ရွှေသမင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရွှေသမင် (Eld's Deer)
Cervus eldii4.jpg
သဘာဝထိန်း​သိမ်းခြင်းအခြေအနေ
Status iucn3.1 EN.svg
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက သတ္တလောက
မျိုးပေါင်းစု Chordate
မျိုးပေါင်း နို့တိုက်သတ္တဝါ
မျိုးစဉ် Artiodactyla
မျိုးရင်း Cervidae
မျိုးစု Rucervus
မျိုးစိတ် R. eldii
ဒွိနာမ
Rucervus eldii
(M'Clelland, 1842)
အမည်ကွဲ
[[Image:|250px]]
ရွှေသမင်

ရွှေသမင်သည် ခွာစုံနို့တိုက် သတ္တဝါမျိုး ဖြစ်ပြီး မျိုးစဉ် Artiodactyla၊ မျိုးရင်း Cervidae၊ မျိုးစိတ် Cervus eldi ဖြစ်ပြီး မျိုးစိတ်ခွဲ သုံးမျိုးရှိကြောင်း မှတ်တမ်းတင်ထားသည်။ ရွှေသမင်အား ဇီဝဗေဒ ပညာရှင်များမှ Eld's Deer ဟု ခေါ်ဆိုကြသည်။ Eld's Deer အား ၁၈၃၈ တွင် ဗြိတိသျှတပ်မတော်အရာရှိ Percy Eld မှ အိန္ဒိယနိုင်ငံ မဏိပူရ ချိုင့်ဝှမ်းဒေသတွင် စတင်တွေ့ရှိ မှတ်တမ်းတင်ခဲ့၍ တွေ့ရှိသူအမည်အား အစွဲပြုကာ Eld's Deer ဟု ခေါ်ဆိုခြင်းဖြစ်သည်။

အိန္ဒိယ သမင်မျိုးစိတ် Cervus eldi eldi အား အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင်သာ တွေ့ရပြီး ယခုအခါ အကောင်ရေ ၂၀၀ ခန့်သာ ကျန်ရှိတော့သည်။ နောင်ရေရှည်တွင် မျိုးသုဉ်းမည့် အန္တရာယ်များစွာဖြင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း သိပ္ပံပညာရှင်များမှ ကြိုတင်ခန့်မှန်း ဟောကိန်း ထုတ်ထားသည်။ ယင်းသမင်များကို မဏိပူရဘာသာစကားဖြင့် Sangai ဟု ခေါ်တွင်လေသည်။ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ရှိ အလီပိုး တိရစ္ဆာန်ဥယျာဉ်တွင် ဤမဏိပူရ ရွှေသမင်များကို ခြံလှောင်သားဖောက်မွေးမြူမှု အစီအစဉ် ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့သည်။ မဏိပူရရွှေသမင်များစွာ ပေါက်ဖွား နိုင်ခဲ့သည်။

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ဟိုင်နန်ကျွန်းတို့၌ တွေ့ရှိရသော သမင်မျိုးစိတ်ကွဲများမှာ Cervus eldi siamensis ဖြစ်ပြီး စုစုပေါင်း ၁၀ ကောင်မှ အကောင် ၃၀ အထိသာ ရှိနိုင်တော့ကြောင်း ခန့်မှန်းထားပြီး မျိုးသုဉ်းပျောက်ကွယ်ခြင်းမှ ကာကွယ်နိုင်ရန် နိုင်ငံတော်အဆင့် စီမံကိန်းများချမှတ်၍ ဆောင်ရွက်လျှက်ရှိသည်။ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် ကောင်ရေအလွန်နည်းပါးနေပြီး ဗီယက်နမ်နိုင်ငံတွင်မူ မျိုးသုဉ်းလုနီးပါး ဖြစ်နေသည်။ တရုတ်ပြည်၊ ဟိုင်နန် ကျွန်းတွင်မူ သမင်ကောင်ရေ ရာဂဏန်း အနည်းငယ်ခန့်ကို ခြံလှောင်၍ မွေး မြူ ထားသည်။

မြန်မာ့ရွှေသမင်[ပြင်​ဆင်​ရန်​]

အရွယ်အစား၊ ဦးချိုပုံသဏ္ဌာန်၊ ရာသီအလိုက်ပြောင်းလဲသည့် အမွှေးအရောင်ပေါ်မူတည်ပြီး သမင်မျိုးကွဲပြားသည်ဟု ထင်ကြသည်။ သို့သော် မြန်မာနိုင်ငံတွင် တွေ့ရှိသော သမင်အားလုံးသည် ရွှေသမင် မျိုးစိတ်များသာ ဖြစ်သည်။ မြန်မာ့ ရွှေသမင်မျိုးစိတ်အား သိပ္ပံအမည် Cervus eldi thamin ဟု ခေါ်ဆိုပြီး သိပ္ပံအမည်တွင်ပင် မြန်မာအခေါ် thamin ဟုပါရှိကာ မြန်မာနိုင်ငံ၏ ဒေသရင်း မျိုးစိတ်ဖြစ်ကြောင်း ဖော်ညွှန်းထားပြီး ဖြစ်သည်။ ယခင်က မြန်မာနိုင်ငံ၏ မြို့နယ် ၂၃ မြို့နယ်တွင် တွေ့ရှိကြောင်း မှတ်တမ်းများအရ သိရသော်လည်း ၁၉၉၇ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်တို့၌ သစ်တောဦးစီးဌာနမှ ကွင်းဆင်း စာရင်းကောက်ယူမှုများ ပြုလုပ်ခဲ့ရာ ယခုအခါတွင် မြို့နယ်ရှစ်မြို့နယ်၌သာ တွေ့ရှိရတော့သည်။

