ရော်နယ် အိုဝင် ပဲရယ်လ်မန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

Ronald Owen Perelman ရော်နယ် အိုဝင် ပဲရယ်လ်မန်

ရော်နယ် အိုဝင် ပဲရယ်လ်မန်
ရော်နယ် အိုဝင် ပဲရယ်လ်မန်
မွေး​သက္ကရာဇ် ဇန်နဝါရီ ၁ရက်၊ ၁၉၄၃
သားသမီး ၆ယောက်
ဝက်ဘ်ဆိုက် MacAndrews & Forbes Holdings Inc.

ဇန်နဝါရီ တစ်ရက်နေ့ ၁၉၄၃ ခုနှစ်တွင် မွေးဖွားခဲ့သူ ရော်နယ် အိုဝင် ပဲရယ်လ်မန် သည် ရန်သူများ လှသောလုပ်ငန်းကို အမြတ်များစွာရလာအောင် ရောင်းခြင်းဝယ်ခြင်းဖြင့် အမေရိကန် ရင်းနှီးမြှုပ်နှံသူ တစ်ယောက်ဖြစ်လာသည်။

သူသည် ကုန်စုံဆိုင်၊ ဆေးပြင်းလိပ်၊ ယမကာမျိုးစုံ၊ မိတ်ကပ်၊ ကား၊ ဓါတ်ပုံပညာရပ်၊ တယ်လီဗေးရှင်း၊ စခန်းချခြင်း၊ လုံခြုံရေးပိုင်း၊ ထီဆိုင်များ၊ လက်ဝတ်ရတနာများ၊ ဘဏ်များနှင့် ဟာသစာအုပ်ကုမ္ပဏီများ တွင် ရင်းနှီးမြှုပ်နှံခြင်းများလုပ်ခဲ့သည်။

ပုဂ္ဂိုလ်ရေးဘဝ[ပြင်​ဆင်​ရန်​]

ငယ်ဘဝ[ပြင်​ဆင်​ရန်​]

ပဲရယ်လ်မန် နှင့်အတူ သူ့အစ်ကိုများဖြစ်သော ရေးမွန်ဒ် နှင့် ရုသ် တို့ကိုလည်း Greensboro, North Carolina တွင်မွေးဖွားခဲ့သည်။ သူတို့မိသားစုသည် ဂျူးဘာသာကို ကျွမ်းကျင်သူများဖြစ်ကြသည်။ ရေးမွန်ဒ် သည် သူ့နဂိုကကိုပင် စီးပွားရေးတွင် ကျွမ်းကျင်သောသူဖြစ်သည်။ သူ၏ဖခင်နှင့်ညီတို့နှင့်အတူ အမေရိကန်စက္ကူထုတ်လုပ်ရေးကုမ္ပဏီကို ထိန်းချုပ်လုပ်ကိုင်ခဲ့သည်။

နောက်ဆုံးတွင်တော့ ရေမွန်ဒ် သည် ကုမ္ပဏီမှထွက်လာပြီး စတီးထုတ်လုပ်ရေးအပိုင်းဖြစ်သည့် Belmont သံလုပ်ငန်းကို ဝယ်ယူလိုက်နိုင်သည်။ ရေမွန်ဒ် ၏လက်အောက်တွင် ပဲရယ်လ်မန် သည် စီးပွားရေးပညာကို အခြေခံမှစသင်ယူခဲ့သည်။ ရော်နယ်လ် အသက် ၁၁ နှစ်အရွယ်ရောက်သည့်အချိန်တွင်တော့ သူသည် သူ့ဖခင်ကုမ္ပဏီ၏ ဘုတ် အဖွဲ့ဝင်အစည်းအဝေးများကို တက်ရောက်ခဲ့သည်။ ရေမွန်ဒ် သည် ခပ်ကြမ်းကြမ်း ဆရာမျိုးဖြစ်ပြီး ရော်နယ်လ် ကို အသေးအမွှားလေးမှစ၍ အပြစ်ရှာနေတတ် သည်။ ပဲရယ်လ်မန် သည် Haverford ကျောင်းနှင့် Pennsylvania ရှိ Wharton ကျောင်းတို့တွင် သူ့ဖခင်၏ ခြေရာကိုနင်းကာ စီးပွားရေးမေဂျာကို အဓိကထားပြီး ကျောင်းတက်ခဲ့သည်။ ၁၉၆၄ တွင် ကျောင်းပြီးခဲ့ပြီး ၁၉၆၆ တွင် မာစတာတန်းပြီးစီးခဲ့သည်။

အိမ်ထောင်ရေး[ပြင်​ဆင်​ရန်​]

ပဲရယ်လ်မန် သည် လေးကြိမ်တိုင်တိုင် လက်ထပ်ခဲ့သည်။ စတာလင် ဘဏ်၏ဆက်ခံမည့်သူ ဖိန့် ဂိုးလ်ဒင်း ကို ၁၉၆၅ တွင် လက်ထပ်ပြီး ၁၉၈၄ တွင် ကွာရှင်းခဲ့သည်။ အတင်းအဖျင်းသတင်းကဏ္ဍရေးသားသူ ပင်တိုင်ဆောင်းပါးရှင် ကလော်ဒီယာ ကိုဟန် နှင့်လည်း ၁၉၈၅ မှ ၁၉၉၄ ခုနှစ်အထိ ပေါင်းသင်းခဲ့သည်။ ခေတ်ဆန်ရေပန်းစားသူ ပတ်ထရီရှာ ဒဖ် ကိုလည်း ၁၉၉၄ တွင်လက်ထပ်ပြီး ၁၉၉၆ တွင် ကွာရှင်းခဲ့ သည်။ နောက်ဆုံးတွင်တော့ မင်းသမီးတစ်ယောက်ဖြစ်သူ အယ်လန် ဘာကင် နှင့် ၂၀၀၀ ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ လက်ထပ်ပေါင်းသင်းခဲ့ပြန်သည်။

ဖိန့် ဂိုးလ်ဒင်း[ပြင်​ဆင်​ရန်​]

ပဲရယ်လ်မန် သည် ပထမဆုံးဇနီးဖြစ်သူ ဖိန့် ဂိုးလ်ဒင်း နှင့် ၁၉၆၅ ခုနှစ်တွင် အစ္စရေးသို့သွားသည့် အပျော်စီးသင်္ဘောပေါ်တွင် စတင်ဆုံတွေ့ခဲ့သည်။ အိမ်ရာမြေကွက်များနှင့်ဘဏ်များ၏ဆက်ခံသူဖြစ်သည်နှင့်အညီ ဖိန့် ဂိုးလ်ဒင်း သည် သူတို့နှစ်ဦး၏ မင်္ဂလာပွဲကျင်းပချိန်တွင် အမေရိကန်ဒေါ်လာ မီလျံ ၁၀၀ ကိုပိုင်ဆိုင်ခဲ့သည်။ သူတို့ဇနီးမောင်နှံသည် စတီဗင် ၊ ဂျို့စ်၊ ဟုပ်အမည်ရှိ ကလေးသုံးယောက်ကို မွေးစားခဲ့ပြီး Faith သည် ဒက်ဘရာ အမည်ရှိ လေးယောက်မြောက်ကလေးကို မွေးဖွားခဲ့သည်။ ပဲရယ်လ်မန် သည် ပန်းအလှပြင်ဆင်သူ မိန်းကလေးတစ်ဦးအတွက် လက်ကောက်တစ်ကွင်း ဝယ်ပေးခဲ့ပြီး ထိုလက်ကောက်အတွက် ပြေစာသည် ပဲရယ်လ်မန် ၏ရုံးခန်းကိုရောက်ရမည့်အစား သူတို့အိမ်သို့ ရောက်လာသဖြင့် Faith သိရှိသွားပြီး သူတို့၏အိမ်ထောင်သည် ၁၉၈၄ ထိသာ သက်တမ်းရှည်ခဲ့သည်။

