လပြည့်ညရဲ့စိန်ခေါ်သံ ဇာတ်လမ်းနောက်ခံနေရာများ

ဝီကီပီးဒီးယား မှ

လက်ရှိဖြစ်ရပ်နောက်ခံနေရာ[ပြင်ဆင်ရန်]

ရှန်းယန်နန်းတော်[ပြင်ဆင်ရန်]

ယင်ကျန့်နေသောနေရာဖြစ်သည်။ ထျန်းမင်က အတိတ်ကို ပြန်စဉ်းစားသောအခန်းတွင်လည်း ဤနန်းတော်ပါဝင်သည်။ [၁][၂]ထျန်းမင်ကို ပြန်တွေ့ပြီးနောက်တွင် ကယ်နယဲ့က နန်းတော်မှ ထွက်လာခဲ့သည်။

ကြေးမုံကန်[ပြင်ဆင်ရန်]

ကန်လယ်တွင် ကျွန်းငယ်လေးတစ်ခုရှိသည်။ တွမ်းမုလုံနေခဲ့သောနေရာဖြစ်သည်။[၃] [၄][၅][၆][၇]ဇာမဏီဖြူ၏ငှက်က နောက်ယောင်ခံလိုက်နေကြောင်းသိကာ စွန့်ခွာချိန်အထိ ဇာတ်လမ်းတွင် ဤနေရာပါဝင်သည်။ အတွဲ ၂ ပြီးဆုံးသည့်အခါ ဤနေရာတွင်မိုးရွာနေပုံ ပြခဲ့သည်။ အလွန်လျှို့ဝှက်သော နေရာဖြစ်သဖြင့် နေရာသိမော့ဂိုဏ်းသားတစ်ဦး လမ်းညွှန်မှသာ ရောက်နိုင်သည်။

ကမ်းနဖူး[ပြင်ဆင်ရန်]

အတွဲ၁တွင်ပါဝင်သည်။ ယွဲ့အော် ထျန်းမင် တွမ်းမုလုံနှင့်ကယ်နယဲ့တို့ ကြေးမုံရေကန်မှ မော့ဂိုဏ်းစက်မှုမြို့တော်သို့ ပြောင်းခန်းတွင်တင်ဆက်ခဲ့သည်။ ပိုင်ဖုန့်ဟွမ်လိုက်တိုက်သဖြင့် ကမ်းနဖူးပေါ်သို့ရောက်လာပြီး ချီလျန့်တိုက်သဖြင့် ထွက်ပြေးသည်အထိ ဇာတ်လမ်းတွင်ပါဝင်သည်။

အမည်မသိနန်းတော်[ပြင်ဆင်ရန်]

အတွဲ၁တွင်ပါဝင်သည်။ ကုန်းစူးဂိုဏ်းကပေးသောလက်ဆောင်အား ဝေ့ကျွမ်းကချီလျန့်ကိုပေးသည့်အခန်း၌ပါဝင်သည်။ မြေကြီးတွင် တဝက်ပေါ်တဝက်မြုပ်ဖြစ်နေသည့် သံရုပ်တုများ အမိုးမပါသောနန်းတော်တိုင်များ ရှိသည်။ နန်းတော်၏အမည်ကိုမူဖော်ပြခြင်းမရှိပေ။

စက်မှုမြို့တော်[ပြင်ဆင်ရန်]

မြို့တွင်း[ပြင်ဆင်ရန်]

