ရွေးကောက်ပွဲစောင့်ကြည့်ခြင်း

ဝီကီပီးဒီးယား မှ
မဲပေးနေကြသူများနှင့် မဲပုံးများ (သို့မဟုတ်) ဆန္ဒခံပုံးများ

ရွေးကောက်ပွဲစောင့်ကြည့်ခြင်းသည် တစ်ခု သို့မဟုတ် များစွာသော လွတ်လပ်သည့်ပါတီများမှ ရွေးကောက်ပွဲတစ်ခုကို လေ့လာကြည့် ရှု ခြင်းဖြစ်ပြီး၊ အမှန် တကယ်တွင် အခြားသောနိုင်ငံတစ်ခု သို့မဟုတ် အစိုးရမဟုတ်သည့်အဖွဲ့အစည်း (NGO) တစ်ခုမှ နိုင်ငံ၏ဥပဒေပြဋ္ဌာန်းချက် နှင့် နိုင်ငံတကာစံနှုန်းများ အပေါ် အခြေခံပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်တစ်ခု၏ အပြူအမူကို အခြေခံကျကျ ခန့်မှန်းရန်ဖြစ်သည်။ နိုင်ငံ နှင့် နိုင်ငံတကာဆိုင်ရာ ရွေးကောက်ပွဲလေ့လာသူများ ရှိကြသည်။

စောင့်ကြည့်သူများသည် ရွေးကောက်ပွဲ လိမ်လည်မှုကို တိုက်ရိုက်တားဆီးမှု မပြုလုပ်ရပါ။ သို့သော် ထိုသို့ဖြစ်ရပ်များကို မှတ်သားခြင်း နှင့် အစီရင်ခံခြင်းမျှသာ ပြုလုပ်ရမည်။ ရွေးကောက်ပွဲလေ့လာခြင်းသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့၏ လုပ်ငန်းများတစ်ခုတည်း ကို ကြည့်ရှုခြင်းထက် ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ခုလုံးအား ရှည်လျှားသည့်အချိန်ကာလ တလျှောက်လုံး တိုးမြှင့်ကြည့်ရှု ရခြင်းဖြစ်သည်။ ရွေးကောက်ပွဲတစ်ခု၏ ဥပဒေနှင့်အညီ ပြုလုပ်ခြင်းသည် အကယ်၍စောင့်ကြည့်သူတို့သည် သူတို့ကိုယ်သူတို့ ဘက်လိုက်မှု ကင်းရှင်းသူအဖြစ်မြင်လျှင် စောင့်ကြည့်သူတို့၏ ဝေဖန်ခြင်းဖြင့် ထိခိုက်နိုင်သည်။ ထင်ရှား သည့်တစ်ဦးတစ်ယောက်ကို ရံဖန်ရံခါ စောင့်ကြည့်သည့်အဖွဲ့၏ ဂုဏ်ထူးဆောင်ခေါင်းဆောင် ခန့်အပ်ခြင်းသည်ရှိ နှင့်ပြီးဖြစ်သည့် ဥပဒေနှင့်အညီပြုလုပ်ခြင်းကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကြိုးပမ်းချက်တစ်ခုဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

ပထမဆုံးစောင့်ကြည့်သည့် မဲပေးပွဲသည် မော်ဒေးဗီးရား (Moldavia) နှင့် ဝေါ်လက်ချီးရား (Wallachia) ရှိ ဆန္ဒခံယူပွဲဖြစ်သည်။ ထိုပွဲကို အဓိကဥရောပအာဏာရှိ သူ များ အများစုမှ စောင့်ကြည့်ခဲ့ကြသည်။ မဲပေးပွဲ စောင့်ကြည့်ခြင်းသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက်အထိ လုပ်ရိုးလုပ်စဉ် မဟုတ်ပါ။ မဲပေးပွဲလေ့လာခြင်း လှုပ်ရှားမှုများသည် စစ်အေးခေတ်ပြီးဆုံးခြင်း နောက်ပိုင်းမှ စ၍ သိသာထင်ရှားစွာ ကျယ်ပြန့်လာပြီး၊ ဒီမိုကရေစီ မဲပေးပွဲများ၏ အပြုအမူအပေါ် အပြည်ပြည်ဆိုင်ရာ စံနှုန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ တွဲ၍ဖြစ်ပေါ်လာခဲ့သည်။

