လင်းဆွဲ

ဝီကီပီးဒီးယား မှ
လင်းဆွဲ (Megabat)
The image depicts a group of large bats hanging from a tree
A colony of Little Red Flying Foxes (Pteropus scapulatus)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Chiroptera
Superfamily: Pteropodoidea
မျိုးရင်း: Pteropodidae
Gray, 1821
အမျိုးအစား မျိုးစု
Flying Foxes
Brisson, 1762
မျိုးရင်းခွဲ
Distribution of megabats
Synonyms

Pteropidae (Gray, 1821)[၁]
Pteropodina C. L. Bonaparte, 1837

လင်းဆွဲ (Megabat) သည် လင်းနို့အကောင်ကြီးမျိုးပင်ဖြစ်သည်။ ဦးခေါင်းနှင့် ကိုယ်ထည်သည် တစ်ပေခန့်ရှည်၍ အတောင်နှစ်ဖက်စွန်းကို ဖြန့်၍ တိုင်းထွာကြည့်လျှင် လေးပေမှ ငါးပေအထိ ရှည်လျားသည်ကို တွေ့ရသည်။ လင်းဆွဲသည် ခြံဥယျာဉ်များ၌ လူတို့စိုက်ပျိုးထားသော သစ်သီးဝလံများကို ညဉ့်အချိန် လိုက်လံစားသောက်ဖျက်ဆီးတတ်၍ လင်းနို့မှာမူ ကား ပိုးမွှားများကိုသာ လိုက်လံစားသောက်လေ့ရှိသည်။ ဤခြားနားချက်မှ လွဲ၍ လင်းဆွဲနှင့် လင်းနို့တို့သည် အလေ့အထချင်း အစစတူညီကြသည်။ လင်းဆွဲသည် တာရိုပီဒီးမျိုးရင်းတွင် ပါဝင်၍ ပါဏဗေဒအလို အားဖြင့် တာရိုပပ် အီဒူလစ်ဟုခေါ်သည်။ မျက်နှာနှင့် နှာတံသည် မြေခွေး နှင့်တူသည်။ လင်းဆွဲကို အာရှတိုက်ဩစတြေးလျတိုက်မက်ဒါဂက်စကာကျွန်းရှိ အပူပိုင်းဒေသများနှင့် ဆမိုးအကျွန်း အရှေ့ပိုင်းတို့တွင်သာ တွေ့နိုင်သည်။ လင်းဆွဲအမျိုးမျိုးရှိရာ မလေးကျွန်းစုများတွင် အမျိုးပေါင်း အတော်များများကိုတွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံ၌လည်း လင်းဆွဲများကို အမြောက်အမြားတွေ့ရှိရသည်။ သို့သော် အကြီးစားမျိုးမဟုတ်ပေ။ ရွာထိပ်သစ်ပင်ကြီးများ၏ အကိုင်းများတွင် ဦးခေါင်းစောက်ထိုး ထား၍ချိတ်ကာ တွဲလဲဆွဲနေသော လင်းဆွဲများကို တွေ့ရသည်မှာ သစ်သီး များ ပင်လုံးပြည့်မျှ သီးနေဘိသကဲ့သို့ထင်ရ၍ အတော်ပင် စိတ်ဝင်စားဖွယ် ကောင်းပေသည်။ တစ်နေ့လုံး တွဲလဲဆွဲ၍ အိမ်နေကြရာမှ မှောင်စပျိုး သည်နှင့် အစာထွက်ရှာရန် အုပ်လိုက်ချီ၍ ပျံသန်းထွက်သွားကြလေသည်။ လင်းအားကြီးလောက်မှ မိမိတို့နေရာ သစ်ပင်အသီးအသီးသို့ ပျံလာကြပြန် သည်။ လင်းဆွဲများသည် ခြံဥယျာဉ်များ၌ စိုက်ပျိုးထားသော သစ်သီးသစ် ရွက်များကို ဖျက်ဆီးစားသောက်ကြသောကြောင့် လူတို့ အလွန်မုန်းတီးကြ ရာ ညဉ့်အချိန်များတွင် ပိုက်ကွန်များဖြင့်ထောင်၍ ဖမ်းဆီးသတ်ဖြတ်ကြ သည်။ လင်းဆွဲအသားသည် ယုန်သားကဲ့သို့ နူးညံ့သဖြင့် လူတို့စားကြသည်။[၂]

Megabats of various subfamilies. Clockwise from upper left: greater short-nosed fruit bat (Cynopterinae), Indian flying fox (Pteropodinae), Egyptian fruit bat (Rousettinae), eastern tube-nosed bat (Nyctimeninae).

ကိုးကား[ပြင်ဆင်ရန်]

  1. McKenna၊ M. C.; Bell၊ S. K. (1997)။ Classification of mammals: above the species level။ Columbia University Press။ p. 296ISBN 9780231528535
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)