မော့ဂိုဏ်း အဓိကအခြေစိုက်ရာနေရာ ဖြစ်သည်။ စက်မှုမြို့တော်တွင်

  • (က)လူနေခန်း
ကယ်နယဲ့နှင့် ထျန်းမင်ကို လူနေခန်းတစ်ခန်းစီတွင် အကျယ်ချုပ်ထားခဲ့သည်။ စက်ဆရာပန်း ဒဏ်ရာရသောအခါ လူနေခန်းတစ်ခန်းတွင်ပင် ဆေးကုခဲ့သည်။
  • (ခ)စင်္ကြန်လမ်း
လူနေခန်းများနှင့် တွဲလျက် တည်ရှိသည်။ ထျန်းမင်က တွမ်းမုလုံကို ရန်တွေ့ခန်း ဗဟိုရေကန်ကို ခတ်သောအဆိပ်မှာ ကျင်းယွီချင်းယွဲ့အဆိပ်ဖြစ်ကြောင်း တွမ်းမုလုံ သဘောပေါက်ခန်း ဤဇာတ်ဝင်ခန်း ၂ ခန်းကို ကယ်နယဲ့ အကျယ်ချုပ်ထားခံရသော လူနေခန်းရှေ့ရှိ စင်္ကြန်လမ်းတွင်ပင် တင်ဆက်ခဲ့သည်။
  • (ဂ)ဗဟိုခန်းမ
စက်မှုမြို့တော်တစ်ခုလုံးတွင် အလုံခြုံဆုံးဖြစ်သည်။ စက်မှုမြို့တော်ကို ရန်သူများတိုက်ခိုက်ခဲ့ပါက ခုခံနိုင်သော နောက်ဆုံးခံတပ်အဖြစ် ရည်ရွယ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သံတူကြီးအဖမ်းခံရကြောင်းကို တောက်ကျစ်က လာပြောခန်း ကယ်နယဲ့နှင့် ဝေ့ကျွမ်းတိုက်ခန်း မော့ဂိုဏ်းခေါင်းဆောင်များနှင့် လျှိုရှားအဖွဲ့ဝင်များတိုက်ခန်းတို့ကို ဤခန်းမနောက်ခံထား၍ တင်ဆက်ခဲ့သည်။ ထျန်းမင် ဂိုဏ်းချုပ်အဖြစ်တင်မြှောက်ခံရသော ခန်းမလည်းဖြစ်သည်။
  • (ဃ)ဗဟိုရေကန်
ဗဟိုရေကန် စက်မှုမြို့တော်တစ်ခုလုံးကို ရေပို့လွှတ်သောနေရာဖြစ်သည်။ မြို့တော်တွင်းရှိ ရေမှန်သမျှ ဤကန်ကိုဖြတ်ပြီး၍သာ မြို့တွင်းရောက်လာခြင်းဖြစ်သည်။
  • (င)တားမြစ်နယ်မြေ
မော့ဂိုဏ်းသားများ အပြစ်လုပ်ခဲ့သည်ရှိသော် တားမြစ်နယ်မြေတွင်း အပို့ခံရသည်။ အသက်ရှင်လျက် ပြန်ထွက်လာနိုင်လျှင် အပြစ်ကိုခွင့်လွှတ်ပေးသည့် စည်းမျဉ်းရှိသည်။ သို့သော် ပြန်ထွက်လာနိုင်သူမရှိ။ မော့ဂိုဏ်း ဂိုဏ်းချုပ်ဖြစ်လိုသူများသည်လည်း ဤတားမြစ်နယ်မြေတွင်း ဝင်ရသည်။ ပြန်ထွက်လာနိုင်သော အရည်အချင်းရှိမှသာ ဂိုဏ်းချုပ်ဖြစ်နိုင်သည်။ ထျန်းမင် ရှောက်ယွီနှင့် ယွဲ့အော်တို့ တားမြစ်နယ်မြေတွင်းမှ ပြန်ထွက်လာနိုင်ခဲ့သည်။
  • (စ)ပန်းပဲဖို
ပန်းပဲဖိုအလယ်တွင် ဓားကျိုးများစိုက်ထားသော ရေကန်ငယ်တစ်ကန်ရှိသည်။
  • (ဆ)ရေတံခွန်
စက်မှုမြို့တော်အဝင်ဝနားတွင်ရှိသည်။

မြို့ပြင်[ပြင်ဆင်ရန်]

ကျောက်တိုင်များ[ပြင်ဆင်ရန်]

စက်မှုမြို့တော်အနီးတွင်ရှိသည်။ အတွဲ၂တွင် ထျန်းမင် ယွဲ့အော် ရှောက်ယွီတို့၃ဦးသား ကုန်းစူးချိုလက်မှလွတ်အောင်ပြေးကြသောအခန်းတွင်ပါဝင်သည်။

