လင်ဇီးမှို
Wikipedia မှ
| လင်ဇီးမှို | |
| သိပ္ပံနည်းကျမျိုးခွဲခြင်း | |
| လောက | Fungi |
| မျိုးပေါင်းစု | Basidiomycota |
| မျိုးပေါင်း | Agaricomycetes |
| မျိုးစဉ် | Polyporales |
| မျိုးရင်း | Ganodermataceae |
| မျိုးရင်းသေး | |
| မျိုးဇာတ် | |
| မျိုးစု | Ganoderma |
| မျိုးစိတ် | G. lucidum |
| ဒွိနာမ | |
| Ganoderma lucidum (Curtis) P. Karst |
|
| [[Image:|250px]] | |
[ပြင်ဆင်ရန်] လင်ဇီးမှို
လင်ဇီးသည် မှိုတစ်မျိုးသာ ဖြစ်သည်။ လင်ဇီး၏ အသံထွက်အမှန်မှာ လိန်ကျီး (Ling Zhi) ဖြစ်သည်။ သို့သော် မြန်မာမှာ စကတည်းက မှားလာခဲ့တော့ အမှားကြာ၊ အမှန်ဖြစ်ရာက လင်ဇီးဟု လူသိများခဲ့သည်။ လင်ဇီး၏ ရုက္ခဗေဒအမည်မှာ Ganoderma Lucidum ဖြစ်သည်။ လင်ဇီးကို အနှစ်တစ်သောင်းမှိုဟုလည်း ခေါ်ကြသေးသည်။ လင်ဇီးသည် ခြောက်သွေ့သွားပေမဲ့ အနှစ်တစ်သောင်းကြာသော်လည်း ပုပ်ပြီးဆွေးသွားခြင်း အရှိပေ။ တောက်ပြောင်လှပဆဲဟု ဆိုပါသည်။
ယခင်က လင်ဇီးမှိုသည် သဘာဝပေါက်ရောက်မှု သိပ်နည်းပြီး များများစိုက်ပျိုး၍ မရခဲ့ပါ။ ယခုအခါ အများအပြား စိုက်ပျိုး၍ ရလာပါသည်။ လင်ဇီးမှိုတွင်
- အစိမ်းရောင်လင်ဇီးမှို၊
- အနီရောင်လင်ဇီးမှို၊
- အဝါရောင်လင်ဇီးမှို၊
- အဖြူရောင်လင်ဇီးမှို၊
- အနက်ရောင်လင်ဇီးမှိုနှင့်
- ခရမ်းရောင်လင်ဇီးမှိုဟူ၍ (၆)မျိုးရှိသည်။
[ပြင်ဆင်ရန်] ကိုးကား
- ↑ မောင်မောင်လှိုင်(အပ်စိုက်ကု) ရေးသော ကျန်းမာရေးအတွက် လင်ဇီး စာအုပ်မှ၊ ၂၀၀၉၊ မတ်လ