ဖိန့် သည် ၁၉၈၃ ခုနှစ်တွင် သူမနာမည်ဖြင့် MacAndrews & Forbes မှ ခိုးထုတ်ထားဖို့ ကြိုးစားခဲ့သည့် ပဲရယ်လ်မန် အကြောင်းကိုဖော်ထုတ်ခဲ့သည်။ ထို့အပြင် Faith က ပဲရယ်လမန် သည် သူမပိုင်ဖြစ်သော First Sterling Corporation ၏ငွေများဖြင့် ပန်းအလှပြင်သူ မိန်းကလေးအတွက် လက်ဆောင်များစွာကို ဝယ်ပေးခဲ့ကြောင်း ထုတ်ဖော် ပြောဆိုပြီး လူသိရှင်ကြား ကွာရှင်းခွင့်ကိုတောင်းခဲ့သည်။ ရော်နယ်လ် ပဲရယ်လ်မန် သည် ရွိုင်းကွန် ကိုရှေ့နေခန့်ထားပြီး စွပ်စွဲချက်အကုန်လုံးကို ခပ်ပြတ်ပြတ် ငြင်းဆိုခဲ့သည်။ အမေရိကန်ဒေါ်လာ ၈ မီလျံ ကို နစ်နာကြေးအဖြစ် Faith ကိုပေးအပ်ခဲ့ပြီး ဇနီးမောင်နှံအဖြစ်မှ ရပ်စဲခဲ့ကြသည်။

ကလော်ဒီယာ ကိုဟန်[ပြင်​ဆင်​ရန်​]

ပဲရယ်လ်မန် သည် သူ၏ဒုတိယဇနီး ကလော်ဒီယာ ကိုဟန် ကို ၁၉၈၄ ခုနှစ်တွင် Le Cirque ၌တွေ့ဆုံခဲ့သည်။ ၁၉၉၃ ဩဂုတ်လတွင် သူသည် ကွာရှင်းရန် ပြုလုပ်ခဲ့သည်။ ကလော်ဒီယာ သည် ဒေါ်လာ ၈၀ မီလျံကျော်ကို ထားရစ်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ကလော်ဒီယာ တစ်ယောက် ကင်ဆာရောဂါကို လျို့ဝှက်စွာ တိုက်ပွဲဝင်လာပြီးနောက် ကွယ်လွန်ခဲ့ သည်။ ပဲရယ်လ်မန် သည် သူမရောဂါအကြောင်း အစောပိုင်းကတည်းကသိခဲ့ပြီး သူတတ်နိုင်သည့်ဖက်က အကောင်းဆုံး ကုသပေးခဲ့ကြောင်းကို သူမ၏အသုဘတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ မတ်လ ၂၀၀၈ ခုနှစ်တွင် ပဲရယ်လ်မန် သည် Pennsylvania တက္ကသိုလ်ရှိ Logan ဟောခန်းမကို ကိုဟန် ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ သူသည် တက္ကသိုလ်ကို ဒေါ်လာ မီလျံ ၂၀ လှူဒါန်းခဲ့ပြီး ယခု Perelman Quadrangle ဟုဖြစ်နေသော အဆောက်အဦကို ပုံစံသစ်ဖြင့်ပြန်လည်တည်ဆောက်ခဲ့သောကြောင့် Logan ဟောခန်းမ၏နာမည်ကို ပြောင်းလဲပိုင်ခွင့်ရှိခဲ့သည်။ Logan ဟောခန်းမနာမည်ကို ပြောင်းလဲလိုက်သော သူ၏ဆုံးဖြတ်ချက်ကို ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူဟောင်းများနှင့် လက်ရှိကျောင်းသားကျောင်းသူများကို အံ့ဩနေခဲ့သည်။

ပတ်ထရီရှာ ဒဖ်[ပြင်​ဆင်​ရန်​]

ပတ်ထရီရှာ ဒဖ် သည် Perelman ၏သုံးယောက်မြောက်ဇနီးဖြစ်ပြီး အရှုပ်ထွေးဆုံးကွာရှင်းမှုလည်း ဖြစ်သည်။ သူတို့စုံတွဲသည် Perelman က ကိုဟန်၊ Duff က Mike Medavoy ကိုလက်ထပ်ထားစဉ်အချိန်မှာပင် Paris ဟိုတယ်၏ဧည့်သည်စောင့်ခန်းမှာ စတင်တွေ့ရှိခဲ့သည်။ ဒဖ် က မက်ဒါဗွိုင်း ကိုကွာရှင်းလိုက်ပြီးနောက် သူမသည် ပဲရယ်လ်မန် ကို ၁၉၉၅ ဇန်နဝါရီ ၂၅ ရက် နေ့တွင် လက်ထပ်ခဲ့သည်။

သူတို့၏လက်ထပ်ပွဲမကျင်းပမီကပင် သူမသည် ပဲရယ်လ်မန် အတွက် လေးယောက်မြောက်သမီး Caleigh Sophia ကိုမွေးဖွားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ဒဖ် နှင့် ပဲရယ်လ်မန် တို့၏အိမ်ထောင်ရေးသည် အစိတ်စိတ်အမြွှာမြွာဖြစ်သွားပြီး ကာလိုက် ကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ကြောင့် ပြဿနာဖြစ်ရသည်။ ပဲရယ်လ်မန် ရော ဒဖ် ကပါ ကလေးကိုထိန်းသိမ်းချင်ကြပြီး သူတို့၏လက်မထပ်ခင် သဘောတူညီချက် တွင် ကလေးနှင့်ပတ်သက်ပြီး ဘာမှမဖော်ပြထားခဲ့ပေ။ အစကတော့ တိုးတိုးတိတ်တိတ်ဖြစ်ခဲ့သော်လည်း ဒဖ် က ပြည်သူများသိအောင် လူသိရှင်ကြား ကွာခွင့်တောင်းလိုက်သည်။ နှစ်ဦးစလုံးက သူတို့၏သတင်းကို အထိအခိုက်မခံခဲ့ကြပေ။

စိတ်ရောဂါဆရာဝန်က ဒဖ် သည် ယုံမှားသံသယလွန်ကဲခြင်းနှင့်အတ္တဝါဒများခြင်းတို့ကို တွေ့ရှိရပြီး ပဲရယ်လ်မန် ကတော့ ဒေါသအလွန်ကြီးသည့်စိတ်ရှိသည်တို့ကို စစ်ဆေးတွေ့ရှိရခြင်းကြောင့် ပဲရယ်လ်မန် သည် သမီးဖြစ်သူ ကို တစ်နေ့လျှင် ၃ ဒေါ်လာကျပေးပြီး နှစ်ဖက်စလုံးမှ ရုပ်ပိုင်းဆိုင်ရာ အလွဲသုံးစား လုပ်သည်ဟု စွပ်စွဲလိုက်သည်။ တရားရုံးက ထိုကိစ္စ၏အဖြေရလဒ်ကို ပြည်သူလူထုသို့ ထုတ်ပြန်မကြေညာခဲ့သော်လည်း နှစ်ဦးလုံး မည်သူမျှ အမှန်တကယ်အမှုနိုင်သွားခြင်းမရှိဟု သိရသည်။ ပဲရယ်လ်မန် သည် ကာလိုက် ၏တရားဝင်အုပ်ထိန်းသူဖြစ်ပြီး ပတ်ထရီရှာ သည်သမီးထံ ရက်ရှည် လာလည်ခွင့်ရှိလေသည်။