ကမ်းနဖူး[ပြင်ဆင်ရန်]

အတွဲ၃တွင်ပါဝင်သည်။ စီးမင်ကြီး စီးမင်လေး လနတ်သမီးနှင့် ယွဲ့အော်တို့ပါသော ဇာတ်ဝင်ခန်း၏နောက်ခံဖြစ်သည်။ စီးမင်ကြီးက လနတ်သမီးကို အခြေအနေတင်ပြသည့်အချိန်တွင် တင်ဆက်ခဲ့သည်။

ကမ်းနဖူး[ပြင်ဆင်ရန်]

စက်မှုမြို့တော်အပြင်ဘက်ရှိ တောအုပ်အတွင်းတွင်ရှိသည်။ အတွဲ၂တွင်ပါဝင်သည်။ ဝေ့ကျွမ်းနှင့်ချီလျန့်တို့ စကားပြောခန်း ပိုင်ဖုန့်ရောက်လာကာ သံတူကြီးနှင့် အရိပ်မဲ့လင်းနို့တိုက်သည့်အကြောင်း ဆွေးနွေးခန်းမှသည် ကုန်းစူးချိုရောက်လာပြီး တွမ်းမုလုံအကြောင်းပြောခန်းများပါတင်ဆက်သည်။

ရင်းယန်ဂိုဏ်းနေရာ[ပြင်ဆင်ရန်]

ရင်ယန်ဂိုဏ်းအဓိက အခြေစိုက်ရာနေရာဖြစ်သည်။ အတွဲ၃တွင် စတင်မိတ်ဆက်ခဲ့သည်။ ပင်မဇာတ်လမ်းတွင် အသေးစိတ်မတင်ဆက်သော်လည်း စီးမင်လေးဇာတ်လမ်းတိုတွင်မူ အကျယ်တဝင့်ပြသသည်။ စက်မှုမြို့တော်ဖျက်သိမ်းပြီးချိန်တွင် လနတ်သမီးက ယွဲ့အော်ကိုခေါ်သွားသည့် နေရာဖြစ်သည်။

စန်းဟိုင်မြို့[ပြင်ဆင်ရန်]

မြို့တွင်း[ပြင်ဆင်ရန်]

စားဖိုမှူးသင်း၏ စားသောက်ဆိုင်[ပြင်ဆင်ရန်]

ရှီးလန်အလုပ်လုပ်သောနေရာ ဖြစ်သည်။ မော့ဂိုဏ်းနှင့် ကွန်ဖြူးရှပ်ဂိုဏ်း ဆက်သွယ်ရာ နေရာလည်းဖြစ်သည်။

ဈေး[ပြင်ဆင်ရန်]

အတွဲ၄တွင်စတင်မိတ်ဆက်ခဲ့သည်။ ထျန်းမင် ရှောက်ယွီနှင့် ကျန်းလျန်တို့၃ဦး ကုန်းစွန်းလင်လုန်ကိုရှောင်ပြေးခန်း ရှီးလန်တို့မျက်လှည့်ပြခန်း မြို့တွင်းသို့ တောက်ကျစ်လာစုံစမ်းခန်းတို့တွင်ပါဝင်သည်။

တံတား[ပြင်ဆင်ရန်]

စန်းဟိုင်မြို့၏ဈေးအနီးတွင်ရှိသောတံတားဖြစ်သည်။

မျှော်စင်[ပြင်ဆင်ရန်]

အတွဲ၄တွင်မှ စတင်မိတ်ဆက်ခဲ့သည်။ စစ်သူကြီးအိမ်တော်အတွင်းတွင်ရှိသည်။ ရင်းယန်ဂိုဏ်း၏ ပစ္စည်းဖြစ်သော ခလုတ်တထောင်ကြေးပြားကို သိမ်းဆည်းရာနေရာလည်းဖြစ်သည်။ မျှော်စင်အဆင့်တိုင်း၏ခေါင်မိုးပေါ်တွင်စစ်သားများစောင့်ကြပ်သည်။ မျှော်စင်တွင်းတွင်မူအစောင့်မရှိပေ။ တောက်ကျစ်က မျှော်စင်တွင်းရှိကြေးပြားကို လာရောက်ခိုးယူခန်းတွင် အဓိကထားတင်ဆက်ခဲ့သည်။

