ရှိတ်ဟာဆီနာ (ဘင်္ဂလာဒေ့ရှ် ဝန်ကြီးချုပ်)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရှိတ်ဟာဆီနာ
Sheikh-hasina .jpg
ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ်
မွေးသက္ကရာဇ် ၁၉၄၇- ခု စက်တင်ဘာလ (၂၈)ရက်
အမည်ရင်း
မိဘအမည်
မွေးဖွားရာဒေသ ဂိုပါလ်ဂန်ခရိုင်၊ တွန်ဂျီပါရာမြို့
နိုင်ငံသား
လူမျိုး
ကိုးကွယ်သည့်ဘာသာ
ပညာအရည်အချင်း ဘွဲ့ရ
အလုပ်အကိုင်
ကြင်ဖော်
သားသမီး သားတစ်ဦးနှင့် သမီးတစ်ဦး
ထင်ပေါ်ကျော်ကြားမှု ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ်
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက်
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက်



ရှိတ်ဟာဆီနာ (Sheikh Hasina)သည် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ၏ လက်ရှိ ဝန်ကြီးချုပ်ဖြစ်သည်။ ၁၉၄၇ ခု စက်တင်ဘာလ (၂၈)ရက်တွင် ဂိုပါလ်ဂန်ခရိုင်၊ တွန်ဂျီပါရာမြို့၌ မွေးဖွားခဲ့သည်။

မာတိကာ

[ပြင်​ဆင်​ရန်​] ငယ်စဉ်ဘဝ

ရှိတ်ဟာဆီနာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးကို ရယူပေးခဲ့သည့် ဘန်ဂါဘန်ဒူ ရှိတ်မူဂျီဘူရာမန် ၏ သားသမီး ငါးဦးအနက် အကြီးဆုံးသမီး ဖြစ်သည်။ သူမသည် ဒါကာတက္ကသိုလ် မှ ၁၉၇၃ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ ကျောင်းနေစဉ်ကာလကတည်းက လူထုလှုပ်ရှားမှုများအားလုံးတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

[ပြင်​ဆင်​ရန်​] နိုင်ငံရေးသမားဘဝ

၁၉၈၆ ခုနှစ်တွင် ကျင်းပသည့် ပါလီမန်ရွေးကောက်ပွဲတွင် အဝါမီလိဂ်ပါတီကို ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမတ်နေရာ (၃)နေရာ အနိုင်ရရှိခဲ့သည်။ ၁၉၉၁ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ရှိတ်ဟာဆီနာသည် ဘင်္ဂလားဒေ့ရှ် ပဉ္စမအကြိမ် ပါလီမန်၌ အတိုက်အခံခေါင်းဆောင် ဖြစ်လာခဲ့ပြီး ပါလီမန်ရှိ နိုင်ငံရေးပါတီအားလုံးတို့အား ဦးဆောင်ကာ သမ္မတစနစ်မှ ပါလီမန်စနစ်သို့ ပြောင်းလဲခဲ့သည်။

၁၉၉၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် ပါလီမန်ရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် အဝါမီလိဂ်ပါတီသည် အင်အားကြီးပါတီတစ်ရပ်အဖြစ်ရပ်တည်ခဲ့ပြီး ၁၉၉၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ရှိတ်ဟာဆီနာသည် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တာဝန်ကို စတင် ထမ်းဆောင်ခဲ့သည်။ ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ဆင်းရဲမွဲတေမှုလျှော့ချရေးအပါအဝင် တိုင်းပြည် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့ကျသည့် မူဝါဒ အမြောက်အမြားကို ချမှတ်ခဲ့သည်။

[ပြင်​ဆင်​ရန်​] ဆုတံဆိပ်များ

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် အမေရိကန်နိုင်ငံ Boston University မှ ချီးမြှင့်သည့် Degree of Doctor of Law၊ ဂျပန်နိုင်ငံ Waseda University မှ ချီးမြှင့်သည့် Honorary Doctor of Law၊ ဗြိတိန်နိုင်ငံ University of Abertay Dundee မှ ချီးမြှင့်သည့် Honorary Doctorate of Philosophy အိန္ဒိယနိုင်ငံ Visva Bharati University of West Bangal မှ ချီးမြှင့်သည့် Honorary Degree of Desikottama (Doctor of Literature, Honoris Causa) ဩစတြေးလျနိုင်ငံ Australian National University မှ ချီးမြှင့်သည့် Degree of Doctor of Laws, Honoris Causa ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka University မှ ချီးမြှင့်သည့် Doctor of Laws ဘယ်လ်ဂျီယမ်နိုင်ငံ Catholic University of Brussels မှ ချီးမြှင့်သည့် Honorary Doctorate Degree (Doctor Honoris Causa) အမေရိကန်နိုင်ငံ Bridgeport University မှ ချီးမြှင့်သည့် Honorary Doctor of Humane Letters ဘွဲ့များကို ရရှိခဲ့သည်။

ထို့အပြင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) မှ ချီးမြှင့်သည့် Houphouet Boigny ငြိမ်းချမ်းရေးဆု၊ အမေရိကန်နိုင်ငံ Randolph Macon Women's College မှ ချီးမြှင့်သည့် ဆု၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) မှ ချီးမြှင့်သည့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု CERES ဆု၊ The All India Peace Council မှ ချီးမြှင့်သည့် Mother Teresa Award ဆုတံဆိပ်များအပြင် နော်ဝေနိုင်ငံ၊ The Mahatma MK Gandhi Foundation of Oslo မှ ချီးမြှင့်သည့် M.K Gandhi Award ဆုတို့ကိုလည်း ရရှိခဲ့သည်။


[ပြင်​ဆင်​ရန်​] ဝန်ကြီးချုပ်ဘဝ

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် (၉)ကြိမ်မြောက် ပါလီမန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဦးဆောင်သည့် မဟာမိတ် အုပ်စုသည် ပါလီမန်အမတ်နေရာ (၂၉၉)နေရာအနက် (၂၆၂)နေရာတွင် အနိုင်ရရှိခဲ့သည်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် သည် ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ဘန်ဂါဘာဘန်၌ ကျင်းပသည့် အခမ်းအနားတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် အိမ်ထောင်ရှိပြီး သားတစ်ဦးနှင့် သမီးတစ်ဦး ရှိသည်။ [၁]

[ပြင်​ဆင်​ရန်​] ကိုးကား

  1. ကြေးမုံသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ (၅.၁၂.၂၀၁၁)
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်