အယ်လန် ဘာကင်[ပြင်​ဆင်​ရန်​]

ပဲရယ်လ်မန် သည် သူ၏လေးယောက်မြောက်ဇနီးဖြစ်သူ အယ်လန် ဘာကင် နှင့် ၁၉၉၉ ခုနှစ်တွင် Vanity Fair Oscar ပါတီတွင် တွေ့ခဲ့သည်။ တစ်နှစ်ခန့်တွဲခုတ်ပြီးနောက်တွင် သူတို့နှစ်ဦးသည် ၂၀၀၀ ခုနှစ်တွင် လက်ထပ်လိုက်သည်။ အကုန်လုံးအနက် သူတို့၏ငါးနှစ်တာအိမ်ထောင်ရေးသည် မုန်တိုင်းအထန်ဆုံးတစ်ခုဖြစ်သည်။

ပဋိပက္ခတော်တော်များများဖြစ်ရခြင်းမှာ အယ်လန် ၏သရုပ်ဆောင်အလုပ်နှင့် ခဏခဏခရီးထွက်ရခြင်း တို့ကြောင့်ဖြစ်ပြီး နှစ်ဦးစလုံး၏ ပေါက်ကွဲဒေါသထွက်တတ်သောစိတ်ကြောင့် ပိုမိုဆိုးဝါးခဲ့ရသည်။ ပဲရယ်လ်မန် သည် ၂၀၀၆ ခုနှစ်အစောပိုင်းတွင် ကွာရှင်းလိုက်သည်။ ပဲရယ်လ်မန် ကို သူ၏အပြုအမူများအတွက် အရှိန်အဟုန်နှင့်အချိန်အခါကို လက်မထပ်ခင်တွင် မရှောင်ရှားနိုင်ပဲ ထပ်၍စောင့်လျှင် အယ်လန် အတွက် ကုန်ကျသောစရိတ်များတိုးလာမည်ဟု သတင်းစာများက လှောင်ပြောင်ကြသည်။ ခိုင်လုံသောသတင်းအရ အယ်လန် အတွက်ကုန်ကျသော မယားစရိတ်မှာ နှစ်စဉ် ဒေါ်လာ ၂ မီလျံ မှ ၃ မီလျံထိ ကုန်ကျပြီး စုစုပေါင်း ဒေါ်လာ ၂၀ မှ ၆၅ မီလျံခန့် ရှိသည်ဟုဆိုသည်။ ၂၀၀၇ ခုနှစ်နှောင်းပိုင်းတွင် ထိုမောင်နှံသည် တရားရင်ဆိုင်ခဲ့သည်။

ကွာရှင်းခြင်းပြီးစီးရန်အတွက် အယ်လန် နှင့် သူမ၏အစ်ကို ဇာတ်ညွှန်းစရာဂျော့ချ် တို့စတင်ထားသည့် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွင် ငွေသန်းပေါင်းများစွာ မြှုပ်နှံပေးရန် လိုအပ်နေသည်။ ပဲရယ်လ်မန် သည် သူတို့နှစ်ဦးအမှန်တကယ် ဇာတ်ကားများထုတ်လုပ်နေသည်ဟူသော သက်သေ မရှိကြောင်း ချေပပြောဆိုပြီး အနည်းအကျဉ်းသာပေးခဲ့သည်။ အယ်လန် သည် ပဲရယ်လ်မန် ကို ပိုက်ဆံကိစ္စအတွက် ထပ်မံတရားစွဲဆိုခဲ့ပြီး အယ်လန် နှင့် သူမ၏အစ်ကို ဂျော့ချ် တို့သည် ရုပ်ရှင်ကုမ္ပဏီ အတွက် သူတို့ဘာသာဆက်လက်လှုပ်ရှားခဲ့သည်။

ပရဟိတလုပ်ငန်းများ[ပြင်​ဆင်​ရန်​]

ရော်နယ် ပဲရယ်လ်မန် သည် ကမ္ဘာပေါ်တွင် ထိပ်တန်းအလှူရှင်တစ်ဦးဖြစ်ပြီး ၂၀၀၂ ခုနှစ်ကတည်းက အလှူအတန်းကိစ္စများတွင် ဒေါ်လာသန်း ၂၀၀ ခန့်လှူဒါန်းခြင်းဖြင့် ပရဟိတလူမှုရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့သည်။ လတ်တလောအားဖြင့် သူ၏အကြီးဆုံးသောလှူဒါန်းမှု ဒေါ်လာသန်း ၅၀ ကို နယူးယောက် မြို့ရှိ စကော့တလန် ခရစ်ယာန်အသင်းဝင်ဆေးရုံနှင့် Weill Cornell ဆေးဌာနသို့ ပေးအပ်ခဲ့သည်။

ရော်နယ်လ် အို ပဲရယ်လ်မန်သည် နှလုံးကုသဆောင်သို့ ဒေါ်လာသန်း ၅၀ ပေးအပ်ခဲ့ပြီး ရော်နယ် အို ပဲရယ်လ်မန် နှင့် ကလော်ဒီယာ ကိုဟန် မျိုးပွားစနစ်ကုသဆေးဆောင်သို့လည်း အရေးပါသောဘဏ္ဍာရေးအထောက်အပံ့များ ကူညီခဲ့သည်။ ၂၀၀၈ မေလ ၄ ရက်နေ့တွင် FOX ၏ကြယ်ပွင့်သစ် ဘီလ် အိုရဲလ်လီ စီစဉ်တင်ဆက်သည့် The O’Reilly Factor ကဏ္ဍတွင် အစီအစဉ်၏ Pinheads and Patriots အပိုင်း၌ ပဲရယ်လ်မန် ကို American Patriot ဟု အမည်ပေးလိုက်သည်။ ၂၀၀၈ ခုနှစ်အတွင်းတွင် ပဲရယ်လ်မန် ကို ပရဟိတလှူဒါန်းမှု မော်ကွန်း စာရင်း၌ အမေရိကန် ပြည်ထောင်စုတွင် ၂၆ မြောက် အရက်ရောဆုံး အလှူရှင်အဖြစ် သတ်မှတ်လိုက်သည်။

ပဲရယ်လ်မန် သည် ၂၀၀၈ တွင် အမှုအကြောင်းကြီးငယ်တို့အတွက် ဒေါ်လာသန်း ၆၃.၅ သန်း လှူဒါန်းခဲ့ ပြီး Cornell တက္ကသိုလ်၏ဆေးကောလိပ် Weill အတွက်ကား အကန့်အသတ်မရှိလှူဒါန်းသည်။ အခြား Stand Up to Cancer၊ World Trade Center ရန်ပုံငွေအဖွဲ့နှင့် Ford ပြဇာတ်ရုံတို့တွင်လည်း အလှူငွေများပေးအပ်ခဲ့သေးသည်။ ပဲရယ်လ်မန် သည် နယူးရော့ခ်ရှိ ဆေးကောလိပ်ရှိ ရော်နယ် အို ပဲရယ်လ်မန် နှင့် ကလော်ဒီယာ ကိုဟန် မျိုးပွားစနစ်ကုသရေးစင်တာတွင် သုတေသနလုပ်ငန်းများ၊ ပညာရေးနှင့် လူနာပြုစုစောင့်ရှောက်ရေး တို့ပြုလုပ်ရန်အတွက် ဒေါ်လာ ၂၅ သန်း ထောက်ပံ့ခဲ့သည်။