လီစီးအဆောင်[ပြင်ဆင်ရန်]

အတွဲ၄တွင် စတင်မိတ်ဆက်ခဲ့သည်။ လီစီးနှင့် ကျောက်ကောင်းတွေ့ခန်း ဝေ့ကျွမ်းကလီစီးကို လာရောက်သတိပေးခန်းများတွင်ပါဝင်သည်။

ကျောက်တိုင်များ[ပြင်ဆင်ရန်]

ပင်လယ်အနီးတွင်ရှိသည်။ အတွဲ၄တွင် ထျန်းမင် ရှောက်ယွီနှင့်ရှီးလန်တို့ ၃ဦးကို ကုန်းစူးချို၏စက်ရုပ်က လိုက်တိုက့်သောအခါ ပြေးကြရာမှ ကျောက်တိုင်များပေါ်ရောက်လာသည်။

ကမ်းပါးယံ[ပြင်ဆင်ရန်]

အတွဲ၅တွင်ပါဝင်သည်။ တောက်ကျစ်ရပ်နေသောကမ်းနဖူးအစွန်းရှိသစ်ပင် ချောက်ထဲကျသွားချိန်မှ စစ်သူုကြီးကျန်း၏စစ်သားများက တောက်ကျစ်ကိုဖမ်းချိန်အထိနှင့် ကျန်းလျန်နှင့်တောက်ကျစ်တို့စကားပြောကြသောအခန်းများတွင်ပါဝင်သည်။

မြို့ပြင်[ပြင်ဆင်ရန်]

ကမ်းနဖူး[ပြင်ဆင်ရန်]

အတွဲ၄တွင်ပါဝင်သည်။ စန်းဟိုင်မြို့ပြင်ရှိ တောအုပ်အတွင်းတွင် တည်ရှိသည်။ ဝေ့ကျွမ်းပျောက်သွားပြီးနောက် လျှိုရှားအဖွဲ့တွေ့ဆုံခန်းတွင် ထည့်သွင်းခဲ့သည်။ ဝေ့ကျွမ်း၏တည်နေရာကို ဆက်လက်စုံစမ်းရန် ချီလျန့်က အမိန့်ပေးပြီးသည်အထိ ဤနေရာ၌တင်ဆက်ခဲ့သည်။

ကမ်းနဖူး[ပြင်ဆင်ရန်]

အတွဲ၄တွင်ပါဝင်သည်။ အရိပ်မဲ့လင်းနို့လက်မှလွတ်သွားသည့် အချိန်တွင် ရှီးလန်နှင့်ရှောက်ယွီတို့စကားပြောခန်း၌တင်ဆက်သည်။

ကမ်းနဖူး[ပြင်ဆင်ရန်]

အတွဲ၄တွင်မိတ်ဆက်ခဲ့သည်။ ပိုင်ဖုန့်ဟွမ်က ချီလျန့်လိမ်ကြောင်းသိခန်း ချီလျန့်နှင့်ပိုင်ဖုန်ဟွမ်တိုက်ခန်း ချီလျန့်နှင့် ရှန့်ချီတိုက်ခန်း ရှန့်ချီနှင့်ပိုင်ဖုန့်ဟွမ်တိုက်ခန်းများကို ဤနေရာတွင်တင်ဆက်ခဲ့သည်။

ကမ်းနဖူး[ပြင်ဆင်ရန်]

အတွဲ၄အပြီးတွင်ပါဝင်သည်။ ရှောင်လုံက ရှန့်ရှောက်ယွီအမိန့်အတိုင်း စစ်သားစုဆောင်းရန်ထွက်သွားသည့် အခန်းကို တင်ဆက်ခဲ့သည်။ ဇာတ်လမ်းပိုင်းများတွင် မထည့်သွင်းဘဲ သီးသန့်တင်ဆက်သည်။

