လန်ဆန်း
|
||||
|
1400 CE Teal: Lan Xang Purple: Lanna Orange: Sukhothai Kingdom Blue Violet: Ayutthaya Kingdom Red: Khmer Empire Yellow: Champa Blue: Dai Viet |
||||
| မြို့တော် | Luang Phrabang, Later Vientiane (Viang Chan) | |||
| ဘာသာစကား | Lao | |||
| ကိုးကွယ်ယုံကြည်မှု | Buddhism | |||
| အစိုးရစနစ် | Monarchy | |||
| King | ||||
| - 1354-1385 | Fa Ngum | |||
| - 1373–1416 | Samsenethai | |||
| - 1548–1571 | Setthathirath | |||
| - 1637-1694 | Sourigna Vongsa | |||
| ခေတ်ကာလ | Middle Ages and Renaissance | |||
| - Founded by Fa Gnum | 1354 | |||
| History of Laos | |
| 150px This article is part of a series |
|
| Early history of Laos | |
| လန်ဆန်း (၁၃၅၃-၁၇၀၇) | |
| Dark ages of Laos (၁၇၀၇-၁၈၉၃) | |
|---|---|
| လွမ်ပရာဘွမ်၊ ဗီယင်ကျန်း၊ ချမ်ပါဆက်၊ Muang Phuan | |
| French Laos (၁၈၉၃-၁၉၅၃) | |
| Lao Issara (၁၉၄၅-၄၉) | |
| လွတ်လပ်ပြီး လာအိုနိုင်ငံ (၁၉၅၄-၇၅) | |
| Pathet Lao | |
| North Vietnamese Invasion | |
| Laotian Civil War (၁၉၅၃-၇၅) | |
| Communist Laos (1975–present) | |
| Insurgency in Laos (since 1975) | |
|
Laos Portal |
လာအိုဘုရင့်နိုင်ငံဖြစ်သော လန်ဆန်းဘုရင့်နိုင်ငံ (kingdom of Lan Xang) (Template:Lang-lo lâansâang - ລ້ານ "million" + ຊ້າງ "elephant"; Template:Lang-pi, Sisattanakhanahut; Burmese:
, | caption = Flag of Kingdom of Burma
| dates = 849–1885 | country =
Kingdom of Burma | allegiance = | branch = Palace Guards
Capital Defense Corps
Artillery Corps
Elephantry Corps
Cavalry Corps
Infantry Regiments
Navy | type = Army, Navy | role = Military force | size = 70,000 men at its height | command_structure = | garrison = | Past_commanders = | ceremonial_chief = | notable_commanders = Kyansittha, Minyekyawswa, Bayinnaung, Alaungpaya, Maha Nawrahta, Maha Thiha Thura, Maha Bandula | nickname = | patron = | motto = | colors = | march = | mascot = | battles = Mongol invasions
Forty Years' War
Toungoo-Hanthawaddy War
Burmese–Siamese wars
Konbaung-Hanthawaddy War
Sino-Burmese War (1765–1769)
Anglo-Burmese wars | anniversaries = | decorations = | battle_honours = }}; Template:Lang-vi) ကို ၁၃၅၄ခုနှစ်တွင် လာအိုဘုရင် ဖငွန် (Fa Ngum) မှ စတင်တည်ထောင်ခဲ့သည်။
