လယ်ထွန်မင်္ဂလာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Saya Chone's "Royal Ploughing Ceremony".png

အာဒိစ္စနွယ်ဝင် ရှေးမင်းကောင်းမင်းမြတ်တို့၏ အစဉ်အလာအရ တိုင်းသူပြည်သားတို့၏ စီးပွားချမ်းသာ ဖြစ်ထွန်းစေခြင်း အကျိုးငှာ ဘုရင်မင်းမြတ်တို့ ကိုယ်တော်တိုင် မင်းပရိသတ်ခြံရံကာ သတ် မှတ်ထားသော မယ်တော်သို့ အခမ်းအနားနှင့် ထွက်တော်မူ၍ လယ်ထွန် မင်္ဂလာကို ဆင်ယင်ကျင်းပလေ့ရှိသည်။ ဤသို့ ဘုရင်မင်းမြတ်တို့ကိုယ် တော်တိုင် လယ်ထွန်မင်္ဂလာကို စတင်ကျင်းပလိုက်ခြင်းအားဖြင့် နိုင်ငံတော် တွင် မိုးလေဝသမှန်ကာ ဆန်ရေစပါး ပေါကြွယ်ဝ၍ လူအများ ကိုယ်စိတ် နှစ်ဖြာချမ်းသာသည်ဟု ယုံကြည်ကြလေသည်။ လယ်ထွနမင်္ဂလာသဘင် ဆင်ယင်ကျင်းပခြင်းကို ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ကပ်ဦးအစာ မဟာ သမ္မတမင်းမှစ၍ အဆက်ဆက်ပြုမြဲအတိုင်း ကျင်းပခဲ့လေသည်။ အလောင်း တော်သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူပြီးနောက် တစ်လမြောက်သော နယုန်လပြည့်နေ့၌ လယ်ထွန်မင်္ဂလာသဘင် ဆင်ယင်ကျင်းပရန် အလို့ငှာ မြို့အားလုံးကို နတ်ပြည်ကဲ့သို့ တန်ဆာဆင်၍ အလုံးစုံသော ကျွန်အမှုလုပ် အစရှိသူတို့သည် အစာမချေသော ပုဆိုးအဝတ်တို့ကို ဝတ်ကုန်လျက် နံ့သာ ပန်း အစရှိသည်တို့ဖြင့် တန်ဆာဆင်ကုန်လျက် သုဒ္ဓေါဒနမင်းကြီး၏ နန်း တော်တွင်း၌ စည်းဝေးကုန်၏။ သုဒ္ဓေါဒနမင်းကြီး၏ လယ်ထွန်အမှု၌ ထွန် တုံးတစ်ထောင်ကိုယှဉ်စေကုန်၏။ တစ်ခုဖြင့်ယုတ်သော နှစ်ရာသောထွန်တုံး ကို နွားတို့၏ဦးချို ဆွဲကြိုးနှင့် တံတို့နှင့်တကွ ငွေပြားတို့ဖြင့် ရံအပ်ကုန် ၏။ သုဒ္ဓေါဒနမင်းကြီး၏ ဆွဲကိုင်ရာထွန်တုံးကိုကား နီသောရွှေပြားဖြင့် ရံအပ်ကုန်၏။ နွားတို့၏ ဦးချိုဆွဲကြိုးနှင့် တံတို့ကိုလည်း ရွှေပြားဖြင့် ရံအပ်ကုန်၏။ သုဒ္ဓေါဒနမင်းကြီးသည် တန်ဆာဆင်၍ အမတ်အပေါင်းခြံရံလျက် လယ်ထွန်ရာအရပ်သို့သွားလေ၏။ ထိုအရပ်၌ သုဒ္ဓေါဒနမင်းကြီးသည် ရွှေ ထွန်တုံးကိုကိုင်၏။ အမတ်တို့ကား တစ်ခုယုတ်သော နှစ်ရာသော ငွေထွန် တုံးကို ကိုင်ကုန်၏။ လယ်ထွန်သမား ယောကျာ်းတို့ကား ကြွင်းသောထွန် တုံးကိုကိုင်ကုန်၏။ မင်းအစရှိသော သူတို့သည် ထွန်တုံးကိုကိုင်၍ ထိုမှ ဤမှ ထွန်ကုန်၏။ သုဒ္ဓေါဒနမင်းကြီးသည်ကား ဤမှာဘက်မှ ထိုမှာဘက် သို့ နှင်သွား၏။ ထိုမှာဘက်မှသည် ဤမှာဘက်သို့ နှင်လာ၏။ ထိုသို့ ထွန်ရာ၌ များစွာရှုဖွယ်သော စည်းစိမ်ဖြစ်၏။ လယ်ထွန်မဂ‡လာကျင်းပကြသော ဘုရင်အဆက်ဆက်တို့သည် နယုန်လပြည့်နေ့ လပြည့်ကျော် တစ်ရက်နေ့များတွင် ဤသို့သော အခမ်း အနားများကို ကျင်းပမြဲဖြစ်သည်။ သို့သော် ဘုရင်တိုင်းလည်း လယ်ထွန် မဂ‡လာကို မကျင်းပခဲ့ပေ။ လယ်ထွန်မဂ‡လာကျင်းပသည့် ဘုရင်တိုင်းလည်း နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့မရှိပေ။ အချို့ပညာရှိများက ဘုရင်မင်းမြတ်တို့ လယ်ထွန်မဂ‡လာကျင်းပခြင်းသည် တိုင်းပြည်အတွင်း မိုးလေဝသမှန်ကန်၍ ကျီပြည့်စပါး ထွန်းကားပေါများ မဂ‡လာနိမိတ်ယူခြင်းဖြစ်သည်ဟုဆိုသည်။ အချို့သောပညာရှိများကမူ လယ်ထွန်မဂ‡လာကို ဗေဒင်ကိန်းခန်းအရကျင်းပ သည်။ ဗေဒင်ကိန်းခန်းအရ ဤသည့်နှစ်တွင် ကမ္ဘာလောကကြီးကိုတောင်သူ ကြီး မင်းမူလိမ့်မည်ဟု ဟောကိန်းရှိအံ့၊ ထိုဟောကိန်းကို ကျိန်းချေသော သဘောဖြင့် ဘုရင်မင်းမြတ်တို့က လယ်ထွန်မဂ‡လာကျင်းပခြင်းဖြစ်သည်ဟု ဆိုလေသည်။ စင်စစ်အားဖြင့် တိုင်းသူပြည်သား လူအများတို့၏ လယ်ယာ ကိုင်းကျွန်းလုပ်မှုသည် တိုင်းခြေပြည်မြစ်ဖြစ်၏။ ထို့ကြောင့် တိုင်းပြည်အုပ် ချုပ်သော ဘုရင်မင်းတို့က လယ်သမားတို့အား လယ်လုပ်ချင်စိတ်ပေါ်လာ အောင် (ဝါ) ဇွဲလုံ့လဖြင့် ထွန်ယက် လုပ်ကိုင်ချင်လာအောင် စံပြနမူနာ အဖြစ် လယ်ထွန်မဂ‡လာ ပြု၍ပေးခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်ပေသည်။ လယ်ထွန်မဂ‡လာကျင်းပရန် ဘုရင်မင်းမြတ်တို့ထွက်တော်မူလျှင် ထွက်တော်မူကြီး ထွက်တော်မူလေ့ရှိသည်။ ထွက်တော်မူကြီး ထွက်တော်မူ သည်ဆိုသည်မှာ ရှေ့ဆုံးမှ စမြောင်၊ ထိုနောက် ရှေ့ခြောက်တပ်၊ အလယ်မှ ဘုရင့်တပ်မတော်ကြီး၊ ထို့နောက်မှ နောက်ခြောက်တပ်၊ ဝင်းတော်မှူး အစုံ အလင်နှင့် ထွက်မြဲဖြစ်သည်။ ဘိုးတော်မင်းတရားကြီးသည် ၁၁၅၂ ခုနှစ် နယုန်လပြည့်ကျော် ၁ ရက် သောကြာနေ့ ကန်တိလိခေါ် အောင်ပင်လယ်ကန်တော်အနီး သဘင် နန်း ကြီးစွာဆောက်တော်မူ၍ ရွှေထွန်၊ ငွေထွန်၊ ရွှေထမ်းပိုး၊ ငွေထမ်းပိုး၊ ရွှေကြိုး၊ ငွေကြိုး၊ ရွှေနှင်တံ၊ ငွေနှင်တံတို့နှင့် သားတော်အိမ်ရှေ့မင်း၊ မင်းညီ မင်းသား၊ မှူးတော်မတ်တော်၊ သူဌေးသူကြွယ်အပေါင်းခြံရံလျက် လယ်ထွန် မင်္ဂလာသဘင်ပြုတော်မူသည်။ ထိုအခါ အိမ်ရှေ့အိမ်တော် ရွေတိုက်စာရေး မောင်မင်းအောင်ကို အိမ်ရှေ့မိဖုရား အမိန့်တော်နှင့်ဆင့်၍ မောင်မင်းအောင် ရေးရသည့် လယ်ထွန်မင်္ဂလာ တျာသံသီချင်းမှာ ဤသို့ဖြစ်သည်။ လယ်တော်ထွန်စ နေ့ကျော်မှာ၊ လမိုင်းတံခွန် တွင်းဝန်တည့် မတ်လိမ်မာ။ သည့်ပြင်မှာငယ်လေ ပြည်ဦးကင်း။ မြောက်ဘက်ကယ် တိုက် ဝန်၊ ရွှေနန်းစဉ်ကျွန်။ ရွှေxGefကြီး တစ်စင်းငယ်နှင့်လေး။ ။ ဇမ္ဗူပိုင်ထိပ်နင်း ရှေ့တော်မှာ၊ အစဉ်မကွဲ လက်ဝဲနှင့် လက်ယာ၊ ဘုန်းဧရာငယ်လေ ကိုယ်လုံးဝင်း၊ ရွှေသားငယ် မျဉ်းတိုတွင်၊ ချပ်မိန်ညိုဆင်၊ နေလုလင်ပြိုင်နှုန်း ကင်းရလေး။ ။ လယ်တော်တွင်းငယ်မှာ၊ ကြယ် မင်းငယ်ဥက္ကာ၊ နားလှာကျသို့လေ။ သောက်ရှူးတော် ရွှေကုံးနှင့်၊ တိမ်လုံး ပြည့်လျှပ်နွယ်၊ အံ့ဖွယ်များလှလေး။ ။ မဟာ သမ္မတ ဆက်စဉ် လာ။ လယ်ထွန်အောင်ခန်း၊ ရွှေနန်းမဂ‡လာ။ ထွန်တော်သိဂ‡ါမှာ ရန်မျိုးပ။ နန်းလုံးငယ် မျက်ရှင်၊ ရွှေးစက်တော်တင်။ စမ္ပယ်ရှင် ရှဉ်းစုံကသည်နှင့် လေး။ ။ ရွှေနန်းငယ်ရံသ၊ နတ်ဣန္ဒာ။ ရွှေxGefတော်ကြီး၊ အနီးဝေး မကွာ။ သည့်နောက်တော်မှာလေ မင်းသားကြီး၊ တော်ဒူးငယ် စနည်၊ ရာထူး လည်၊ စဉ်စီရွှေxGefစီးပါလို့လေး။ ။ လယ်တော် ကြီးငယ်မှာ၊ ရွှေထယ်နှင့်သာ၊ စံကာ မြန်းတော့သည်။ ။ မျဉ်းရှည်တော်ရွှေသားနှင့် တိမ်ကြားက နတ်နှယ်၊ သွယ်သွယ်ဆန်းလှသည်။ ။ ထို့နောက် ဘိုးတော်နှင့် နောင်တော်တို့၏ အရိုက်အရာကို ဆက် ဆံစိုးစံတော်မူသော ရွှေဘိုမင်း(သာယာဝတီမင်း)သည် ၁၂ဝ၂ ခုနှစ်တွင် အောင်ပင်လယ်ကန်၏အနီး၌ မင်းတဲကြီးစွာ ဆောက်လုပ်တော်မူကာ စစ် အင်္ဂါလေးပါးခြံရံလျက် အရှင်မိဖုရားခေါင်ကြီးနှင့်တကွ ထွက်တော်မူ၍ ရွှေ ထွန်၊ ငွေထွန်၊ ရွှေထမ်းပိုး၊ ငွေထမ်းပိုး၊ ရွှေကြိုး၊ ငွေကြိုး၊ ရွှေနှင်တံ၊ ငွေနှင်တံတို့ဖြင့်သားတော် ညီတော်၊ ဆွေတော်မျိုးတော်၊ မှူးတော်မတ်တော်၊ ဗိုလ်မှူးတပ်မှူး၊ သူဌေးသူကြွယ်အပေါင်း ခြံရံလျက် ကြီးကျယ်ခမ်းနားစွာဖြင့် လယ် ထွန်မင်္ဂလာကို ဆင်ယင်ကျင်းပတော်မူသည်။ ထိုသို့ လယ်ထွန် မင်္ဂလာပြုသည့်အခါ အထက်လယ်ထွန်မင်္ဂလာသီချင်းကို နှစ်သက်တော်မမူ သဖြင့် မောင်စ အသစ်လုပ်၍ ဆက်ရမည်ဟု တောင်ဥယျာဉ် စံနန်းတော် တွင် အမိန့်တော်ရှိ၍ ဝန်ကြီးမြဝတီမြို့စားဟောင်း ဦးစ ဆက်သွင်းရသည့် ရွှေဘိုမင်းတရား၏ လယ်ထွန်မင်္ဂလာပွဲ ဘွဲ့မှာ ဆဒ္ဒန်ပိုင် ဘုန်းမြင့် နရိန္ဒာ။ လယ်ထွန်အောင်ခန်း၊ ရွှေနန်းစဉ် မဂ‡လာ။ မိုးယံမှာလေ၊ ကြယ်ဇေဋ္ဌ။ သီတဂူ တာရိန်။ နှစ်နန်း ငယ်ချိန်၊ ထိန်ထိန်ရံဝန်းခသည်နှင့်လေး။ ။ စပါယ်ဖြူ ဥဿဘ၊ ဟန်လှငယ်ရှဉ်းစုံ။ ရွှေxGefတော်ကြီး၊ ညီးညီးအံ့ရာပုံ။ ဇေယျခုံငယ်လေ - သာသန့်ရှင်း။ အမရဝေယန်၊ ရွှေဗိမာန်၊ ဧသန် မြေဦးကင်းဝယ်ပလေး။ ။ ပြည် ပြည်ထောင်သနင်း၊ မင်း မင်းများ သခင်။ စက်စုံတော်တင်မြန်း၊ ရစ်သန်းလှည့်ကာနှင်။ ရှေ့တော် တွင်မှာလေ၊ မှူးမတ်ကြီး။ လက်ဝဲငယ် လက်ယာ၊ တင့်မောစွာ၊ ဆက်ကာ ဝေးမနီးငယ်ကလေး။ ။ ရွှေxGefစီးပါလို့၊ လွန်တင့်တယ်၊ လေးမည်ရန် တား၊ နတ်လားထင်မိဖွယ်။ ဘုန်းပွင့်လျာ နေနွယ်လေ၊ ရာမင်းမင်းဖျား။ မောက်တိုတော်ရတနာ၊ ကိုးမျက်ရောင်ဖြာ၊ အံ့ရာ အခြားခြားငယ်နှင့်လေး။ မျဉ်းရှည်တော် ညံ့ထွား၊ ပတ္တမြားငယ်လှိုင်ချွန်။ မျဉ်းတိုရောင်ကြွား၊ ပြယား ဝေသဝဏ်။ တိုင်းထွတ်စွန်၊ ရှေးလွန်မကြုံတောင်းငယ်တည့်လေး။ ။ တော်ကြီးငယ်ဆင်၊ ဧယာဉ်ရေမြေပြောင်းမျှလေး။ ။ နတ်ဌာန်ငယ် ကျော်သောင်း၊ ထက်စည်ငယ် ညံညောင်းဆော်တယ်ကို။ ရာဝင်တော်စုံ ဖွေဖော်ထူးသည်နှင့်၊ ချီးကျူးခွင့်မကုန်ပါလို။ ရစ်သန်းငယ်ရောင်စိုလေ၊ ထိန်ဝင်းလို့ညီး။ ထွန်ရေးငယ်ဖြန့်ရာ၊ နောက်တော်ကမှာ၊ စီစဉ်ကာ မင်း သားကြီးငယ်နှင့်လေး။ ။ ဇမ္ဗူရွှေမှည့်သီး၊ ထီးချက်ကယ်ပြိုပြောင်။ မောက်တိုရွှေသား၊ ပတ္တမြားမျက်စိန်တောင်။ မှူးကြီးငယ်မတ်ခေါင်လေ၊ အခြားခြား။ အိမ်ချပ်ကယ်ပုံပြင်၊ နတ်စောသွင်၊ ဆင်ယင်ရွှေ ဝတ်စားငယ် နှင့်လေး။ ။ မိုးယံငယ် တစ်လွှား၊ မိုးသားငယ် လှိုက်ဝှန်၊ ကြယ်သွန်နှိုး တော့သည်။ ကောက်နှံငယ် ဆင့်ပွား၊ ကောက်သားငယ် ကြွယ်ကုံ၊ တောင် ပုံဖြိုးတော့သည် ဟူ၍ ဖြစ်လေသည်။ မန္တလေး ရတနာပုံမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် အရှင် မင်းတုန်းမင်းတရားကြီး လက်ထက်တော်တွင်လည်း အောင်ပင်လယ်ကန် တော် သရက်ကုန်းရွာ၏ မြောက်ဘက်နှစ်ဧကခန့်ရှိသော လယ်တော်၌ မင်း ခမ်းမင်းနားဖြင့် ထွက်တော်မူ၍ မိမိကား ရတနာမကိုဋ် ဒုရင်တော်သုံးဆင့် တပ်ကို ဆင်မြန်းလျက် ထီးဖြူတော်နှစ်လက်ဖြန့်မိုးကာ မင်းညီးမင်းသား မှူးမတ်တို့မှာမူကား မိမိတို့ဆိုင်ရာ အဆင်တန်ဆာများဖြင့် ဆင်ယင်ဝန်းရံ လျက် လယ်ထွန်မင်္ဂလာသဘင်ကို ဆင်ယင်ကျင်းပလေသည်။ လယ်ထွန်မင်္ဂလာသဘင်ကို ထိုင်းနိုင်ငံ၊ ကမ္ဗောဇနိုင်ငံ၊ လောနိုင်ငံ တို့တွင် ရှေးအစဉ်အလာမပျက် ယခုတိုင် ဆက်လက်ကျင်းပလျက်ရှိလေ သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)