ထပ်လောင်း၍ ပဲရယ်လ်မန် သည် Stand Up to Cancer, Pasadena, Calif စသည့် ကင်ဆာ သုတေသနနှင့် ကုသရေးအဖွဲ့အစည်းများတွင် ကင်ဆာလူနာများကို ကုသမှုအတွက် ဒေါ်လာ ၁၅ သန်းထောက်ပံ့ပြီး နယူးရော့ခ်မြို့ရှိ World Trade Center ရန်ပုံငွေအတွက် ဒေါ်လာ ၅ သန်း၊ ဝါရှင်တန်ရှိ Ford ပြဇာတ်ရုံအတွက် ဒေါ်လာ ၂.၅ သန်းကို လှူဒါန်းခဲ့သည်။ ပဲရယ်လ်မန် သည် ထိုလှူဒါန်းပေးအပ်မှုများ၏အသေးစိတ်ကို ဖော်ထုတ်ပြောဆိုရန် ငြင်းပယ်ခဲ့သည်။

သူသည် Philadelphia ရှိ Big Brothers Big Sisters၊ New York ရှိ Michael J. Fox Foundation for Parkson’s Research၊ Baltimore ရှိ Notional Association for the Advencement of Colored People၊ နယူးယောက် ရှိ မိုးရာသီသစ်တောဖောင်ဒေးရှင်းနှင့် အခြားသောအနုပညာ၊ ပညာသင်ကြားရေး၊ ဂျူးဘာသာ၊ ဆေးဝါး သုတေသနလုပ်ငန်းနှင့် အမျိုးသမီးကျန်းမာအရေးအဖွဲ့များအပါအဝင် အကျိုးအမြတ်မကြည့်သည့် အဖွဲ့အစည်း များအတွက် စုစုပေါင်းဒေါ်လာ ၁၆ သန်းကို လှူဒါန်းခဲ့သေး သည်။

ပဲရယ်လ်မန် သည် နယူးယောက် မြို့ရှိ အကျိုးအမြတ်မကြည့်သည့် လူငယ်ဖွံ့ဖြိုးရေးအေဂျင်စီအဖြစ် မြို့တွင်းရှိ ကလေးသူငယ်များနှင့် ဆယ်ကျော်သက်များကို ပြုစုပျိုးထောင်ပေးသည့် Police Athletic League အဖွဲ့၏ ဘုတ်အဖွဲ့ဝင်ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ၂၀၀၆ တစ်နှစ်ထဲတွင် သူသည် Carnegie Hall နှင့် World Trade Center အမှတ်တရရန်ပုံငွေအဖွဲ့ အပါအဝင် အခြားသောလူမှုရေးပရဟိတအဖွဲ့များနှင့်အမှုအကြောင်းများအတွက် ဒေါ်လာသန်း ၆၀ ကျော်ကို လှူဒါန်းခဲ့သည်။ အခြားသောအသိအမှတ်ပြုသင့်သည့် လှူဒါန်းမှုများမှာ Pennsylvania တက္ကသိုလ်အတွက် ဒေါ်လာ သန်း ၂၀၊ Ronald O. Perelman Department of Dermatology ကိုတည်ထောင်ရန်အတွက် New York တက္ကသိုလ်ကို ၁၀ သန်း၊ Ronald Perelman Institute for Jewish Studies ကို တည်ထောင် ရန် ပရင်စတန် တက္ကသိုလ်ကို ဒေါ်လာ ၄.၇ သန်းနှင့် Guggenheim ပြတိုက်ကို ဒေါ်လာသန်း ၂၀ လှူဒါန်းခဲ့သည်။

ဆေးပြင်းလိပ်လုပ်ငန်းများ[ပြင်​ဆင်​ရန်​]

“ဆေးပြင်းလိပ်ခဲခြင်း” ဟူသောစကားလုံးသည် ပဲရယ်လ်မန် အကြောင်းရေးသောနေရာတိုင်းတွင် ပါရှိပြီး အကြောင်းပြချက်ကောင်းကောင်းဖြင့် ဖြစ်သည်။ ပဲရယ်လ်မန် သည် သူ၂၆ နှစ်အရွယ်တင်ပင် ဆေးပြင်းလိပ်စသောက်တတ်ခဲ့သည်။ အစည်းအဝေးပွဲတစ်ခုတွင် သူသည် လက်ဒီ မောင့်တဂူး အမည်ရှိသူ ရှေ့နေတစ်ယောက် ဆေးပြင်းလိပ်ကို မီးညှိသောက်ပြီး ပျော်ပျော်ကြီးဖွာနေသည်ကို မြင်လိုက်ရသည်။

ပဲရယ်လ်မန် က သူလည်းတစ်လိပ်လောက်သောက်ခွင့်ရမလားဟု မေးလိုက်သည်။ ထိုနေ့မှစ၍ ဖြတ်လိုက်သည့် ၁၉၉၉ ခုနှစ်တိုင်အောင် သူသည် တစ်နေ့ကို ဆေးပြင်းလိပ် တစ်လိပ်မှ ငါးလိပ်အထိသောက်သည်။ ပဲရယ်လ်မန် သည် ကျစ်လျစ်တောင့်တင်းသော custom 38-ring H ဆေးပြင်းလိပ်ကို ထုတ်လုပ်ခဲ့ သည်။

ထိုဆေးလိပ်သည် သူ့အကြိုက်သက်သက်သာဖြစ်သည်။ မီဒီယာများက သူဆေးပြင်းလိပ်ဖြတ်လိုက်ခြင်းအကြောင်းကို အမျိုးမျိုးခွဲခြမ်းကြည့်ကြရာတွင် နယူးယောက် မဂ္ဂဇင်းက သူ၏ဇနီး အယ်လန် ဘာကင် ကဖြတ်ခိုင်း၍ဖြစ်သည်၊ Forbes မဂ္ဂဇင်းက သူကိုယ်တိုင် ရောင်းချနေသောကြောင့် ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ခန့်မှန်းကြသည်။ ပဲရယ်လ်မန် သည် Institutional Investor ဖြင့်အင်တာဗျူးတစ်ခုတွင် သူနှင့်အတူနေကြသော သမီး နှစ်ယောက်ဖြစ်သူ စမက်သာ နှင့် ကာလိုက် တို့ကြောင့် ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အမှန်အတိုင်းပြောခဲ့ သည်။

ဂျူးဘာသာ[ပြင်​ဆင်​ရန်​]

ဂျူးဘာသာသည် ပဲရယ်လ်မန် ၏ဘဝတွင် အပြင်းထန်ဆုံးလွှမ်းမိုးမှုတစ်ခုဖြစ်ခဲ့သည်။ သူသည် အစွဲအလန်းကြီးသောအိမ်ထောင်စုအတွင်း ကြီးပြင်းလာခဲ့ရပြီး အသက် ၁၈ နှစ်အရောက်တွင် အစ္စရေး သို့သွားသောခရီးတစ်ခုက သူ၏ဘာသာရေးစိတ်ကို ပြန်လည်နိုးထစေခဲ့သည်။ “ဂျူးလူမျိုးဖြစ်ရတာကို ဂုဏ်ယူရုံတင်မကဘူး၊ ပိုကောင်းတဲ့ဂျူးမဖြစ်ရလို့ ဟာတာတာခံစားရတယ်။ အဲဒါကြောင့် ပိုကောင်းတဲ့ဂျူးဖြစ်အောင် နေထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျုပ်အိမ်ထောင်ကျကျချင်း ဂျူးထုံးတမ်းနဲ့ကိုက်ညီတဲ့အိမ်ကို ဆောက်လိုက်တော့ ပိုပြီးလိုက်နာ စောင့်စည်းဖြစ်တယ်။ နောက်တော့ နယူးယောက် ကိုပြောင်းသွားပြီး ရှေးရိုးရဟူဒီဘုရားကျောင်းမှာ အသင်းဝင်လိုက်တော့ ကလေးတွေလည်း ကျုပ်တုန်းကထက် ပိုပြီး ဂျူးဘာသာတရားနဲ့ နီးနီးကပ်ကပ်ကြီးပြင်းခွင့်ရခဲ့တယ်”