တံတား[ပြင်ဆင်ရန်]

စန်းဟိုင်မြို့ပြင်ရှိတောအုပ်တွင်းတွင်ရှိသည်။ ချီလျန့် ဝေ့ကျွမ်းနှင့် ပိုင်ဖုန့်ဟွမ်တို့၃ဦး ရှန့်ချီနှင့် ဆုံခန်း ဝေ့ကျွမ်းနှင့် ရှန့်ချီတိုက်ခန်း ချီလျန့်နှင့် ပိုင်ဖုန့်ဟွမ်တို့ တံတားသို့ပြန်လာကြည့်ခန်းတို့တွင် တင်ဆက်ခဲ့သည်။

တောင်ကြား[ပြင်ဆင်ရန်]

အတွဲ၄တွင်ပါဝင်သည်။ မုန်ထျန့်ခေါင်းဆောင်သော ရွှေမီးလျှံမြင်းတပ်က မော့ဂိုဏ်းကျေးရွာကို လာတိုက်သဖြင့် ကယ်နယဲ့က ထွက်တားခန်းတွင် တင်ဆက်ခဲ့သည်။

တောင်ကြား[ပြင်ဆင်ရန်]

အတွဲ၄တွင်ပါဝင်သည်။ ချီလျန့်ကို ရှန့်ချီလက်မှ ကယ်အပြီး ပိုင်ဖုန့်ဟွမ်နှင့်ချီလျန့်တို့ စကားပြောခန်းတွင် တင်ဆက်ခဲ့သည်။

မော့ဂိုဏ်းကျေးရွာ[ပြင်ဆင်ရန်]

စန်းဟိုင်အခြေစိုက် မော့ဂိုဏ်းသားများ နေထိုင်ရာ ဖြစ်သည်။ စက်မှုမြို့တော် ဖျက်သိမ်းပြီးနောက် မော့ဂိုဏ်းကို ဤကျေးရွာတွင် ပြောင်းရွှေ့အခြေစိုက်ခဲ့သည်။

  • (က)မြေအောက်ခန်း

စက်ဆရာပန်းအခန်း၏အောက်တွင်ရှိသည်။ အခန်းတွင်းရှိ ဗီရိုမှတဆင့် လမ်းဖွင့်ကာဝင်ရသည်။ အခန်းတွင်းတွင် ဗီရိုများ စားပွဲနှင့် မူလကျားဖြူစက်ရုပ်လည်းရှိသည်။ လျှို့ဝှက်ပြေးလမ်းနှင့် ဆက်နေသောနေရာလည်းဖြစ်သည်။ စက်ဆရာပန်းက နဂါးနက်စာလိပ်ကိုဖွင့်ရန် ကြိုးပမ်းခန်း ထျန်းမင်က စက်ဆရာပန်းကို စက်ပြင်သင်ပေးရန်ပူဆာခန်း ကြယ်တက ထျန်းမင်တို့ကိုရှာခန်းများတွင် မြေအောက်ခန်းပါဝင်သည်။

ကွန်ဖြူးရှပ်ကျောင်း[ပြင်ဆင်ရန်]

ထျန်းမင်နှင့် ရှောက်ယွီတို့ စာသင်ရာနေရာ ဖြစ်သည်။

  • (က)ကွန်ဖြူးရှပ်ကျောင်းမြင်းပြိုင်ကွင်း

အတွဲ၄တွင် စတင်မိတ်ဆက်ခဲ့သည်။ ရန်လူက ကျောင်းသားများကို မြင်းစီးပြိုင်ခိုင်းသော အခန်းတွင်ပါဝင်သည်။

  • (ခ)မြားပစ်လေ့ကျင့်ကွင်း


အတွဲ၄တွင်ပင် မိတ်ဆက်သည်။ ကျောင်းသားများ လေ့ကျင့်နေစဉ် ရှန့်ရှောက်ယွီနှင့်ကွန်ဖြူးရှပ်ကျောင်း ကျောင်းအုပ်တို့စကားများခန်း ရှောက်ယွီတဦးတည်း မြားပစ်လေ့ကျင့်ခန်းတို့တွင်ပါဝင်သည်။