မြန်မာ့ရွှေသမင်ကို ရွှေစက်တော်ဘေးမဲ့တော၊ ချပ်သင်းဘေးမဲ့တော နှင့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်များတွင် ကာကွယ်စောင့် ရှောက် ထားလေသည်။

မြန်မာ့ရွှေသမင်မျိုးများသည် မြန်မာနိုင်ငံအတွင်း ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၁၆၅ မှ ၁၃၁၂ ပေအတွင်းရှိ အင်တိုင်းတော၊ ရွက်ပြတ်တောနှင့် တောခြောက်၊ ဖုန်းဆိုးတော၊ တောပြုတ်နှင့် စိုက်ပျိုးမြေများအနီးတွင်သာ အများအပြား ရှင်သန်ကျက်စားလေ့ ရှိသည်။ ပျမ်းမျှ ကိုယ်အလေးချိန် ၁၅၄ ပေါင်မှ ၂၈၆ ပေါင်အထိ ရှိပြီး တစ်ကောင်လျှင် လှည့်လည်ကျက်စား သွားလာမှု ဧရိယာ ၂၉၆၅ ဧကမှ ၄၂၀၀ ဧကအထိ ရှိနိုင်သည်။ အထီးများသည် နွေရာသီတွင် ရွှံ့နွံလူးလေ့ရှိပြီး လှည့်လည်ကျက်စား သွားလာမှု ဧရိယာမှာ အမများထက် ပိုမိုကျယ်ဝန်းသည်။ အထူးသဖြင့် နွေရာသီတွင် အုပ်စုဖွဲ့ နေလေ့ရှိသည်။ မြက်၊ ဖန်ခါး၊ ဆီးဖြူ၊ တယ် စသည့် အသီးများနှင့် တစ်ခါတစ်ရံ ပင်ပျော့ပင်များကို အဓိကထား စားသောက်တတ်သည်။ အထီးများတွင်သာ ဦးချိုပါရှိပြီး အမများတွင် ဦးချိုမပါရှိပါ။

သမင်အထီးငယ်များသည် တစ်နှစ်သားအရွယ်ခန့်တွင် မိတ်လိုက်မျိုးပွားနိုင်ပြီး အမငယ်များမှာမူ ရက်ပေါင်း ၄၅၆ ရက် ကျော်မှသာ ကိုယ်ဝန်ရ မျိုးပွားနိုင်သည်။ ဖေဖော်ဝါရီလလယ်မှ မေလအတွင်း မိတ်လိုက်ပြီးချိန်တွင် အထီးများ ချိုလဲလေ့ရှိသည်။

သားလွယ်ကာလသည် ရက်ပေါင်း ၂၂၀ မှ ၂၄၀ ဖြစ်သည်။ မြန်မာ့ရွှေသမင်နှင့် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားတို့မှ သမင်မျိုးကွဲများသည် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် သားပေါက် သည်။ မဏိပူရသမင်မှာမူ အောက်တိုဘာလမှ ဒီဇင်ဘာလကုန်အတွင်း သား ပေါက်သည်။

သားတစ်ကောင်တည်းသာ ပေါက်တတ်သည်။ သမင်ပေါက်ကလေးတွင် မွေး ကင်းစ၌ အဖြူပြောက်ကလေးများ ပါတတ်သည်။ အသက်ကြီးလာသည်နှင့်အမျှ ယင်းအဖြူပြောက်ကလေးများ ပျောက်ကွယ်သွားသည်။ အသက် ၇လသားအ ရွယ်တွင် နို့ဖြတ်သည်။ ၁၈လသားအရွယ်မှစ၍ မျိုးပွားနိုင်ပြီ ဖြစ်သည်။

ထူးခြားမှုများ[ပြင်​ဆင်​ရန်​]

ရွှေသမင်မျိုးစိတ်တစ်မျိုးချင်းစီအလိုက် ထူးခြားမှုများ ရှိလေသည်။ မဏိပူရသမင်များမှာ စိမ့်တော၊ နွံတောများတွင် ကျက်စားသည်။ မြန်မာ့ရွှေသမင်များမှာ အင်တိုင်းတော၊ တောခြောက်၊ ရွက်ကြွေတောများ တွင် ကျက်စားသည်။ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်မှ သမင်များမှာလည်း ရွက်ကြွေ တောများတွင်သာ ကျက်စားသည်။