ရော်ဘင်ဝီလျံစ်

ဝီကီပီးဒီးယား မှ
ရော်ဘင်ဝီလျံစ်(၁၉၅၁-၂၀၁၄)

ရော်ဘင်ဝီလျံစ်သည် ၁၉၅၁-ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုအီလီနွိုင်းပြည်နယ်ချီကာဂိုမြို့ တွင် မွေးဖွားသည်။ ဟောလိဝုဒ် ဝါရင့် ဟာသဇာတ်ဆောင် မင်းသားကြီး ရော်ဘင်ဝီလျံစ် သေဆုံးမှုသည် မိမိကိုယ်ကိုယ် သေကြောင်းကြံခြင်းဟု အမေရိကန် ရဲတပ်ဖွဲ့က အတည်ပြုလိုက်သည်။ အသက်(၆၃)နှစ်ရှိ အော်စကာဆုရှင် မင်းသားကြီးကို ဩဂုတ်(၁၁)ရက်က ကယ်လီဖိုးနီးယားရှိ နေအိမ်တွင် အသိမဲ့ မေ့မြောလျက်သား တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သည်။ ဝီလျံစ်သည် စိတ်ဖိစီးမှုများအတွက် စိတ်ပညာရှင်များနှင့် ကုသမှု ခံယူနေရသူ ဖြစ်သည်။ ရဲများ၏ အဆိုအရ ၎င်းသည် မိမိကိုယ်ကိုယ် ကြိုးဆွဲချပြီး အဆုံးစီရင်သွားခြင်းဟု သိရှိရသည်။ ဝီလျံစ်ကို ပြီးခဲ့သည့် သီတင်းပတ်ကုန်က မိသားစုဝင်များက နောက်ဆုံးတွေ့မြင်ခဲ့သည်။ ထို့နောက်တွင်မူ မင်းသားကြီးက ယခုကဲ့သို့ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်း ဖြစ်သည်။ ဝီလျံစ်သည် မျိုးဆက်တစ်ခုစာ ကာလအတွင်း ဟောလိဝုဒ်တွင် ပရိသတ်၏ ချစ်ခင်မှုကို အခံရဆုံး သရုပ်ဆောင်တစ်ဦးလည်း ဖြစ်သည်။

ဝီလျံစ်သည် ၎င်း၏အနုပညာသက်တမ်းတစ်လျှောက် ဟာသဇာတ်ကောင်များဖြစ်သည့် ဂြိုဟ်သား၊ ကလေးထိန်းမိန်းမကြီး၊ ဆေးပညာရှင် စသည့်ဇာတ်ကောင်များအဖြစ် သရုပ်ဆောင်ခဲ့သည့်အပြင် Aladin and the King of Thieves ဇာတ်ကားမှ ဂျီနီနတ်သား၏ အသံပိုင်ရှင်လည်း ဖြစ်ကြောင်းသိရသည်။ ဝီလျံစ်သည် ၎င်း၏များစွာသော ဇာတ်ကားများအနက် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကား Flubber ဖြင့် ကလေးသူငယ်အများစုကို ကြိုက်နှစ်သက်စေခဲ့သည်။ ဝီလျံစ်သည် ၁၉၉၇ခုနှစ်ဇာတ်ကား Good Will Hunting တွင် ကျောင်းဆရာတစ်ဦးအဖြစ် သရုပ်ဆောင်ကာ အကောင်းဆုံး အမျိုးသားဇာတ်ပို့ အော်စကာဆုကို ရရှိခဲ့သည်။ ၎င်းသေဆုံးချိန်တွင် ဇနီးသည် ဆူဆန်ရှနိုက်ဒါနှင့် သားသမီး(၃)ဦး ကျန်ရှိနေခဲ့သည်။ ၎င်းသေဆုံးကြောင်းသတင်းကို ကြားသိရချိန်တွင် အမေရိကန် သမ္မတ ဘာရတ်အိုဘားမား အပါအဝင် နာမည်ကျော် ပုဂ္ဂိုလ် အများအပြားက ဝမ်းနည်းကြောင်း သတင်းစကားများ ပေးပို့ခဲ့ကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. BBC