  • (ဂ)အိပ်ဆောင်

အတွဲ၃တွင်စတင်မိတ်ဆက်ခဲ့သည်။ ထျန်းမင်နှင့်ရှောက်ယွီတို့ကွန်ဖြူးရှပ်ကျောင်းသို့ စရောက်လာချိန်တွင်ပါဝင်သည်။ အတွဲ၄တွင်လည်း ထျန်းမင်ညဘက်မအိပ်ဘဲ ကုဗတုံးကစားနေသော အခန်းတွင် ထည့်သွင်းတင်ဆက်ခဲ့သည်။

  • (ဃ)လူကြီးမင်းရွှီနေအိမ်

အတွဲ၃တွင်စတင်မိတ်ဆက်ခဲ့သည်။ ကျန်းလျန်တို့၏ဆရာလည်းဖြစ် ကွန်ဖြူးရှပ်ကျောင်း၏နာယကလည်းဖြစ်သော လူကြီးမင်းရွှီနေထိုင်သည်။ ထျန်းမင်က ကုန်းစွန်းလင်လုန်ကို အနိုင်ပြောနိုင်ကြောင်းကြားသဖြင့် ထိုပုဂ္ဂိုလ်က ထျန်းမင်ကို ခေါ်တွေ့ခန်းတွင်ပါဝင်သည်။ ထျန်းမင်နှင့် လူကြီးမင်းရွှီတို့ကျားထိုးပြိုင်ကြသောနေရာလည်းဖြစ်သည်။ အတွဲ၄တွင် လူကြီးမင်းရွှီက ထျန်းမင်ကိုခေါ်၍ တွမ်းမုလုံကို ကယ်နိုင်မည့်နည်းလမ်းရှာတွေ့ပြီဖြစ်ကြောင်းပြောသော အခန်းတွင်လည်း တင်ဆက်ခဲ့သည်။

  • (င)ခန်းမ

အတွဲ၃တွင်စတင် မိတ်ဆက်ခဲ့သည်။ ကွန်ဖြူးရှပ်ကျောင်း၏ ဧည့်ခန်းဖြစ်ပြီး လီစီးနှင့်အပေါင်းအပါများ လာလည်ခန်း ဖူညဲ့က ရန်လူနှင့်ကျန်းလျန်ကို ခေါ်ဆူခန်းတို့တွင် ပါဝင်သည်။

အိပ်မက်လှေ[ပြင်ဆင်ရန်]

ကုန်းစူးချို ပုံဖော်တည်ဆောက်သောလှေဖြစ်သည်။ စန်းဟိုင်မြို့ကို ကင်းလှည့်သော စက်ရုံငှက်များမှာ အိပ်မက်လှေမှ ထွက်ခွာလာခြင်း ဖြစ်သည်။

  • (က)စင်္ကြန်လမ်း

အိပ်မက်လှေတွင်းရှိ အခန်းများကြားတွင်ရှိသည်။ ထျန်းမင် ရှောက်ယွီနှင့်ရှီးလန်တို့ လှေပေါ်ရှိလူများ လူတွေ့မည်စိုး၍ပြေးကြသောအခန်း စီးမင်ကြီး စီးမင်လေးနှင့် ကြယ်တစေတို့ ဝေ့ကျွမ်းအကြောင်းဆွေးနွေးခန်းများတွင်ပါဝင်သည်။

