ရှိုပန်၊ ဖရက်ဒရစ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
၂၅ နှစ်သား ရှိုပင် ကို ၁၈၃၅ တွင် တွေ့ရစဉ်

ရှိုပန်၊ ဖရက်ဒရစ် (ခရစ် ၁၈၁ဝ-၁၈၉၄)[ပြင်​ဆင်​ရန်​]

အနောက်တိုင်း ဂီတလောကတွင် စန္ဒရား တီးလုံးတီးကွက် များ ရေးသားရာ၌လည်းကောင်း၊ စန္ဒရားတီးရာ၌လည်းကောင်း အတော်ဆုံးသော ဂီတပညာရှင်တစ်ဦးကား ဖရက်ဒရစ်ဖရန်ဆွာ ရှုပန် ဖြစ်သည်။ ရှိုပန်သည် စန္ဒရားတစ်မျိုးတည်းအတွက် ထူးချွန်သည်။ ယင်း၏ တီးလုံး တီးကွက် သံရိုးသံသဆန်းတို့ သည် နားဆင်ရသူအပေါင်း၏ စိတ်နှလုံးကို သိမ်းကျုံးဆွဲငင်နိုင် စွမ်း ရှိ၍ ယင်း၏ စန္ဒရားလက်သံသည် သူမတူအောင် ငြိမ့် ညောင်း သာယာလှပေသည်။ ရှိုပန်နှင့် ခေတ်ပြိုင်၊ ပညာပြိုင် ဖြစ်ကြသောဖရန့်လဇ္ဇ၊ မယ်ဒယ်ဇုန် အစရှိသည့် ဂီတပါရဂူကြီး များကပင် ရှိုပန်၏ ထူးခြားသောဂီတစွမ်းရည်ကို ချီးကျူးကြရ လေသည်။( မင်ဒယ်ဇုန် ဂျေ၊ အယ်၊ အက်(ဖ)။လဇ္ဇ ဖရန့်။) ဂီတပါရမီရှင် ရှိုပန်သည် အဘပြင်သစ်လူမျိုး၊ အမိ ပိုလန်သူတို့မှ ဆင်းသက်လာသူဖြစ်၍ ပိုလန်ပြည် ဝါဆောမြို့ အနီး၌ ၁၈၁ဝ ပြည့်နှစ်တွင် မွေးဖွားခဲ့သည်။ ဂီတဝါသနာဗီဇ ပါလာသူဖြစ်၍ ငယ်စဉ်က ဗိုဟီးမီးယန်းလူမျိုး ဂီတဆရာဇီမီ ထံ၌ ဂီတပညာ သင်ယူစဉ်ကပင် စန္ဒရားအတီး၌ အစွမ်းအစ ရှိကြောင်းပြလာသည်။ ထို့ကြောင့် ကိုးနှစ်သားမပြည့်မီကပင် ဂီတပသောကပွဲကြီးတစ်ခု၌ လူထုပရိသတ်ကြီးရှေ့တွင် စန္ဒရား တီးပြခဲ့ရာ လူထု၏ ချီးကျူးထောပနာပြုခြင်းကို ခံယူခဲ့ရသည်။ နောင်အခါ ဘခင်ဖြစ်သူ ပြင်သစ်ဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်လျက်ရှိသော ဝါဆောမြို့ လိုင်စီယမ် ကျောင်းတော် ကြီးတွင် စာပေပညာဆည်းပူးသည်။ သို့သော် တစ်ဖက်တွင် ဝါဆောမြို့ရှိ ဂီတအနုပညာ သင်ကျောင်း၌လည်း ရေးစပ်ခဲ့ သည်။ ထိုကဲ့သို့ စာပေတစ်ဖက်၊ ဂီတတစ်ဖက် လေ့လာ လိုက်စားခဲ့၍ အားလပ်ချိန်မရှိအောင် ဖြစ်ခဲ့သဖြင့် ရှိုပန်၏ ကျန်းမာရေးသည် ချို့တဲ့လာခဲ့လေသည်။

၁၈၂၉ ခုနှစ်တွင် ရှိုပန်သည် ဗီယင်းနားမြို့သို့ သွား ရောက်သည်။ ထိုမှတစ်ဖန် ဗရက်ဇလိုး၊ ဒရက်ဇဒင်၊ ပရာဟ အစရှိသော ဥရောပမြို့ကြိးများ၌ လှည့်လည်၍ စန္ဒရားတီးပြ ပြီးနောက် ပါရစ်မြို့သို့ ရောက်လာသည်။ ပါရစ်မြို့သို့ ရောက် သည့်အချိန်တွင် ရှိုပန်သည် ငွေကြေးပြတ်လတ်နေပြီးလျှင် စိတ်ပျက်အားငယ်နေလေသည်။ သို့သော် ရှိုပန်၏ ဂီတပညာ စွမ်းကို သိလာကြ၍ ဝိုင်းဝန်းချီးမြှင့် မြေ|ာက်စားလာကြရာ အထူးသဖြင့် အထက်တန်းစား အသိုင်းအဝိုင်းတွင် ရှိုပန်သည် အလွန်မျက်နှာပွင့်လန်းခဲ့သည်။ ထိုစဉ်က ပါရစ်မြို့တွင် ရှိနေကြ သော ဂီတနှင့် အနုပညာရှင်ကြီးများ ဖြစ်ကြသည့် ဖရန့်လဇ္ဇ၊ ဗေးရလီအိုး၊ မယ်ဒယ်ဇုန်၊ ဗောလဇက်၊ ဟိုင်းနရစ်ဟိုင်းန စသည်တို့နှင့်လည်း သိကျွမ်းရင်းနှီးခွင့်ရခဲ့သည်။

