ရွှေဘ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရွှေဘ
ရွှေဘ
မွေးသက္ကရာဇ် ၃၀၊ ၃၊ ၁၉၂၈
နိုင်ငံ Flag of Myanmar.svg မြန်မာ
အမည်ရင်း အေးကြည်
မိဘအမည် ပန်းချီဆရာကြီး ဦးအောင်မြတ် + ဒေါ်ကွမ်း
မွေးဖွားရာ ဒေသ ပုသိမ်မြို့
ကိုးကွယ်မှု အစ္စလာမ် ဘာသာ ၊ ဗုဒ္ဓဘာသာ [၁]
ထင်ရှားကျော်ကြားမှု နိုင်ငံကျော် ပြည်သူချစ်သော ရုပ်ရှင်သရုပ်ဆောင်
  • ရွှေဘ ခံနေရတုန်းတော့

တရုံလုံးဟာ
အသာတိတ်ဆိတ်
မျက်ရည် ကျိတ်လည်
ရင်မောတယ်….တဲ့။

  • ရွှေဘ ပြန်ထလာမှ

ရွှေဘဟေ့ ရွှေဘ
ဒါမှ တို့လူ
ဂုဏ်ယူမဆုံး
အုံးအုံးကျွက်ကျွက်
လက်ခုပ်ဖြောင်းဖြောင်း
မညောင်းတမ်း တီးတယ်။

  • ပရိသတ်နဲ့ ရွှေဘ

ရွှေဘနဲ့ ပရိသတ်
ပေါင်းစပ်ကြည့်တော့
နတ်ဖက်တဲ့အတွဲ
လိုက်လည်းလိုက်ပါ့
မြန်မာ့ရုပ်ရှင်သမိုင်းဝယ်……။

    • (ကိုပေါ ရဲ့ကဗျာ)[၂]

ယနေ့ခေတ်လူငယ်များ ရွှေဘကို သိမီလိုက်ကြမည် မဟုတ်ပေ။ အသက်လေးဆယ်ကျော် လူလတ်ပိုင်းလောက်သာ တစ်ခေတ်တစ်ခါက ပရိသတ်များအကြား လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော ရုပ်ရှင်သရုပ်ဆောင် ရွှေဘကို သိမြင်ကြပေလိမ့်မည်။ ရွှေဘကို တောရော မြို့ပါ ပရိသတ်အများစုက လက်ခံကြသည်။ ကျေးလက်ဒေသ အချို့၌ဆိုလျှင် ရုပ်ရှင်ဇာတ်လမ်းအရ ရွှေဘအညှင်းဆဲခံနေရလျှင် ပိတ်ကားကို ခဲနှင့် ပေါက်သည်အထိ ကြုံတွေ့ကြရသည်။ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သော်လည်း ရွှေဘ အကယ်ဒမီ မရခဲ့ပေ။ သို့သော် ရွှေဘသည် နှစ်ပေါင်းအတော်ကြာ ပရိသတ်အသည်းစွဲ ဖြစ်ခဲ့သည်။ ကျေးလက်တောရွာ အချို့၌ ယနေ့တိုင် ရွှေဘ အကြောင်းကို မြိန်ရေယှက်ရေ ပြောဆိုနေကြဆဲဖြစ်သည်။

စွန့်စားလိုသူ လူငယ်တစ်ဦး[ပြင်​ဆင်​ရန်​]

၁၉၂၈-ခုနှစ် မတ်လ(၃၀)ရက်တွင် ရွှေဘကို ပုသိမ်မြို့ မြို့ပတ်လမ်း၌ ပန်းချီဆရာကြီး ဦးအောင်မြတ် နှင့် ဒေါ်ကွမ်း တို့က ဖွားမြင်ခဲ့သည်။ မွေးချင်း လေးဦးအနက် အငယ်ဆုံး ဖြစ်၏။ အမည်ရင်း အေးကြည်ဖြစ်ပြီး အတန်းပညာကို အလယ်တန်းအထိ သာသင်ယူခဲ့ဖူးသည်။ ရေကူး၊ လက်ဝှေ့ထိုး၊ ဒိုင်ဗင်ထိုး၊ မြင်းစီး စသည့် အကြမ်းအရမ်း ကစားနည်းများကို နှစ်သက်သည်။

ငယ်စဉ်ကပင် ရုပ်ရှင်ဘက်၌ ဝါသနာပါသဖြင့် အသက် ၁၇-နှစ်တွင် ရန်ကုန်သို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့သည်။ ရန်ကုန်တွင် ရေကျော်၊ လမ်း ၅၀ ရှိ ဦးလေးအိမ်၌ တည်းခိုနေထိုင်သည်။ အသက်မွေးဝမ်းကျောင်း အဖြစ် သံဖြူဆရာ အလုပ် လုပ်ရသည်။ တစ်ဖက်မှလည်း လက်ဝှေ့ကျော် ကျားဘညိမ်းထံ လက်ဝှေ့ပညာ သင်ယူလေ့လာ၏။

ရွှေဘဟူသည်[ပြင်​ဆင်​ရန်​]