ယနေ့အထိ ပဲရယ်လ်မန် သည် ဥပုသ်စောင့်ခြင်း၊ စနေနေ့တိုင်း သုံးနာရီကြာဆုတောင်းခြင်း၊ ဂျူးဘာသာတရားနှင့် ကိုက်ညီသောအိမ်တွင် နေထိုင်ခြင်းနှင့် Chabad-Lubavitch ဂိုဏ်းခွဲများကဲ့သို့ ဂျူးအဖွဲ့များနှင့်ဘေးဒုက္ခများအတွက် သန်းပေါင်းများစွာလှူဒါန်း ခြင်းတို့ကို ပြုဆဲဖြစ်သည်။ သူသည် Lubavitch အဖွဲ့၏အသင်းဝင်ဖြစ်ရန်ကိုမူ မစဉ်းစားပေ။ ထိုသို့လှူဒါန်းနေခြင်းမှာ သူတို့သည် လက်ရှိလူ့အဖွဲ့အစည်းတွင် နောက်ဆုံးအသက်ရှင်ကျန်နေခဲ့သော ဂျူးလူမျိုးများဖြစ်သောကြောင့်ဟု ပဲရယ်လ်မန် ကလက်ခံထားသည်။

စီးပွားရေးလုပ်ငန်းများ[ပြင်​ဆင်​ရန်​]

Belmont စက်မှုလုပ်ငန်း[ပြင်​ဆင်​ရန်​]

ပဲရယ်လ်မန် ၏ပထမဆုံးစီးပွားရေးအပေးအယူသည် ပင်နီဇွဲလားတက္ကသိုလ် ဝှာတန် ကျောင်းတွင် မောင်မယ်သစ်လွင်အဖြစ် တက်ရောက်သည့် ၁၉၆၁ ခုနှစ်တွင်စတင်ခဲ့သည်။ သူနှင့်သူ၏ဖခင်တို့သည် ကို ဒေါ်လာရှစ်သောင်းဖြင့် ဝယ်ယူလိုက်ပြီး နောက်သုံးနှစ်အကြာတွင် အမြတ် ၁ သန်း ကျန်အောင် ရောင်းထုတ်လိုက်နိုင်သည်။ ပဲရယ်လ်မန် သည် Belmont သံလုပ်ငန်း ( နောက်ပိုင်းတွင် Belmont စက်မှုလုပ်ငန်းဟုပြောင်းလိုက် သည်) တွင် လုပ်ကိုင်စဉ်တစ်လျှောက်လုံး ဖခင်ဖြစ်သူနှင့်အတူတူတွဲကာ လုပ်ငန်းကိစ္စများကိုလုပ်ရင်း ဒေါ်လာသန်းပေါင်းများစွာကို ရှာနိုင်ခဲ့သည်။ သူတို့၏ယေဘူယျနည်းဗျူဟာဖြစ်သည့် “ကုမ္ပဏီကိုဝယ်၊ အမြတ်ထွက်ပြီးအကြွေးလျော့စေရန် မလိုအပ်တဲ့ဌာနစိတ်တွေကိုဖယ်ထုတ်၊ အဓိကအူတိုင်လုပ်ငန်းကိုသာလုပ်ကိုင်၊ ရောင်းရင်ရောင်း သို့တည်းမဟုတ် ငွေလည်ပတ်မှုအတွက်လုပ်ဆောင်”ဟူသောနည်းလမ်းကို ပဲရယ်လ်မန် သည် ဘဝတစ်လျှောက်လုံး လိုက်နာကျင့်သုံးခဲ့သည်။

Belmont စက်မှုလုပ်ငန်းကို တရားဝင်ဝင်ရောက်ပြီး ၁၂ နှစ်အကြာ ၁၉၇၈ ခုနှစ်တွင် သူသည် ဒုတိယ ဥက္ကဌဖြစ်လာခဲ့သော်လည်း ကုမ္ပဏီတွင် ပိုမိုအာဏာရှိပြီးလွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ ရေမွန်ဒ် က သူ့ကို ဘယ်တော့မှနေရာဖယ်ပေးဖို့ စိတ်ကူးမရှိဟုပြောခဲ့သည်။ ပဲရယ်လ်မန် သည်နှုတ်ထွက်လိုက်ပြီး နယူးယောက် သို့ပြောင်းရွှေ့လာခဲ့သည်။ ထိုနှစ်ဦးသည် နောင် ၆ နှစ်ကြာသည်အထိ တစ်ဦးနှင့်တစ်ဦးအခေါ်အပြောမရှိခဲ့ကြပေ။

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၍[ပြင်​ဆင်​ရန်​]

ပဲရယ်လ်မန် သည် သူ့ဖခင်၏လွှမ်းမိုးမှုမပါပဲ ပထမဆုံးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအပေးအယူဖြစ်သည့် ကိုဟန်-Hatfield ရတနာအရောင်းသမားများနှင့် ၁၉၇၈ ခုနှစ်တွင် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ သူသည် ဟတ်ဖီး ၏စီမံမှုညံ့ဖျင်းသောကြောင့် လက်ဝတ်ရတနာများပျောက်ဆုံးသွားသည့်အတွက် ပဲရယ်လ်မန် သည် သူ၏ဇနီး ဖိန့်သ် ဂိုးလ်ဒင်း ထံမှ ဒေါ်လာ ၁.၉ မီလျံကိုချေးယူကာ ကုမ္ပဏီကို ပြန်လည်ထိန်းချုပ်ခဲ့သည်။

တစ်နှစ်အတွင်း ပဲရယ်လ်မန် သည် အမြတ်များများစေသော လက်ကားဌာနအတွက် ကုမ္ပဏီ၏လက်လီ ဌာနများအားလုံးကို ရောင်းထုတ်လိုက်ပြီး ဒေါ်လာ ၁၅ သန်းရရှိခဲ့သည်။ သူ၏နောက်ထပ်ပစ်မှတ်တစ်ခုမှာ နွယ်ချိုအဆီအနှစ်နှင့်ချောကလက်ဖြန့်ချီရေးဖြစ်သည့် MacAndrew & Forbes ဖြစ်သည်။ စီမံရေးရာနှင့်ရင်းနှီးထားသူများက ကုမ္ပဏီကိုဝယ်ရန်ကြိုးစားနေသော သူ၏အားထုတ်မှုများကို ခါးခါး သီးသီးငြင်းပယ်လိုက်ပြီး ပူးပေါင်းမှုကိုကာကွယ်ရန် အမှုဆိုင်ရန်လုပ်ခဲ့သော်လည်း ပဲရယ်လ်မန် က အောင်မြင်သွားလေသည်။ ထိုကြိုးစားမှုမှာ လွန်ခဲ့သော ၁၀ နှစ်ကတည်းက ပဲရယ်လ်မန် ၏ဖခင်ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့သော ကိစ္စရပ်တစ်ခုဖြစ်သည်။

ရက်ဗလွန်[ပြင်​ဆင်​ရန်​]

၁၉၈၅ ခုနှစ်တွင် ပဲရယ်လ်မန် သည် Revlon Corporation နှင့် လုပ်ငန်းအပေးအယူပြုခဲ့သည်။ မိုက်ကယ် မီလ်ကန် ၏လုပ်ငန်းဖြစ်သော Drexel Burnham Lambert နှင့် မီလျံဒေါ်လာ ၇၀၀ တန်ကြေးဖြင့် သဘောတူညီမှုရှိထားသဖြင့် ပဲရယ်လ်မန် သည် ရက်ဗလွန်၏ ၃၈.၂ မီလျံလက်ရှိရှယ်ယာများအားလုံး သို့မဟုတ် တချို့ကို ပြင်ပဈေး ရှယ်ယာတစ်ခုလျှင် ၄၅ ဒေါ်လာရှိချိန်တွင် ၄၇.၅ ဒေါ်လာဖြင့် ဝယ်ယူရန် ကမ်းလှမ်းခဲ့သည်။