၁၉၉၀ နှစ်များတွင်းတွင် အပြည်ပြည်ဆိုင်ရာ မဲပေးပွဲ လေ့လာကြည့်ရှုရေးသည် ဒီမိုကရေစီ အလေ့အကျင့်များ အားနည်းခြင်း သို့မဟုတ် ဒီမိုကရေစီအသွင်ကူးပြောင်းဆဲ ကာလရှိသည့် နိုင်ငံများ၏ မဲပေးပွဲများအပေါ်တွင် အာ ရုံ စူးစိုက်ခဲ့ကြသည်။ သို့သော်လည်း မကြာသေးမှီနှစ်များကအမေရိကန်ပြင်သစ်၊ အင်္ဂလန် နှင့် ဆွစ်ဇာလန်များ အပါအဝင် ဒီမိုကရေစီ သက်တမ်းရှည်ကြာခဲ့သည့် နိုင်ငံများတွင် မဲပေးပွဲ စောင့်ကြည့်သည့် လေ့လာရေးမစ်ရှင် အရေအတွက် တိုးတက်များပြားလာခဲ့သည်။

အဖွဲ့အစည်းများ[ပြင်ဆင်ရန်]

ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ ဥရောပသမဂ္ဂ၊ ဓနသဟာယ အတွင်းရေးမှူးချုပ်ရုံး၊ ဥရောပကောင်စီ နှင့် အာဖရိကသမဂ္ဂ ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများသည် စောင့်ကြည့်ရေး အဖွဲ့ငယ်များကို အမြဲတမ်း အသင့်အနေအထား ရှိနေစေသည်။ ကုလသမဂ္ဂသည် စောင့်ကြည့်ရေးလုပ်ငန်းများကို ရေရှည်မပံ့ပိုး နိုင်သော်လည်း မဲပေးပွဲအထောက်အကူအပေါ် အာရုံစိုက်ပေး နိုင်သည်။ အစိုးရများ တစ်ခုချင်းသည်လည်း စောင့်ကြည့်ရေး ကြိုးပမ်းမှုများတွင် ပါဝင် နိုင်ပြီး၊ ယေဘူယျအားဖြင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခု၏ အောက်တွင် ရှိကြသည်။ ထိုသို့သော နိုင်ငံ၏ အားထုတ်မှုများသည် ပုံမှန်အား ဖြင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်မှ စီမံပြုလုပ်ပေးသည်။

ကြီးမား ကျယ်ပြန့် သည့် အင်ဂျီအိုများ (NGOs) ၏ သည်လည်း စောင့်ကြည့်ရေး အားထုတ်မှုများတွင် ပါဝင်နိုင်သည်။ ဥပမာ ကာတာစင်တာ သည် ကုလသမဂ္ဂ ရွေးကောက်ပွဲ အကူအညီပေးရေး ဌာနခွဲနှင့် အမျိုးသား ဒီမိုကရက်တစ်အဖွဲ့ တို့နှင့်အတူ ရွေးကောက်ပွဲ လေ့လာရေးအတွက် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းများ၏ အများသဘောတူ သတ်မှတ်ချက် အပေါ် ယေဘူယျ သဘောထား ရေးသားတည်ဆောက်ကြရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လေ့လာကြည့် ရှုရေးသည် နိုင်ငံအများစုတွင် ပြည်တွင်းလေ့လာရေးအုပ်စုများပါ ဝင်မှ ပိုမိုပြည့်စုံစေသည်။

မဲထည့်သည့်နည်းများ[ပြင်ဆင်ရန်]

စံအပြည်ပြည်ဆိုင်ရာရွေးကောက်ပွဲ လေ့လာရေး စေလွှတ်ထားသည့် အဖွဲ့များသည်၊ ဥပမာ၊ အသင့်အနေအထားဖြင့်၊ ဥရောပကော်မရှင် သို့မဟုတ် OSCE ဒီမိုကရက်တစ် အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးများအတွက်ရုံး (ODIHR) ၊ မဲပေးပွဲ လုပ်ငန်းစဉ်တစ်ခုလုံးကို စောင့်ကြည့်သည်။ မဲထဲ့ပွဲကျွမ်းကျင်သူများ နှင့် ရေရှည်လေ့လာသူများသည် အမှန်တကယ် မဲထည့်ပွဲနေ့မတိုင်မှီ ရက်သတ္တပါတ်များစော၍ ကိုယ်စား လှယ်လောင်းမှတ်ပုံတငခြင်း၊ ဥပဒေဆိုင်ရာသတ်မှတ်ချက်၊ သတင်းထုတ်ပြန်မှုအခြေနေ၊ ရွေးကောက်ပွဲ စီမံ ခန့်ခွဲရေး၏ အလုပ်တာဝန်များ နှင့် ကျင်းပမည့်ပတ်ဝန်းကျင် တို့ကို ကြည့် ရှုပြီး လုပ်ငန်းများစတင် ရမည်။