၁၉၄၄-ခုနှစ်တွင် ပဲရော့ရုပ်ရှင် ကုမ္ပဏီမှ ဒါရိုက်တာ ဖေကြိုင်က သတ္တိ ဗျတ္တိ အမည်ရှိ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် စီစဉ်သည်။ ခေါင်းဆောင်မင်းသားအဖြစ် ရွေးချယ်ထားသူမှာ မင်းသားကျော်ရွှေ (နောင် ကျော်ဆွေဟုအမည် ပြောင်းလဲခဲ့သူ) ဖြစ်သည်။ ဇာတ်လမ်းအရ မင်းသား ကျော်ရွှေသည် မော်တော်ဆိုင်ကယ် စီးကာ စော်ဘွားကြီးကုန်း တောင်ကုန်းပေါ်မှ ခုန်ချရမည့် အခန်းပါရှိသည်။ ဒါရိုက်တာဖေကြိုင်က ဤအခန်းကို လူစားမထိုးဘဲ မင်းသားကျော်ရွှေ ကိုယ်တိုင် သရုပ်ဆောင်ရန် ပြောဆိုသည်။ သို့သော် ကျော်ရွှေက ငြင်းပယ်သည်။ သူ့အနေဖြင့် လူစားထိုး ရိုက်ကူးရန်သာ ဆန္ဒရှိခဲ့သည်။

နောက်ဆုံး ဒါရိုက်တာနှင့် သရုပ်ဆောင်မင်းသားအကြား အချေအတင် အငြင်းအခုံ ဖြစ်ကြကာ အစီအစဉ် ပျက်သွားသည်။ ဒါရိုက်တာ ဖေကြိုင်က မင်းသားကျော်ရွှေအား `မလုပ်နိုင်ရင် ထွက်သွား၊ မင်းမရှိရင်လည်း မင်းရဲ့အဘ လာလိမ့်မယ်´ဟူ၍ ရင့်ရင့်သီးသီး ပြောဆိုခဲ့သည် ဆိုပါသည်။ ဤသို့ဖြင့် ဒါရိုက်တာဖေကြိုင်က သရုပ်ဆောင်မင်းသားသစ် အပူတပြင်း ရှာဖွေရတော့သည်။ နောက်ဆုံး ရေကျော် လမ်း၅၀ တွင် သံဖြူလုပ်ငန်း လုပ်ကိုင်နေသော အေးကြည်ဆိုသော လူငယ်ကလေးကို သွားတွေ့ကြသည်။ အေးကြည်သည် ဒါရိုက်တာ ဆရာခန့်၏ လက်နက်ပုန်း အသံတိတ်ဇာတ်ကားတွင် ဇာတ်ရံအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည် ဆို၏။ နောက်ဆုံး ဒါရိုက်တာ ပဲရော့ဖေကြိုင်ပြောသည့် ကျော်ရွှေမရှိလျှင် ကျော်ရွှေ၏ အဘလာလိမ့်မည် ဟူသောစကားအရပင် လူငယ်ကလေးမှာ ရွှေဘ ဖြစ်လာခဲ့သည်။

စတန့်မင်းသား[ပြင်​ဆင်​ရန်​]

ရွှေဘ၏ ဇာတ်ကားများ[ပြင်​ဆင်​ရန်​]

ရွှေဘ၏ စွန့်စားခန်းများ[ပြင်​ဆင်​ရန်​]

ရွှေဘ ပြန်လာပြီ[ပြင်​ဆင်​ရန်​]

နောက်ဆုံးဇာတ်ကား[ပြင်​ဆင်​ရန်​]

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

ဓာတ်ပုံများ[ပြင်​ဆင်​ရန်​]

ကေမြူး ၂၀၁၁

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  • မြန်မာ့ ရုပ်ရှင်လောကမှ ပြိုင်စံရှားတဲ့ စတန့်မင်းသားကြီး(မိုးမြင့်မောင်)ထူးဆန်းထွေလာ ပြည်မြန်မာ အမှတ်(၂)
  • မြန်မာစွယ်စုံကျမ်း အနှစ်ချုပ်(၁၉၈၉)
  • အထင်ရှားဆုံး အကျော်ကြားဆုံးနှင့် ပရိသတ်အင်အား အများဆုံး မင်းသားများ (မိုးမြင့်ဦး)မိုးဂျာနယ်(၁၉၉၅၊ မေလ)

[၃]


ကိုးကား ၊ မှတ်စု[ပြင်​ဆင်​ရန်​]

  1. ၁၉၇၅ ခုနှစ်မှစ၍ ဗုဒ္ဓမြတ်စွာဘုရား၏ တရားရိပ်တွင် တောင်ပုလုဆရာတော်နှင့် မြသပိတ်ဆရာတော်တို့အား ဆည်းကပ်ကိုးကွယ်ခိုလှုံခဲ့သည်။ စာ ၇၆ ကေမြူး ၂၀၁၁
  2. http://webcache.googleusercontent.com/search?q=cache:BcTTRNSP4B8J:kopaw07.blogspot.com/2009/04/blog-post_28.html+%E1%80%B1%E1%80%9B%E1%82%8A%E1%80%98&cd=3&hl=en&ct=clnk&client=firefox-a
  3. တင်နိုင်တိုး ၏ ပုဂ္ဂိုလ်ထူးတို့၏ ဘဝတစ်ကွေ့ Weekly Eleven ဂျာနယ်(၆.၅.၂၀ဝ၉)

အတ္ထုပ္ပတ္တိ[ပြင်​ဆင်​ရန်​]

  • ^ ကေမြူး၊ ထွန်းဖောင်ဒေးရှင်းဘဏ် စာပေကော်မတီ၊ ရန်ကုန်၊ ၂၀၁၁ ဇွန်လ. "ပြည်တော်ချစ်မင်းသား ရွှေဘ ၏ ဘဝနှင့် အနုပညာ ရုပ်ပုံလွှာ".