ နှင့် မြောက်ဗီယက်နမ် ကွန်မြူနစ်များကို တိုက်ခိုက်နေသောကြောင့် အမေရိကန်နှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။ ဘုရင် ဆာဗန်ဗဿနာ သည် ၁၉၆၃တွင် အမေရိကန် သမ္မတ ဂျွန်အက်ဖ်ကနေဒီ နှင့် တွေ့ဆုံခဲ့သည်။ ပြင်သစ်ဩစတြေးလျမြန်မာထိုင်းဂျပန် တို့၏ ထောက်ပံ့မှုများကိုလည်း ရရှိခဲ့သည်။

အစိုးရအဖွဲ့ကျဆုံးခြင်း[ပြင်​ဆင်​ရန်​]

၁၉၆၀တွင် ပုန်ကန်မှုများဖြစ်ပေါ်ခဲ့ပြီး တော်ဝင်ကြည်းတပ်နှင့် ပက်သက်လာအိုတပ်များအကြား တိုက်ခိုက်ခဲ့ကြသည်။မင်းသား ဆူဗန္နဖိုမ ဦးဆောင်သော ဒုတိယမြောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့သည် မအောင်မြင်ခဲ့ပေ။ ပြိုင်ဘက်အင်အားကြီးနိုင်ငံများ၏ အာရုံထားရာနေရာ ဖြစ်လာကာ တိုင်းပြည်မှာ တစ်စတစ်စ ဆုတ်ယုတ်ပျက်စီးလာခဲ့ရတော့သည်။ ဗီယက်နမ်တွင် ကွန်မြူနစ် ဗီယက်မင်း (Việt Minh) များ ဩဇာလွှမ်းမိုးလာပြီးနောက် ကွန်မြူနစ်ဝါဒ ပြန့်ပွားမည်ကို ကြောက်ရွံ့စိုးရိမ်သော အမေရိကန်ပြည်ထောင်စုသည် ၁၉၅၃မှစ၍ လာအိုသို့ အထောက်အပံ့များ ပေးအိပ်ခဲ့သည်။ [၂] ၁၉၆၀ပြည့်လွန်နှစ်များတွင် အမေရိကန်တို့ ပြောင်ပြောင်တင်းတင်း ဝင်ရောက် ပါဝင်ပတ်သက်လာသည်။ ဆိုဗီယက်နောက်ခံပြုထားသော ကွန်မြူနစ်တို့က အာဏရယူနိုင်ရန် ကြိုးစားလာကြသည်။ အမေရိကန်သည် ဂျီနီဗာသဘောတူညီချက်ကို ဖောက်ဖျက်ကာ စစ်ရေး အကူအညီမြောက်မြားစွာပေးခဲ့သည်။ ရှန်ခုန်ပြည်နယ်ရှိ လာအိုဗိုလ်ချုပ် ဗန်ဖောင် (General Vang Pao) ၏ တပ်များကို လေ့ကျင့်ပေးခြင်း လက်နက်ထောက်ပံ့ခြင်း၊ ထိုင်းနယ်စပ်မှတဆင့် လာအိုတပ်များကို စီအိုင်အေ လေကြောင်းဖြစ်သော အမေရိကလေကြောင်း (Air America) ဖြင့် ပို့ဆောင်ပေးခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။ [၃][၄] ၁၉၇၃ ဖေဖော်ဝါရီလတွင် ပါရီငြိမ်းချမ်းရေးသဘောတူစာချုပ် (Paris Peace Accords) အရ အမေရိကန် နှင့် မြောက်ဗီယက်နမ်တို့အကြား အပစ်အခတ်ရပ်စဲခဲ့သည်။ ၁၉၇၄ ဧပြီလတွင် အမျိုးသားညီညွတ်ရေးယာယီအစိုးရအဖွဲ့ (Provincial Government of National Unity ) ကို တည်ထောင်ခဲ့သည်။ မင်းသား ဆူဗန္နဖိုမ သည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သို့သော် လာအိုပြည်၏ အစိပ်အပိုင်းများစွာကို ကွန်မြူနစ်တပ်များကိ ထိန်းချုပ်ထားပြီး ဗီယက်နမ် ဆိုင်ဂုံမြို့ ကျဆုံးပြီးနောက် ၁၉၇၅ ဧပြီလ တွင် ပက်သက်လာအိုတပ်များ မြို့တော်သို့ ချီတက်လာတော့သည်။ ၁၉၇၅ ဒီဇင်ဘာဘ ၂ရက်နေ့တွင် ဘုရင် ဆာဗန်ဗဿနာ ၏ အာဏာစွန့်လွှတ်ကြောင်းစာကို မင်းသား ဗောင်ဆာဗန် (Vongsavang) က ပက်သက်လာအိုတို့ထံသို့ ပေးအပ်လိုက်ပြီးနောက် လာအိုဘုရင့်နိုင်ငံ အဆုံးသတ်သွားတော့သည်။ ကွန်မြူနစ် ပက်သက်လာအိုတို့က လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံကို တည်ထောင်လိုက်ကြသည်။ ပထမဆုံး သမ္မတမှာ ဆူဖန္နဗောင် (Souphannavong) ဖြစ်သည်။ ကေဆုန်ဖုန်ဗီဟိန်း (Kaysone Phomvihane) သည် ဝန်ကြီးချုပ်နှင့် လာအိုပြည်သူ့တော်လှန်ရေးပါတီ (Lao People's Revolutionary Party) ၏ အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။

နောက်ဆက်တွဲအခြေအနေ[ပြင်​ဆင်​ရန်​]

အာဏာသိမ်းပြီးနောက် အစိုးရအဖွဲ့ဝင်ဟောင်းများနှင့် ပြည်သူအတော်များများသည် ဝေးလံခေါင်ဖျားဒေသတွင် ပညာပေးစခန်းများသို့ ပို့ဆောင်ခံရသည်။ ၁၉၇၅ ကွန်မြူနစ်တို့ အာဏာရလာပြီးနောက် အစိုးရဝန်ထမ်းများ၊ ပြည်သူများ ထဲမှ ကွန်မြူနစ်ဆန့်ကျင်သူဟု သံသယရှိသူများကို သတ်ဖြတ်ရာ လူပေါင်း ၂သန်းခန့် သေဆုံးခဲ့သည်။

ဆက်စပ်ကြည့်ရှုရန်[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Library of Congress - Laos - Glossary
  2. Indochina - United States Emergency Aid to Laos and Thailand in the Face of Viet Minh Aggression: Statement by the Secretary of State at a News Conference, May 9, 1953. Yale Law School Avalon Project. Lillian Goldman Law Library (1996). Retrieved on 2008-07-19
  3. America's Secret War in Laos, 1955-75. Blackwell Publishing Company (2006).
  4. Asia Times Online - The wrong way to end a secret war

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]