လက်ပံတောင်းတောင်သပိတ် အရေးအခင်း

ဝီကီပီးဒီးယား မှ

လက်ပံတောင်းတောင် သပိတ်အရေးအခင်းသည်၊ လက်ပတောင်း၊ ဆားလင်းကြီးမြို့မုံရွာတဘက်ကမ်းတွင်တည်ရှိသည့် ကြေးနီစီမံကိန်းအား ရပ်ဆိုင်းရေးအတွက် ဒေသခံ ရွာသူရွာသားများမှ ဆန္ဒပြသပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။ ထိုကြေးနီစီမံကိန်းအား ကန့်ကွက်ရန် စတင်ဆန္ဒပြခဲ့ကြသူများမှာ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်မှ လယ်သမားအရေးလုပ်ဆောင်သူ ကိုဝေဠု၊ ဝက်မှေးရွာသူဖြစ်သည့် မသွဲ့သွဲ့ဝင်း၊ မအေးနက် နှင့် မဖြူဖြူဝင်းတို့သည်၊ မုံရွာ ဆုတောင်းပြည့် ဘုရား၌ ဝတ်ပြုဆုတောင်းခဲ့ရာမှ ဩဂုတ်လ ၃၀ရက် ၂၀၁၂ နေ့တွင် အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ၁၄ရက်မျှ အဖမ်းခံရပြီးနောက်ပိုင်း ၎င်းတို့အားလုံး ပြန်လည်လွတ်မြောက်ခဲ့သည်။[၁] ၎င်းတို့ပြန်လွတ်မီ ၁ရက်အလိုတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့် အစိုးရ အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းမှုများရှိခဲ့ပြီး လိုက်လျောမှုတချို့လည်း ရရှိခဲ့သည်။ တောင်းဆိုမှု သုံးချက်တွင် ဖမ်းဆီးခံရသူများ ပြန်လည်လွှတ်ပေးရေး၊ ဆန္ဒပြမည့်သူများကို ဖမ်းဆီးခြင်းမပြုလုပ်ရန်၊ ကြေးနီစီမံကိန်းအား ရပ်တန့်ထားရန် တောင်းဆိုခဲ့သော်လည်း၊ အာဏာပိုင်တို့မှ ဒုတိယအချက်ကို လိုက်လျောခဲ့ပြီး၊ ဆန္ဒပြမည့်သူများကို ဖမ်းဆီးခြင်း ထပ်မလုပ်ရန် ကတိပေးခဲ့သည်။

တောင်းဆိုခဲ့သည့် ပထမအချက်သည်၊ အာဏာပိုင်တို့မှ တရားဥပဒေအရ အရေးယူရခြင်းဖြစ်သောကြောင့် ဥပဒေအကြောင်းအရသာ ပြန်လည်လွှတ်ပေးမည်ဟု ဖြေကြားခဲ့သည်။ [၂]

ဦးပိုင်ကုမ္ပဏီ နှင့် ဝမ်ပေါင်[ပြင်ဆင်ရန်]

ထိုစီမံကိန်းအား ပူးတွဲလုပ်ဆောင်နေသည့် ဦးပိုင်ကုမ္ပဏီ နှင့် ဝမ်ပေါင်ကုမ္ပဏီတို့မှ လက်ရှိဖြစ်ပျက်နေသည့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများသည့် ၎င်းတို့၏ စီမံကိန်းများကြောင့် မဟုတ်ဟုဆိုကာ ဂရန်းမီးရထားဟော်တယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ငြင်းဆိုခဲ့သည်။ ထိုဒေသရှိ စပယ်တောင် နှင့် ကြေးစင်တောင်များ ပျောက်သွားခဲ့သော်လည်း၊ ကုမ္ပဏီမှ တောင်များကို ပြန်လည်ပုံဖော်၍ သစ်ပင်များပြန်လည်စိုက်ပျိုးပေးမည်ဖြစ်ကြောင်းလည်း ဖြေကြားခဲ့သည်။ [၃]

ရန်ကုန်၌ ဆန္ဒပြ[ပြင်ဆင်ရန်]

ထိုစီမံကိန်းအားရပ်တန့်ရန် လိုလားသူများမှလည်း ရန်ကုန်မြို့တွင် လူတထောင်ခန့် ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲသည် မည်သည့်အဖွဲ့အစည်း မည်သည့်ပုဂ္ဂိုလ်များမှ ဦးဆောင်လုပ်ကိုင်ခြင်းမဟုတ်ဘဲ၊ ငြိမ်းချမ်းမှု တရားမျှတမှုကို ချစ်မြတ်နိုးသည့် ပြည်သူများ စုပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းပါဝင်ခဲ့သူများမှ ထုတ်ဖော်ပြောဆိုခဲ့သည်။ [၄]

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

လက်ပံတောင်းတောင်အစီရင်ခံစာ

ကိုးကား[ပြင်ဆင်ရန်]

  1. ကြေးနီ စီမံကိန်း ကန့်ကွက်သူ အားလုံး လွတ် http://www.bbc.co.uk/burmese/burma/2012/09/120914_coppermine_activists_released.shtml
  2. ကြေးနီ စီမံကိန်း ဆန္ဒပြသူတွေ ထပ်မဖမ်း ဘူးလို့ ကတိပေး http://www.bbc.co.uk/burmese/burma/2012/09/120913_coppermine_88students.shtml
  3. လက်ပံတောင်းတောင် သဘာဝ ပျက်စီးမှု ကြေးနီစီမံကိန်းကြောင့် မဟုတ်လို့ ဆို http://www.bbc.co.uk/burmese/burma/2012/09/120929_copper_project_company_presser.shtml
  4. ကြေးနီ စီမံကိန်းလုံးဝရပ်ဆိုင်းရေး ရန်ကုန်မှာ ဆန္ဒပြ http://www.bbc.co.uk/burmese/burma/2012/11/121126_copper_rangoon.shtml