ရှေး မင်းမျိုးနွယ်ဖြစ်သော မင်းသား ဖငွန်သည် ကမ္ဘောဒီးယားသို့ ထွက်ပြေးတိမ်းရှောင်နေရင်း ခမာဘုရင်၏ သမီးတော်နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ ၁၃၄၉တွင် ဖငွန်သည် လူသူစစ်သည်ဗိုလ်ပါ ၁၀,၀၀၀ ပါသော စစ်တပ်ကြီးကို ဦးဆောင်လျှက် ကမ္ဘောဒီးယားပြည် အန်ကောမှ သူ၏လာအိုပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ဖငွန်သည် သစ္စာခံသောနယ်များကို လာအိုအခေါ် မွမ် (ပြည်နယ်)များ အဖြစ်သိမ်းယူသတ်မှတ်လိုက်သည်။ ခမည်းတော်နှင့် နောင်တော်များထံမှ အာဏာသိမ်းယူကာ ၁၃၅၄တွင် ဗီယင်ကျန်းမြို့၌ လန်ဆန်းဘုရင်အဖြစ် ဘိသိက်ခံခဲ့သည်။ ဆင်ကောင်ရေတစ်သန်းဟု အဓိပ္ပါယ်ရသော လန်ဆန်းနိုင်ငံအတွက် နယ်မြေချဲ့ထွင် သိမ်းပိုက်ခဲ့ရာ ထိုခေတ်က အရှေ့တောင်အာရှတွင် အကြီးမားဆုံးသော ဘုရင့်နိုင်ငံများတွင် ပါဝင်ခဲ့သည်။ ဖငွန်အုပ်ချုပ်သော အစောပိုင်းနှစ်များတွင် အခက်အခဲမရှိသော်လည်း နောက်ပိုင်း (၆)နှစ် (၁၃၆၂-၁၃၆၈) အတွင်း ဒေသတွင်းရိုးရာယုံကြည်ကိုးကွယ်မှုဖြစ်သော ထေရဝါဒဗုဒ္ဓဘာသာ နှင့် သူ၏ယုံကြည်မှုဖြစ်သော မဟာယနဗုဒ္ဓဘာသာအကြား ပဋိပက္ခဖြစ်လာခဲ့သည်။ ဘုန်းကြီးကျောင်းပေါင်းများစွာကို ဖျက်ဆီးခဲ့သည်။ ပြင်းထန်စွာနှိပ်ကွပ်ခဲ့သည်။ ၁၃၆၈တွင် ဖငွန်၏ မိဖုရား ခမာမင်းသမီး ကွယ်လွန်သည်။ ထို့နောက်တွင် သူသည် အယုဒ္ဒယဘုရင်၏ သမီးတော်နှင့် လက်ထပ်ခဲ့ပြန်သည်။ ထိုမင်းသမီးသည် သူ၏ ကြင်ယာတော်အပေါ် ဩဇာလွှမ်းမိုးနိုင်ပြီး အယုဒ္ဒယမှ ဗုဒ္ဒရုပ်ပွားဆင်းတုတော်များကို နောင်တွင် လွမ်ပရာဘွမ်ဟု အမည်တွင်မည့် ပရာဘွမ်မြို့တော်သို့ ပင့်ဆောင်လာခဲ့သည်။ ၁၃၇၃တွင် ဖငွန်သည် မွမ်နန် (Muang Nan) သို့ ဆုတ်ခွာခဲ့သည်။ ယူနန်ပြည်သို့ထွက်ပြေးတိမ်းရှောင်နေခဲ့သော သားဖြစ်သူ အွန်ဟွမ် (Oun Heuan) ပြန်လည်ရောက်ရှိလာပြီး ၁၃၉၃တွင် ဖခင် ဖငွန်ကွယ်လွန်ပြီးနောက်၌ ထိုင်းသုံးသိန်းဟု အမည်ရသော ဆမ်ဆင်နက်ထိုင်း (Samsenethai) ဟု ဘွဲ့အမည်ခံကာ လန်ဆန်းပြည်ကို ဆက်လက်အုပ်ချုပ်ခဲ့သည်။ မဲခေါင်ဒေသတွင် မွန်ဂိုတို့၏ ဩဇာလွှမ်းမိုးမှုကို အဆုံးသတ်စေခဲ့သည်။ လာအိုလူမျိုး၊ ထိုင်းလူမျိုးနှင့် အခြားလူနည်းစုတိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော လန်ဆန်းပြည်သည် နောင် နှစ်ပေါင်း ၃၀၀ တိုင်အောင် ကြာမြင့်ခဲ့သည်။ ဖငွန်၏ အဆက်အနွယ်ဖြစ်သူများသည် ဖငွန်သေဆုံးပြီးနောက် နှစ်ပေါင်း (၆၀၀) ကြာသည့်အချိန်တွင် ထီးနန်ဆက်ခံခဲ့ပြန်သည်။ ၁၇ရာစုနှစ်ကုန်အထိ လက်အောက်ခံနယ်စားများဖြင့် လန်ဆန်းပြည်ကြီး လွတ်လပ်စွာတည်ရှိနေခဲ့သည်။ သို့ရာတွင် သမိုင်းမှတ်တမ်းများအရ ဗီယက်နမ်တို့က (၁၄၇၈-၇၉) တွင်လည်းကောင်း၊ ထိုင်းတို့က ၁၅၃၆တွင်လည်းကောင်း၊ မြန်မာတို့က (၁၅၇၁-၁၆၂၁) တွင်လည်းကောင်း တိုက်ခိုက်ခြင်းကို ခံခဲ့ရသေးသည်။ ၁၆၉၄တွင် မင်းအဖြစ်အာဏာလုကြရာမှ စစ်ပွဲများ ဖြစ်ပွားကာ ၁၇၀၇ခုနှစ်တွင် လွမ်ပရာဘွမ်ဘုရင့်နိုင်ငံ၊ ဗီယင်ကျန်းဘုရင့်နိုင်ငံနှင့် ချမ်ပါဆက်ဘုရင့်နိုင်ငံဟူ၍ ၃ပိုင်းကွဲသွားခဲ့သည်။ သို့သော်လည်း ၎င်းတို့အားလုံးသည် အယုဒ္ဒယဘုရင်၏ သစ္စာခံများအဖြစ် ရပ်တည်ခဲ့ကြသည်။ မွမ်ဖွမ် (Muang Phuan) သည် ၁၅ရာစုတွင် ဗီယက်နမ်တို့၏ သစ္စာခံအဖြစ် ရပ်တည်ခဲ့သည်။