မဲထည့်သည့်နေ့တွင် အချိန်ပိုင်းလေ့လာသူများသည် မဲ ရုံများဖွင့်လှစ်ခြင်း၊ မဲပုံး နှင့် မဲရေတွက်ခြင်း နှင့် ရလဒ်များကို အစဉ်တကျဖော်ပြခြင်း တို့ကို စောင့်ကြည့်ရသည်။ မဲထည့်ပွဲနေ့ပြီးဆုံး သည့်နောက်တွင် လေ့လာသူသည် မဲထည့်ပွဲနှင့်ပတ်သက်သည့် ချို့ယွင်းချက်များ နှင့် တိုင်ကြားချက်များကို မဲထည့်ပွဲ စီမံခန့်ခွဲရေးအဖွဲ့နှင့် တရားသူကြီးအဖွဲ့တို့နှင့် ဆွေးနွေးပြီး မည်မျှအထိ ဖြစ်နိုင်သည်ကို စောင့်ကြည့်ရန် ထိုနိုင်ငံတွင် နောက်ထပ် ရက်သတ္တပါတ်အနည်းငယ် ကျန်ရှိနေရဦးမည် ဖြစ်သည်။ လေ့လာသူများ၏ တွေ့ရှိချက်များကို မဲထည့်ပွဲနေ့ ပြီးဆုံးပြီးနောက်တွင် လူအများသိစေရန် ထုတ်ပြန်ပေး ရမည်။ များစွာသော ပြည်တွင်းလေ့လာသူများသည် သူတို့၏ ပါတီအကျိုးအတွက် ကြည့်ခြင်းဖြင့် ဘက်လိုက်သူ အဖြစ်ဦးတည်သွားပြီး၊ သူတို့ထံမှရရှိသည့် သတင်းအချက်အလက်များကို ခွဲခြမ်းစိပ်ဖြာဖော်ပြရန်မှာ နိုင်ငံတကာ လေ့လာသူများအတွက် စိမ်ခေါ်မှု တစ်ခုဖြစ်သည်။ သို့သော်လည်း နိုင်ငံအများ စုတွင် များစွာသော ဘက်မလိုက်သည့် ပြည်တွင်းအုပ်စုများလည်း ရှိနေကြသည်။ အချို့သော နိုင်ငံတကာ လေ့လာသူများ၏ ဓမ္မဓိဌာန်ကျမှုသည်လည်း မေးစရာဖြစ်နေသည်။

ရေရှည်လေ့လာသူများ (LTO)[ပြင်ဆင်ရန်]

လေ့လာရေး စေလွှတ်သည့် အဖွဲ့များ အများစုသည် ခြောက်ပါတ်မှရှစ်ပါတ် အချိန်အတွက် ရေရှည် စောင့် ကြည့်သူ (LTOs ဟုသိသည် ) အရေအတွက် အနည်းငယ်သာ စေလွှတ်သည်။ အချိန်တိုလေ့လာသူများ (STOs ဟုသိသည်) အရေအတွက်များများသည် ကျင်းပမည့်နောက်ဆုံးအပါတ်တွင် အရင်စေလွှတ် ထားသည့်အဖွဲ့နှင့် လာရောက်ပူးပေါင်းသည်။ အချိန်တိုလေ့လာသူများသည် မဲရုံနှင့်မဲရေတွက်ပုံ လုပ်ငန်းစဉ်များ၏ အရေအတွက် လေ့လာမှုကို အများဆုံးလုပ်ဆောင်ပေးပြီး၊ ရေရှည်လေ့လာသူများနှင့်အတူ အရည်အသွေးရှိသော အသေးစိတ်စစ်ဆေးခြင်း နှင့် ကျယ်ပြန့်သည့် နိုင်ငံရေးနေအထားအကြောင်း သတင်း အချက်အလက် ဆက်စပ်ပတ်သက်နေမှုများကို ပံ့ပိုးပေးသည်။

