ရှင်မိုအဲဒကဲ မီးတောင်

ဝီကီပီးဒီးယား မှ
၂၀၁၁ ခုနှစ် ဇန်နဝါရီလ ရှင်မိုအဲဒကဲ မီးတောင် ပေါက်ကွဲပုံ

ရှင်မိုအဲဒကဲ (အင်္ဂလိပ်: Shinmoedake ဂျပန် (新燃岳)) သည် ဂျပန်နိုင်ငံ ကျူရှူးကျွန်းရှိ ကာဂိုရှီးမား အုပ်ချုပ်ရေးမြို့ (ပရီဖက်ချာ) တွင် ရှိပြီး ကီရီရှီးမား မီးတောင် အစုအဝေး၏ တစိတ်တပိုင်း ဖြစ်သည်။[၁] လွန်ခဲ့သော နှစ်ပေါင်း ၇,၃၀၀ နှင့် ၂၅,၀၀၀ ကြားက တောင်အဖြစ် ဖြစ်ပေါ်ခဲ့သည်ဟု ယူဆရသည်။[၂]

ရှင်မိုအဲဒကဲ၏ ပေါက်ကွဲမှုများကို ၁၇၁၆၊ ၁၇၁၇၊ ၁၇၇၁၊ ၁၈၂၂၊ ၁၉၅၉၊ ၁၉၉၁၊ ၂၀၀၈၊ ၂၀၀၉ နှင့် ၂၀၁၁ ခုနှစ် တို့တွင် မှတ်တမ်းတင်ထားသည်။

၂၀၁၁ ခုနှစ် ပေါက်ကွဲမှုသည် ဇန်နဝါရီလ ၁၉ ရက်တွင် စတင်ခဲ့သည်။ ဇန်နဝါရီလ ၂၆ ရက် နံနက် ၇နာရီ ၃၀ မိနစ်တွင် ပေါက်ကွဲမှု ပြင်းထန်လာခဲ့ပြီး အနီးပတ်ဝန်းကျင်သို့ ပြာမှုန်များကို လွှင့်ထုတ်ခဲ့သည်။ ပြာများကြောင့် ရထားလမ်း ၄ ခုကို ပိတ်ဆို့ခဲ့ရပြီး အချို့သော လေကြောင်းခရီးစဉ်များကို ထူထပ်သော မီးခိုးငွေ့များကြောင့် ဖျက်သိမ်းခဲ့ရသည်။ ထိုပေါက်ကွဲမှုသည် ၁၉၅၉ ခုနှစ် နောက်ပိုင်း ရှင်မိုအဲဒကဲ၏ ပေါက်ကွဲမှုများတွင် အပြင်းထန်ဆုံး ဖြစ်သည်။[၃]ဇန်နဝါရီလ ၂၇ ရက်တွင် မီးတောင်၏ သတိပေးမှု အဆင့်ကို အဆင့်၃ သို့ တိုးမြှင့်ခဲ့ရသည်။[၁]

ဖေဖော်ဝါရီလ ၁ရက် နေ့တွင် ပိုမိုပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး လေထုထဲသို့ ၂.၅ ကီလိုမီတာ မြင့်သော မီးခိုးငွေ့များကို လွှတ်ထုတ်ခဲ့ပြီး ပေါက်ကွဲမှု အပိုင်းအစများ ၁.၅ ကီလိုမီတာ အကွာအဝေးတိုင်အောင် လွင့်စဉ်ထွက်ခဲ့သည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ အတွင်းတွင် ချော်မြှုပ်အစုအဝေးများ ရှင်မိုအဲဒကဲ၏ မီးတောင်ဝထဲတွင် ဖြစ်ပေါ်လာခဲ့သည်။ [၄] ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပြင်းထန်သော မိုးရွာသွန်းမှုကြောင့် လာဟာ ဟုခေါ်သည့် ချော်ရည်ဗွက်များ ဖြစ်ပေါ်စေနိုင်သည့် အန္တရာယ် ရှိသည့်အတွက် မိယာကိုနိုဂျို ဒေသ အတွင်း ရှိ လူ ၂,၅၀၀ ကို ဒေသအတွင်းမှ ထွက်ခွာရန် သတိပေးခဲ့ရပြီး ၆၃ ယောက်ကို ထွက်ခွာနိုင်ရန် ကူညီပေးခဲ့ရသည်။[၅]

မတ်လ ၁၃ ရက်နေ့တွင် ဆန်ဒိုင် ငလျင် ကြောင့် မီးတောင်သည် နောက်တစ်ကြိမ် ပေါက်ကွဲပြန်သည်။ [၆][၇] မီးတောင် ပေါက်ကွဲမှုကြောင့် ရာပေါင်းများစွာသော လူများကို ထိုနေရာမှ ကယ်ဆယ် ဖယ်ရှား ခဲ့ရသည်။ [၈]

ရှင်မိုအဲဒကဲသည် ဂျိမ်းစ်ဘွန်း၏ ရုပ်ရှင်ဇာတ်ကား တစ်ခုဖြစ်သော You Only Live Twice ဇာတ်ကား တွင် လူဆိုးတို့၏ ရော့ကက် အခြေစိုက်စခန်းနေရာ အဖြစ် ပါဝင်ခဲ့သောကြောင့် လူသိများသည်။ [၉]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Earthquakes and volcanoes၊ U-Tokyo။ Eruption of Shinmoe-dake (a stratovolcano of the Kirishima volcano group), Japan, 2011University of Tokyo။ Outreach and Public Relations Office။ 2011-01-27 တွင် ပြန်စစ်ပြီး။
  2. Experts warn recent Japanese volcanic eruptions similar to those 300 years ago Jan. 30, 2011. Yomiuri Shimbun
  3. Fujita၊ Akiko။ "Volcano Erupts in Southern Japan, Smoke Seen 5,000 Feet Above the Crater"၊ January 27, 2011။ 13 March 2011 တွင် ပြန်စစ်ပြီး 
  4. Johnston, Eric, "Latest volcano show: Shinmoe", Japan Times, 1 March 2011, p. 3.
  5. Takano၊ Saika။ "Residents near Japanese volcano urged to evacuate"၊ February 17, 2011။ 13 March 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 22 June 2013။ 
  6. « Shinmoedake volcano erupts as Japan struggles in earthquake aftermath » Archived 26 July 2012 at the Wayback Machine., peoplestar.co.uk, Retrieved on 2011-03-15.
  7. Japanese volcano erupts။ Times Live (March 13, 2011)။ 2011-03-13 တွင် ပြန်စစ်ပြီး။
  8. Kennedy၊ Helen။ "Hundreds flee in Japan after Shinmoedake volcano begins spewing ash, boulders"၊ March 13, 2011။ 13 March 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 12 October 2011။ 
  9. "Japan volcano Mount Shinmoedake, scene of Sean Connery 'You Only Live Twice' James Bond film, erupts", NY Daily News, Thursday January 27, 2011

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]