လက်ပ်တော့ပ် ကွန်ပျူတာ
Laptop Computer (ပေါင်ပေါ်တင်ထားလို့ရတဲ့ ကွန်ပျူတာ) ဆိုတာ ဒါမှမဟုတ် ခပ်လွယ်လွယ် Laptopဆိုတာ ပြောင်းရွေ့သယ်ယူလို့ရတဲ့ ကျွန်ပျူတာအသေးလေးတွေကိုပြောတာပါ။ တစ်ခြားနာမည်တွေအနေနဲ့ Notebook Computer(မှတ်စုစာအုပ်အရွယ်ကွန်ပျူတာ)၊ ကွန်ပျူတာဆိုတာကြီးမထည့်ပဲနဲ့ Notebook လို့လည်း လွယ်လွယ်ခေါ်ကြပါတယ်။ သူ့ရဲ့အလေးချိန်ကတော့ ၂.၂ပေါင်ကနေ ၁၈ ပေါင်(၁ ကီလိုဂရမ်ကနေ ၆ ကီလိုဂရမ်အထိ)အလေးချိန်ရှိပါတယ်။ အရွယ်အစား၊ ပါဝင်တဲ့ပစ္စည်း၊ အခြားအချက်တွေအပေါ်မူတည်ပြီး အလေးချိန်ကွဲပြားသွားပါတယ်။
Personal Computer (တစ်ကိုယ်ရည်သုံးကွန်ပျူတာ)အနေနဲ့ laptops တွေဟာ Desktop Computer (စားပွဲတင်ကွန်ပျူတာ) တွေနဲ့ စွမ်းဆောင်ရည်အတူတူပါပဲ။ ဒါပေမယ့် ဈေးခြင်းတူမယ်ဆိုရင်တော့ စွမ်းဆောင်ရည်နိမ့်သွားတတ်ပါတယ်။ (ဥပမာ - Desktop Computer ကောင်းကောင်းတစ်လုံးရဲ့တန်ဖိုးနဲ့ Laptop Computer ဆိုရင် အတော်အသင့်လောက်ပဲရနိုင်ပါတယ်) laptops တွေမှာ desktops တွေမှာ ပါတဲ့အစိတ်အပိုင်းတွေအကုန်ပါပါတယ်။ လုပ်ဆောင်နိုင်စွမ်းလည်းအတူတူပါပဲ။ ဒါပေမယ့်မတူတဲ့အချက်ကတော့ Laptops တွေကို သယ်လို့လွယ်အောင် ပါဝင်တဲ့အစိတ်အပိုင်းတွေကို သေးနိုင်သမျှသေးအောင်၊ ရွေ့လျားအသုုံးပြုတဲ့အခါမှာ စွမ်းဆောင်ရည်အကောင်ဆုံးဖြစ်အောင်၊ လျှက်စစ်ပါဝါအသုံးပြုမှုနည်းပါးအောင် စီစဉ်ဆောင်ရွက်ထားတတ်ကြပါတယ်။ Laptops တွေမှာလျှပ်စစ်ပါဝါပင်ရင်းဖြစ်တဲ့ Battery ကိုထည့်သွင်းတည်ဆောက်ပေးထားလေ့ရှိပါတယ်။ Speaker, Mic, Web camစတဲ့ မီဒီယာဆက်စပ် ၏ပစ္စည်များ Bluetooth, Wifi , lan, Modem နက်ဝပ်ချိတ်ဆက်စနစ်များလည်း ထည့်သွင်းပါလေ့ရှိပြီး အခုနောက်ပိုင်းမှာ Parallel Port နှင့် Serial Port (Com Port) များချန်လှပ်ထားကာ USB Port များသာထည့်သွင်းလာပါတယ်။