ဒေသအစိပ်အပိုင်း နှင့် ဒေသဆိုင်ရာစောင့်ကြည့်ခြင်း[ပြင်ဆင်ရန်]

နိုင်ငံတကာ လေ့လာသူ အဖွဲ့အစည်းများတွင် ပါလီမန် ရွေးကောက်ပွဲကို လေ့လာရန် ဆောင်ရွက်ပိုင်ခွင့် ရှိသော်လည်း၊ ဥရောပကောင်စီ၏ ကွန်ဂရက်သည် ဗင်းနစ်ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်၍ ဒေသအစိပ်အပိုင်း နှင့် ဒေသဆိုင်ရာ မဲထည့်ပွဲများ စောင့်ကြည့်ရန် သီးသန့်လုပ်ပိုင်ခွင့်ရှိ သည်။ ဥရောပကောင်စီ၏ ကွန်ဂရက်သည် ဤအချက်တွင် ပြိုင်ဘက်မရှိ ဖြစ်သည်။ ဥရောပကောင်စီသည် ၁၉၉၀ မှစ၍ ရွေးကောက်ပွဲလုပ်ငန်းစဉ် ၅၀ ကျော် ကို စောင့်ကြည့်လေ့လာပေးခဲ့သည်။

ကွန်ဂရက်၏ ရွေးကောက်ပွဲ လေ့လာရေးအပေါ် ထားရှိသည့် မူဝါဒပေါ်လစီသည် လုပ်ဆောင်မှုသုံးချက်အ ပေါ်တွင် အခြေခံထားသည်။

  • ကွန်ဂရက်မှ ရွေးကောက်ပွဲ စောင့်ကြည့်ခြင်းသည် ဥရောပ ပဋိ ညာဉ်စာချူပ်၏ဒေသအစိပ်အပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတွင် ချမှတ်ထားသကဲ့သို့ ဒေသဒီမိုကရေစီ၏ ခြေခံစည်းမျဉ်းများနှင့်အညီ ပြုမူ ဆောင်ရွက်ထားသည့် အဖွဲ့အစည်းဆိုင်ရာ အခြေခံစနစ်ကို စနစ်တကျရှိစေရန် ပါဝင်ဆောင်ရွက်ပေးရမည်။ ဤအကြောင်းကို ထည့်သွင်းစဉ်းစားရသော ကွန်ဂရက်သည် ရွေးကောက်ပွဲပြီးသည့်နောက်ပိုင်း ပြောဆိုနေမှုများကို ဒေသအစိပ်အပိုင်းနှင့် ဒေသဆိုင်ရာ ဒီမိုကရေစီအား စောင့်ကြည့်သည့် ကွန်ဂရက်၏ လုပ်ငန်းတစ်စိတ် တစ်ပိုင်းအဖြစ် ပြောဆိုရအောင် လုပ်ဆောင်ရမည်။ ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲ လေ့လာရေး စေလွှတ်သည့် အဖွဲ့များနောက်သို့လိုက်၍ ကွန်ဂရက်၏ သဘောတူလက်ခံထားသည့် အကြံပြုတိုက်တွန်းချက်များ နှင့် သူတို့၏ အကောင်အထည်ဖော် ဆောင်ရွက်မှုများအား နောက်ဆက်တွဲ ပေးအပ်ခြင်းဖြင့် ပိုမိုတိုးတက် စေရန်ဖြစ်သည်။
  • ကွန်ဂရက်မှ ရွေးကောက်ပွဲ စောင့်ကြည့်ခြင်းသည် ဒေသအစိပ်အပိုင်းနှင့် ဒေသဆိုင်ရာ အဆင့်တို့တွင် ဒီမိုကရေစီ၏ အရေးပါထင်ရှားမှုကို အလေးထားဂရုစိုက်မှု မြှင့်တင်ရန် ပါဝင် ဆောင်ရွက်ရမည်။
  • ရွေးကောက်ပွဲ လေ့လာရေးနယ်ပယ်တွင် ကွန်ဂရက်၏ ပြိုင်ဘက်မရှိ အခန်းကဏ္ဍကို အပြည့်အဝ အသုံးပြုနိုင်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ရွေးကောက်ပွဲ လေ့လာရေး စေလွှတ်သည့်အဖွဲ့များ၏ လုပ်ငန်းစွမ်းဆောင်မှု တိုးတက်စေရန် ကြိုးပမ်းအားထုတ်မှုများကိုလည်း လုပ်ဆောင်ရမည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]