ပါရစ်မြို့တွင် မိတ်ဟောင်းဆွေကောင်းများနှင့် တွေ့ဆုံ၍ ကိုယ်စိတ်ချမ်းသာစွာ နေထိုင်ရသော်လည်း ရှိုပန်၏ ဂီတပညာ ကို ထိုခေတ်ပြင်သစ်ဂီတလောကက အားပေးသင့်သလောက် အားပေးချီးမြှင့်ခြင်း မပြုခဲ့ချေ။ ထိုက်သင့်သည့်အတိုင်းသာ ချီးမြှင့်ခဲ့ပါလျှင် ရှိုပန်သည် တီးလုံး တီးကွက်များ ပုံနှိပ် ရောင်းချခြင်းဖြင့်ပင် ကြွယ်ဝချမ်းသာနိုင်ခဲ့ပေမည်။ ထိုသို့ အားပေးမှု မရခဲ့သဖြင့် ရှိုပန်သည် ဂီတသင်ဆရာအဖြစ်သာ ဆောင်ရွက်ခဲ့ရလေသည်။

ရှိုပန်သည် အမျိုးသမီးလောက၌ အထူးသဖြင့် ခေတ်စား သူ ဖြစ်သည်။ ဂီတပါရဂူကြီးလဇ္ဇ၏ မိတ်ဖွဲ့ပေးမှုကြောင့် ထိုစဉ်က ဂျော့ဆန်းအမည်ခံ စာရေးဆရာမအကျော်အမော် မဒမ်ဒျူဗန်းနှင့် ရင်းနှီးခဲ့ကြသည်။ ရှိုပန်သည် ကျန်းမာရေး ချို့တဲ့မှုကြောင့် ချောင်းဆိုးသွေးပါ ရောဂါဖြစ်လာသဖြင့် မဒမ်ဒျူဗန်းက ဂရုတစိုက်ပြုစု စောင့်ရှောက်ပေးလေသည်။ ၁၈၃၆ ခုနှစ်တွင် ရှိုပန်၏ ကျန်းမာရေးအတွက် မဒမ် ဒျူဗန်းက ရှိုပန်အား မဂျော်ကာကျွန်း(စပိန်)သို့ ခေါ်ဆောင်သွား သည်။ သို့သော် ထိုကျွန်းမှ ပြန်လာပြီးနောက်ပိုင်းတွင် သူတို့ နှစ်ဦး စိတ်သဘောချင်း မတိုက်ဆိုင်ကြတော့ဘဲ အမုန်းကြီး မုန်းသွားကြသည်။ ယင်းတို့နှစ်ဦး သင့်မြတ်နေခဲ့စဉ်က ရှိုပန် သည် အကောင်းဆုံးသော သံရိုးသံဆန်း တေးကွက်များကို စပ်ဆိုနိုင်ခဲ့သည်။ သူတို့နှစ်ဦး မုန်းကြပြီးနောက်တွင် ရှိုပန် သည် လက်စွမ်းပြ တီးလုံးတီးကွက်များကို မစပ်ဆိုတော့ချေ။ ရောဂါအခြေအနေလည်း ပို၍ ဆိုးလာသည်။ ၁၈၄၈ ခုနှစ်တွင် ရှိုပန်သည် အင်္ဂလန်ပြည်အက်ဒင်ဗာရာမြို့သို့လည်း သွားရောက် ခဲ့သေးသည်။ ထိုမြို့သို့ ရောက်ပြီး နောက်တွင် ရောဂါအခြေ အနေ အလွန်ဆိုးရွားလာသဖြင့် ပါရစ်မြို့သို့ ပြန်လာရာ ၁၈၄၉ ခုနှစ် အောက်တိုဘာလတွင် ကွယ်လွန်လေသည်။

ရှိုပန်သည် အမိဘက်ကို နွယ်သဖြင့် ဇာတိဌာနေ ပိုလန် ပြည်ကို ချစ်မြတ်နိုးသည်။ များသောအားဖြင့် ရှိုပန်၏ တီးလုံး တေးသွားတို့၌ ပိုလန်ရိုးရာ တေးသံသီချင်းများကို မှီး၍ ထား သည်။ယင်း၏အလွမ်းအဆွေး တီးလုံးတေးသွားများသည် သူ၏ ဌာနေ ပိုလန်ပြည်၏ ကံဆိုးပုံကို စောင်းပါးရိပ်ခြည် ရိုးမယ်ဖွဲ့ ထားခြင်းများ ဖြစ်ကြလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)