ရွှံ့နွံရေညှောင့်ငှက်

ဝီကီပီးဒီးယား မှ
ရွှံ့နွံရေညှောင့်ငှက် / ခြေစိမ်းကလေး
Winter plumage
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Charadriiformes
မျိုးရင်း: Scolopacidae
မျိုးစု: Tringa
မျိုးစိတ်:
T. stagnatilis
ဒွိနာမ
Tringa stagnatilis
(Bechstein, 1803)
Range of T. stagnatilis     Breeding      Non-breeding      Passage      Vagrant (seasonality uncertain)
Actitis hypoleucos

ရွှံ့နွံရေညှောင့်ငှက် (ခေါ်) ခြေစိမ်းကလေးငှက်ကို မြန်မာနိုင်ငံ၌ အတွေ့ရနည်းသည်။ ဆောင်းဥတု၌သာ မြန်မာနိုင်ငံသို့ လာရောက်ကျက်စားသော ငှက်မျိုးဖြစ်သည်။ အလျား ၉ လက်မခန့်ရှိသည်။ ကျောမှာ မွဲပြာရောင်ဖြစ်သည်။ သို့သော် ကျောဘက်နောက်ပိုင်းနှင့် ဖင်ပိုင်းမှာမူ ဖြူသည်။ ဝမ်းပိုင်းတစ်လျှောက်လုံး အဖြူသန့်သန့် ရှိသည်။ နှုတ်သီးနှင့် ခြေတံရှည်လျား သေးသွယ်သည်။

ခြေစိမ်းကလေးငှက်သည် ရေအိုင်နှင့် ရွှံ့ညွန်များတွင်၎င်း၊ ပင်လယ်ကမ်းစပ် လတာပြင်တွင်၎င်း၊ အုပ်သင်းဖွဲ့ကာ အစာ ရှာဖွေလေ့ရှိသည်။ အစာစားစဉ် နှုတ်သီးကို ရမ်းလေ့ရှိသည်။ အော်သံမှာ စူးရှပြတ်သား၏။ အရွယ်ငယ်သည်မှတစ်ပါး အသွင်သဏ္ဌာန်အားဖြင့် ခြေစိမ်းငှက်နှင့် အလွန်တူသောကြောင့် ခြေစိမ်းကလေးဟု တွင်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International (2012). "Tringa stagnatilis". IUCN Red List of Threatened Species 2012. IUCN. 
  2. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၅၅)။ "ခြေစိမ်းကလေးငှက်"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: စာပေဗိမာန်