ထိုကမ်းလှမ်းမှု ငြင်းပယ်ခံရသောအခါ သူသည် ၅၃ ဒေါ်လာရောက်သည်အထိ အကြိမ်ကြိမ်ကမ်းလှမ်းပြီး ရက်ဗလွန်၏ စီမံခန့်ခွဲမှုတိုက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်ခဲ့သည်။ Forstmann Little & Company သည် ရှယ်ယာတစ်ခု ၅၆ ဒေါ်လာထိ ထိုးကျသွားခဲ့ပြီး ပဲရယ်လ်မန် က ရှယ်ယာတစ်ခု ၅၈ ဒေါ်လာဖြင့် အောင်ပွဲခံခဲ့သောကြောင့် လူထုအကြား လေလံစစ်ပွဲသည် ထွက်ပေါ်လာခဲ့သည်။ ပဲရယ်လ်မန် သည် ရက်ဗလွန်၏ ရှယ်ယာရှင်များကို ၁.၈ ဘီလျံဒေါ်လာပေးခဲ့သော်လည်း ဝယ်ယူမှုနှင့်ပတ်သက်သည့် အခြားကုန်ကျမှုများအတွက် ၉၀၀ မီလျံဒေါ်လာကိုလည်း ထုတ်ပေးခဲ့သည်။

သူ့အတွက် ကံမကောင်းသည်မှာ ရက်ဗလွန်သည် အလွန်ရုန်းကန်ခဲ့ရသည်။ ကုမ္ပဏီထဲသို့ ဒေါ်လာသန်းပေါင်းများစွာ မြှုပ်နှံထည့်သွင်းပြီး အထက်တန်းစီမံခန့်ခွဲမှုများ ပုံပှန်ပြုလုပ်သော်လည်း ရက်ဗလွန်က အမြတ်ငွေများရရှိဖို့ ခက်ခဲဆဲဖြစ်နေခဲ့သည်။ ၁၉၉၉ မှ ၂၀၀၇ ခုနှစ်ထိ ရက်ဗလွန်သည် ၃၂ နှစ်အတွင်း အကျိုးမြတ်ရှိသည့် အစိတ်ပိုင်း တစ်ခုသာရှိခဲ့သည်။ အကျိုးအမြတ်မရရှိမှုသည် ၂၀၀၈ ခုနှစ်တွင် ရှယ်ယာဈေးနှုန်း ၁.၂၀ အထိကျဆင်းခြင်းဖြင့် ပြသလာပြီး ထိုအချိန်က ယာယီအားဖြင့် ၁:၁၀ အချိုးကျခွဲဝေမှုစနစ်ဖြင့် ၂၀၀၉ ခုနှစ်တွင် စတော့ကုန်သွယ်မှုအား ၅၀ဆင့် အဖြစ် ပြင်ဆင်ခဲ့သည်။

ရက်ဗလွန်၏ ငွေကြေးပြဿနာ အဓိကအကြောင်းရင်းမှာ ကုမ္ပဏီကိုဝယ်စဉ်က ပဲရယ်လ်မန် ၏ အကြွေးဝယ်ယူမှု ကြီးမားခဲ့ခြင်းကြောင့်ဖြစ်သည်။ ၂၀၀၉ ခုနှစ်နှောင်းပိုင်းတွင် ပဲရယ်လ်မန် နှင့် အခြားသော ရက်ဗလွန်ရှယ်ယာရှင်များကြား သဘောတူညီမှု တစ်ခု ရရှိခဲ့သည်။ Wall Street ဂျာနယ်၏ ဖော်ပြချက်အရဆိုလျှင် “ရှယ်ယာရှင်များသည် ရက်ဗလွန်ရှိ ပုံမှန်ရှယ်ယာများမှ သူတို့၏ ပိုင်ဆိုင်မှု ၅ ပုံ ၂ ပုံကို ပိုအလားအလာကောင်းသော စတော့အသစ်အတွက် ထုတ်ရောင်းခွင့်ရှိသည်၊ ထိုအသစ်ဝယ်ယူသော ရှယ်ယာများသည် ၄ နှစ်အတွင်း တစ်ကြိမ်စီ ခွဲဝေ၍ ပေးဆပ်ခွင့်ရှိသည်”။ အောက်တိုဘာလ ၈ ရက်တွင် လက်ရှိရှယ်ယာရှင်များအနက် တစ်ဝက်နီးပါးသည် အလားလာကောင်းသော စတော့ဖြင့် သူတို့ရှယ်ယာများကို လဲလှယ်ခဲ့ကြသောကြောင့် ပဲရယ်လ်မန် သည် ရက်ဗလွန်ရှယ်ယာ ရ၉% ကို ထိန်းချုပ်နိုင်ပြီဖြစ်သည်။ ရှယ်ယာတစ်ခုလျှင် ၂.၅၈ ဒေါ်လာနှုန်းအထိ ကျဆင်းနေသော ရက်ဗလွန်စတော့ကို လက်ဝယ်ထားရှိသသည့် ရင်းနှီးမြှုပ်နှံသူများသည် ၅ ဒေါ်လာဖြင့် နောက်ထပ် ၄ နှစ်ကြာလျှင် သက်တမ်းကုန်ဆုံးမည့် ရှယ်ယာများကို လဲလှယ်ကြပြီး ပျှမ်းမျှ ရ.၈၇ ဒေါ်လာခန့်အထိ ရှိနိုင်သည်။

အောက်တိုဘာလ ၂၉ တွင် ရက်ဗလွန်က လေ့လာမှုမျှော်လင့်ချက်များအတိုင်း သုံးချိုးရလဒ်ဖြင့် တင်ပြလာသည်။ တစ်နေ့တွင် ရက်ဗလွန် ရှယ်ယာသည် ၄၃ ရာခိုင်နှုန်းအထိ တက်လာသည်။ နိုဝင်ဘာ ၁ ရက်နေ့တွင် ၁၀ ဒေါ်လာဖြစ်လာသည်အထိ ထို့နောက်ပိုင်း သီတင်းပတ်များတွင် နှုန်းထားတက်လာခဲ့သည်။ ယနေ့အခါတွင် စတော့ကုန်သွယ်မှုသည် ၁၅ ဒေါ်လာဖြစ်သည်။ ပဲရယ်လ်မန် သည် အစပိုင်းတွင် ၁၉၈၈ ငွေစုငွေချေး အကျပ်အတည်းဖြစ်ချိန်တွင် ဝင်ရောက်ခဲ့ပြီး Gerald J. Ford နှင့်အတူ ကြွေးမကျေသော လုပ်ငန်း ၅ ခုကို ၃၁၅ မီလျံဒေါ်လာဖြင့် ဝယ်ယူကာ ပထမဆုံးသော Gibraltar ဘဏ်ဟု အမည်ပြောင်းခဲ့သည်။ ၁၉၉၂ တွင် အမေရိကန်ဘဏ် လုပ်ငန်းတော်တော်များများကို ၁၁၀ မီလျံဒေါ်လာဖြင့် မရောင်းပစ်မှီ သူသည် ၁၉၉၀ တွင် နောက်ထပ် လုပ်ငန်း ၂ ခုကို ထပ်ထည့်ကာ ဘဏ်အချို့ကို အခွန်ရှောင်ရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့သည်။ လေ့လာသူများက ထိုကဲ့သို့သော အခွန်ဖြေရှင်းမှုများမှ ရသည့် အကျိုးမြတ်များကြောင့် သူသည် မီလျံဒေါ်လာ ၆၀၀ မှ ဘီလျံဒေါ်လာ ၁.၂ အကြား ရရှိခဲ့သည်ဟု ခန့်မှန်းကြသည်။ သူသည် ၁၉၉၄ ခုနှစ်တွင် တိုင်းပြည်ထဲရှိ အခြားသော ဘဏ်အချို့မှ လွဲ၍ ကယ်လီဖိုးနီးယားရှိ လုပ်ငန်းခွဲတစ်ခုထဲဖြစ်သော ပထမဆုံးသော အမျိုးသားလုပ်ငန်း Ford Motor ကုမ္ပဏီကို ၆၆၄ မီလျံဒေါ်လာဖြင့် ဝယ်ယူပြီး ငွေစုငွေချေးလောကထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် သူ့အား အရေးမပါသောရာထူးပေးထားပြီး စီမံမှုကို ပေးအပ်ထားခဲ့သည့် Golden State Bancorp နှင့် စတော့အလဲအလှယ်ပြုလုပ်ရန် ဆွေးနွေးခဲ့သည်။