  • (ခ)ရွက်ဝါသစ်ပင်

အတွဲ၄တွင်စတင်မိတ်ဆက်ခဲ့သည်။ မူလကျားဖြူစက်ရုပ်ဝင်တိုက်ခဲ့သော သစ်ပင်ဖြစ်သည်။ ထိုအပင်ကို ရှီးလန်က မိမိတို့အရပ်မှသစ်ပင်ဟုဆိုသည်။ ကြီးမားသောသစ်ပင်တပင်ဖြစ်ပြီး ဝါတောက်တောက်အရွက်များနှင့် အနီရောင်ပင်စည်ရှိသည်။ ယွဲ့အော်က ရှီးလန်တို့၃ဦး အပင်ပေါ်မှ ဆင်းလာပုံကိုကြည့်နေသည့် အတွဲ၄ဇာတ်သိမ်းခန်း၌ပြသခဲ့သည်။

  • (ဂ)လနတ်သမီးအခန်း

လနတ်သမီးနေသောအခန်းဖြစ်သည်။ မူလကျားဖြူစက်ရုပ် အိပ်မက်လှေပေါ်ရှိသစ်ပင်ကို ဝင်တိုက်ချိန် လနတ်သမီးသိကြောင်းပြရာ၌ ဤအခန်းပါဝင်သည်။

ချူစစ်တပ်စခန်း[ပြင်ဆင်ရန်]

ရှောက်ယွီနှင့်ကွဲကွာနေသော ချူစစ်သည်များနေထိုင်သည်။ တောတွင်းတစ်နေရာဖြစ်သည်။ ဂူတစ်ဂူ မြေကွက်လပ်တစ်ကွက်နှင့် ထောင်ချောက်များတပ်ဆင်ထားသော နေရာအဝန်းဝိုင်းအတွင်းတွင် ချူစစ်သည်များ ပုန်းအောင်းနေထိုင်သည်။ အကြီးအမှူးမှာ ရှောင်လုံဖြစ်သည်။ ရှောက်ယွီနှင့် ချူစစ်သည်များ ပြန်လည်တွေ့ဆုံခန်းကို ဤနေရာနောက်ခံထား၍တင်ဆက်ခဲ့သည်။

မဟာတံတိုင်း[ပြင်ဆင်ရန်]

အတွဲ၄တွင်မိတ်ဆက်ခဲ့သည်။ မဟာတံတိုင်းတံခါးဝရှိရုပ်တုကိုဆွဲတင်ရာတွင်ကြိုးပြတ်သဖြင့် ပြုတ်ကျခန်း မဟာတံတိုင်းကို အခြားလူမျိုးများ ဖြတ်ကျော်တိုက်ခိုက်ခန်းများတွင် ပါဝင်သည်။

အတိတ်ဖြစ်ရပ် နောက်ခံနေရာများ[ပြင်ဆင်ရန်]

ဟန်နိုင်ငံနန်းတော်[ပြင်ဆင်ရန်]

ချီလျန့်နေခဲ့သော နန်းတော်ဖြစ်သည်။ ချီလျန့် အတိတ်ကို ပြန်သတိရသော ဇာတ်ဝင်ခန်းတွင် ဤနန်းတော်ကို နောက်ခံထား တင်ဆက်ခဲ့သည်။

ကွေကူဂိုဏ်းနေရာ[ပြင်ဆင်ရန်]

ကယ်နယဲ့နှင့် ဝေ့ကျွမ်းတို့ သိုင်းပညာသင်ယူခဲ့သော နေရာဖြစ်သည်။

ကျေးနားမျှော်စင်[ပြင်ဆင်ရန်]

ဇာမဏီဖြူ၏ အတိတ်ကို တင်ဆက်သော အထူးကာတွန်းရုပ်ရှင် ဇာတ်လမ်းတိုတွင် ပါဝင်သည်။ နုန့်ယွီနေသော မျှော်စင်ဖြစ်သည်။ နုန့်ယွီ စောင်းတီးသောအခါ ကျေးငှက်များက ဤမျှော်စင်သို့ လာရောက်၍နားထောင်ခဲ့ကြသည်။

တောင်ပေါ်ဆေးခန်း[ပြင်ဆင်ရန်]

တွမ်းမုလုံ ပညာသင်ခဲ့သော နေရာဖြစ်သည်။ တွမ်းမုလုံ သတိမေ့ခါနီး မိမိဆရာမကို အောက်မေ့သော ဇာတ်ဝင်ခန်းတွင် တောင်ပေါ်ဆေးခန်း ပါဝင်သည်။

ယန့်နိုင်ငံနန်းတော်[ပြင်ဆင်ရန်]

ကောင်းယွဲ့ နေခဲ့သောနေရာ ဖြစ်သည်။ ချင်စစ်သားများ နန်းတော်ကို လာရောက်မသိမ်းပိုက်ခင်အထိ နေခဲ့သည်။ ကောင်းယွဲ့က ထျန်းမင်ကို မိမိမင်းသမီးဖြစ်ကြောင်း ဝန်ခံသောဇာတ်ဝင်ခန်းတွင် ဤနန်းတော်ကို ပြသခဲ့သည်။

စစ်မြေပြင်[ပြင်ဆင်ရန်]

ရှန့်ရှောက်ယွီ စစ်တိုက်ခန်းများကို စစ်မြေပြင်နောက်ခံထား၍ တင်ဆက်ခဲ့သည်။ မော့ဂိုဏ်းက ချူစစ်တပ်ကို လာရောက်ကူညီခန်း ရှောင်လုံက ရှောက်ယွီကို တပ်ဆုတ်ရန် တိုက်တွန်းခန်းတို့တွင် ပါဝင်သည်။

ချူနန်းတော်ရင်ပြင်[ပြင်ဆင်ရန်]

ချူနိုင်ငံနန်းတော်၏ မင်းရင်ပြင်ဖြစ်သည်။ အတွဲ၄တွင် စတင်မိတ်ဆက်ခဲ့သည်။ ချူမင်းသားရှန့်ရှောက်ယွီကို စစ်ဦးထုပ်ချီးမြှင့်သောနေရာဖြစ်သည်။ ရှောက်ယွီက မိမိဝတ်ဆင်ခဲ့သော စစ်ဝတ်တန်ဆာကို ပြန်တွေ့သောအခါ အတိတ်ကိုသတိရသောအခန်းတွင်ထည့်သွင်းတင်ဆက်ခဲ့သည်။

တံတား[ပြင်ဆင်ရန်]

နှင်းဖြူ၏အတိတ်ကိုဖော်ပြသော ဇာတ်လမ်းပိုင်းတွင်တင်ဆက်ခဲ့သည်။ ကောင်းကျန့်လီအဖမ်းခံရသောအခန်းတွင်ပါဝင်သည်။ စစ်သူကြီးလွှတ်လိုက်သောလူ၃ယောက်နှင့်တိုက်ရာမနိုင်ဘဲ အဖမ်းခံရသောအခန်းတွင် ထည့်သွင်းတင်ဆက်ခဲ့သည်။

ယန့်စစ်သူကြီးအိမ်တော်[ပြင်ဆင်ရန်]

အတွဲ၃တွင်ပါဝင်သည်။ နှင်းဖြူက ထိုစစ်သူကြီးကိုသတ်ခန်း ကောင်းကျန့်လီနှင့် စစ်သူကြီးလူတို့တိုက်ခန်းများပါသော အပိုင်းတွင် ထည့်သွင်းတင်ဆက်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. [၁],Ancient Chinese Animations, The Legend of Qin The Mysteries of Qin’s Moon-Wuxia Edge
  2. [၂],Ancient Chinese Animations, Recaps, The Legend of Qin A Recap of Qin’s Moon Seasons 1-3 -Wuxia Edge
  3. [၃][လင့်ခ်သေ],秦时明月英语课演讲PPT-博泰典藏网
  4. [၄],Qin's Moon Intro II by AuroraExecutionchan
  5. [၅] Archived 4 March 2016 at the Wayback Machine.,秦时明月手游医仙端木蓉介绍- 老虎游戏
  6. [၆] Archived 1 April 2015 at the Wayback Machine.,秦时明月2手游端木蓉|端木蓉怎么样|怎么获得|技能属性|升星加点|霸气 ...
  7. [၇] Archived 4 March 2016 at the Wayback Machine.,秦时明月之君临天下揭人物名字含义命运--人民网江苏视窗--人民网