နောက်ဆုံးတွင် ဘဏ်ကို ငွေသားနှင့် စတော့တန်ဖိုး ၄.၈ ဘီလျံဒေါ်လာဖြင့် Citigroup သို့ ရောင်းချခဲ့သည်။ သူသည် သူ့ကိုယ်ပိုင်အားဖြင့် ၂ ဘီလျံဒေါ်လာခန့်ရရှိခဲ့သော်လည်း ယခင်က သူ့ရှယ်ယာများကို ရောင်းချထားခဲ့ခြင်းကြောင့် ထို့ထက်နည်းပါးစွာရရှိခဲ့သည်။

Marvel[ပြင်​ဆင်​ရန်​]

၁၉၈၉ ခုနှစ် S&L အရေးအခင်းကာလတွင် Perelman သည် စိစစ်သူများကို ချန်ထားကာ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။ သူသည် Marvel ကာတွန်း၏မူလကုမ္ပဏီဖြစ်သော Marvel Entertainment Group ကို New World Entertainment ထံမှ ဒေါ်လာ ၈၂.၅ သန်းဖြင့် ဝယ်ယူလိုက်သည်။ “ဒါဟာ ဖန်တီးနိုင်စွမ်းကိုပိုင်ဆိုင်ရတဲ့ ဒစ်စနေ အသေးစားလေးပါပဲ” ဟု ပဲရယ်လ်မန် ကပြောခဲ့သည်။

“ဒစ်စနေးဇာတ်ကောင်တွေက ပိုပျော့ပျောင်းပြီး ပိုအသိအမှတ်ပြုခံရနေချိန် ကျုပ်တို့ဇာတ်ကောင်တွေ က အက်ရှင်သူရဲကောင်းတွေဖြစ်နေတာပါပဲ။ ဒါပေမယ့် ဒီလုပ်ငန်းက ဇာတ်ကောင်တွေကိုဖန်တီးပြီး ဈေးကွက်တင်သွင်းရတဲ့အလုပ်တစ်ခုပါ” များပြားလှသော ကြော်ငြာလုပ်ငန်းအားထုတ်မှုကြောင့် ကာတွန်းဈေးများတက်လာပြီး ကာတွန်းစာအုပ် လုပ်ငန်းတွင် အရောင်းအဝယ်ကောင်းသောကာလဖြစ်လာကာ Marvel ၏အမြတ်များထိုးတက်လာ သည်။ ပဲရယ်လ်မန် သည် နောက်ပိုင်းတွင် ဘေ့စ်ဘောကတ်ကုမ္ပဏီ Fleer ကော်ပိုရေးရှင်းအပြင် Sky Box အပြည်ပြည်ဆိုင်ရာလုပ်ငန်း၊ အီတလီပိုင် စတစ်ကာထုတ်လုပ်သည့် Panini Group၊ ကာတွန်းစာအုပ် ထုတ်လုပ်သော Welsh ထုတ်ဝေရေးနှင့် Malibu ကာတွန်းတို့နှင့် Marvel ဦးပိုင်လုပ်ငန်းတို့သည် ဒေါ်လာ ရ၀၀ ဖြင့်ပူးပေါင်းခဲ့ကြသည်။

ကမ္ဘာတစ်ဝှမ်းလုံးရှိ ရင်းနှီးမြှုပ်နှံသူများက သူ၏ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုကြပြီး ဒေါ်လာ သန်း ၈၀ ကို Marvel ကုမ္ပဏီအတွက် IPO ရှယ်ယာများရောင်းသည့်အချိန်တွင် Perelman အတွက် ထုတ်လုပ်နိုင်ခဲ့သည်။ သူသည်နောက်ပိုင်းတွင် Toy Biz တွင် Marvel ၏ရှယ်ယာများကို ထပ်မံဖြည့်ခဲ့သည်။ သူ၏ကံကောင်းမှုများသည် ကြာရှည်မခံပေ။ Marvel ၏ထုတ်ကုန်များအား တိုက်ရိုက်ဖြန့်ချီရန် ကြိုးစားအားထုတ်မှုသည် ရောင်းအားကျဆင်းမှုနှင့် ကာတွန်းစာအုပ်ခေတ်ပျက်ချိန်တွင် ဖြစ်ခဲ့သည့်ဆုံးရှုံးမှုကို ပိုမိုဆိုးဝါးစေခဲ့ပြီး ၁၉၉၄ ဘေ့စ်ဘောပြိုင်ပွဲက Fleer ဌာနစိတ်၏အမြတ်များကို ခွက်ခွက်လန်ရှုံးစေကာ Panini သည် Disney ရုံးတွင် တင်ဆက်မှု ညံ့ဖျင်းသောကြောင့် ယိုင်နဲ့သွားခဲ့သည်။ (Disney ဇာတ်ကောင်များကို လိုင်စင်ပြုလုပ်ခြင်းက Panini ၏အခွန်အရင်းအမြစ်များကို ထောက်ပံ့ပေးသောကြောင့် ရုပ်ရှင်ဇာတ်လမ်းများည့ံဖျင်းသောအခါ Panini လည်းကျဆုံးသွားခဲ့သည်။)

ငွေချေးစာချုပ်ပိုင်ရှင် ကားလ် အိုက်ခန် က ကုမ္ပဏီကို ပဲရယ်လ်မန် ဆီမှပြန်လည်ရယူရန် ကြိုပမ်းတိုက်ခိုက်ခဲ့ သည်။ Toy Biz ပိုင်ရှင်များဖြစ်ကြသော Ike Perlmutter နှင့် Avi Arad တို့သည် ဘဏ္ဍာရေးရာကိစ္စများကို သူတို့ဖာသာသူတို့ကာကွယ်ရန်အတွက် Marvel ကုမ္ပဏီကို အိုက်ခန် နှင့် ပဲရယ်လ်မန် တို့ထံမှပြန်လည် ဝယ်ယူခဲ့သည်။ သူ၏အမြတ်အပေါ် ခန့်မှန်းချက်အပေးအယူများသည် ကျယ်ပြန့်စွာပြောင်းလဲသွားသည်။ Chuck Rozanski က ပဲရယ်လ်မန် သည် Marvel ကုမ္ပဏီထံမှ ဒေါ်လာသန်း ၂၀၀ မှ ၄၀၀ အထိ မြတ်နိုင်သည်ဟုခန့်မှန်းပြီး Forbes မဂ္ဂဇင်းက ဘယ်လောက်မှမရဟု ထင်ကြေးပေးကြကာ Marvel ကုမ္ပဏီဒေဝါလီခံသည့်အမှုကိုကိုင်ရသည့် တရားသူကြီးကတော့ Perelman သည် အခွန်ကြေးတွေ အပါအဝင် ဒေါ်လာသန်း ၂၈၀ ခန့်ရခဲ့သည်ဟုဆိုကြသည်။

ပဲရယ်လ်မန် ၏ Marvel ပုံပြင်သည် ကာတွန်းဆရာ R.Walker နှင့် ငွေကြေးပိုင်းဆိုင်ရာ ဆောင်းပါးရှင် Josh Neufeld တို့ပူးပေါင်းထုတ်ဝေသည့် (Alternative Comics, 2001, ISBN 1-891867-05-9) Titans of Finance အမည်ဖြင့် Wall Street အမှုဆောင်များနှင့် ကုန်သည်များကို သူရဲကောင်းများ၊ လူဆိုးများအဖြစ် ဇာတ်ကောင်ထားကာ ကာတွန်းဆွဲလှောင်ပြောင်ခြင်းခံရသည်။ ဇာတ်လမ်းထဲတွင် အဓိကဦးဆောင်သူဇာတ်ကောင်များတွင် ပဲရယ်လ်မန်၊ မိုက် ဗရန်နော့စ်၊ အယ်လ် ဒန်လပ်၊ ဗစ်တာ နီးဒါဟိုဖာ တို့ဖြစ်ကြသည်။

New World နှင့် ပတ်သက်မှုများ[ပြင်​ဆင်​ရန်​]

၁၉၈၉ ခုနှစ်တွင် Perelman သည် Marvel ကုမ္ပဏီ၏အရင်းခံဖြစ်သော New World Entertainment ကို ပြန်လည်ဝယ်ယူခဲ့သည်။ ၁၉၉၃ ခုနှစ်တွင်တော့ ပဲရယ်လ်မန် သည် ဒေါ်လာသန်း ၁၂၀ အပြင် အကြွေးဟုယူဆရသော ဒေါ်လာ သန်း ရ၃၀ ဖြင့် တီဗီဌာန ရ ခုပါဝင်သော SCI တယ်လီဗေးရှင်း၊ Genesis Entertainment နှင့် Guthy-Renker ဟူသော လုပ်ငန်းသုံးခုကို စုစည်းခဲ့လေသည်။ ၁၉၉၃ နှောင်းပိုင်းတွင် သူသည် အထက်ဖော်ပြပါကုမ္ပဏီများကို လုပ်ငန်းကြီးတစ်ခုဖြစ်သော New World Communications ဟူ၍ ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ပဲရယ်လ်မန် သည် Great American Communications ကုမ္ပဏီထံမှ ရုပ်သံလွှင့်ဌာန ၄ ခုကို သန်း ၃၆၀ ဖြင့်လည်းကောင်း၊ နောက်ထပ် ၄ ခုကို Argyle တယ်လီဗေးရှင်းဦးပိုင်ကုမ္ပဏီမှ ဒေါ်လာ ၇၁၆ သန်း ဖြင့်ဝယ်ယူလိုက်သည်။

သူ၏ဝယ်ယူမှုများသည် Fox လုပ်ငန်းခွဲများကို ၁၉၉၄ တွင် တယ်လီဗေးရှင်းလည်ပတ်ပုံနှင့် Fox ကို တည်ထောင်ရန် ထည့်သွင်းစဉ်းစားစရာအဖြစ် ပဲရယ်လ်မန် ပြင်ဆင်ရေးဆွဲထားသည့် စည်းမျဉ်းများကို ပြောင်းလဲဖို့အခြေအနေကို ဖြစ်ပေါ်စေသည်။ လွယ်ကူစွာဖြင့် ရိုနယ်လ် သည် အမြတ်များများစားစားရှာနိုင်ခဲ့သည်။ ၁၉၉၄ ခုနှစ်နှင့် ၁၉၉၆ ခုနှစ်များတွင် ရူပတ် မာဒေါ့ချ် သည် New World Communication ကို ဒေါ်လာ ၃ ဘီလျံ ဖြင့် အပြည့်အဝထိန်းချုပ်နိုင်ခဲ့သည်။ ပဲရယ်လ်မန် အုပ်ချုပ်ပိုင်ဆိုင်သည့်အချိန်အတွင်း New World ၏အအောင်မြင်ခဲ့ဆုံးတီဗီစီးရီးတစ်ခုမှာ မင်းသား ဒန်လော်ရီယာသရုပ်ဆောင်သည့် The Wonder Years ဖြစ်၍ ထိုမင်းသားသည် ပရိသတ် ကြည့်နှုန်းကွန်ရက် ချိတ်ဆက်မှုမရှိခြင်း၊ အဆုံးသတ်ရန်ရည်ရွယ်ထားသည့် ပရိသတ်ကြိုက်စီးရီး ဇာတ်လမ်းတစ်ခု အပယ်ဖျက်ခံရခြင်းတို့သည် ပဲရယ်လ်မန် ၏စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့်ဖြစ်သည်ဟု အပြစ်ဆိုခဲ့သည်။

Coleman နှင့် Sunbeam[ပြင်​ဆင်​ရန်​]

Marvel နှင့် New World Communication တို့ကိုဝယ်ယူသည့်ကြားတွင် Perelman သည် ဒေါ်လာ ၅၄၅ သန်းဖြင့် Coleman ကုမ္ပဏီကိုဝယ်ခဲ့သေးသည်။ ပဲရယ်လ်မန် သည်လုပ်ငန်းအပေးအယူကိစ္စကို သူ့စရိုက် သူ့စတိုင်ဖြင့်သာ ကိုင်တွယ်ဖြေရှင်းသည်။ ကုမ္ပဏီတစ်ခုကိုဝယ်၊ အဓိကအခြေခံလုပ်ငန်းမှလွဲ၍ အကုန်ရောင်းထုတ်သောနည်းဖြင့် Coleman ကုမ္ပဏီကိုလည်း ရွက်ဖျင်ထိုးစခန်းချသည့်ဌာနစိတ်နှင့် အပျော်စီးလှေဌာနစိတ်တို့ကို ရောင်းလိုက်ကာ အမြတ်ကို ပျော်ပျော်ကြီးခံစားသည်။ နှစ်များစွာကြာလာသောအခါ သူသည် Coleman အတွက် ဌာနစိတ် ၉ ခုကို ထပ်တိုးဝယ်ခဲ့သည်။ ၁၉၉၇ ဒီဇင်ဘာလတွင် ပဲရယ်လ်မန် နှင့် အယ်လ် ဒန်လပ် တို့သည် Coleman နှင့် Sunbeam ထုတ်ကုန်တို့ အတွက် အလားအလာရှိသော လုပ်ငန်းအပေးအယူကို လုပ်ကိုင်ရန်တွေ့ဆုံခဲ့ကြသည်။ Coleman ၏နာမည်ကြီးပြီးအထွက်နည်းသည့် ထုတ်ကုန်တံဆိပ်သည် ယခင်ကြံစည်ထားသည်ထက် ဖြစ်ထွန်းမှုအားနည်းသောကြောင့် ပဲရယ်လ်မန် သည်ဖယ်ထုတ်ပစ်ချင်နေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် အယ်လ် ဒန်လပ် သည် အကြွေးမဆပ်နိုင်သဖြင့် စွန့်ပစ်ချင်နေသောကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်နေသည်။ သူတို့နှစ်ဦးသဘောတူညီမှုယူနေသည်မှာ မတ်လ ၂ ရက်နေ့ထိ ကြာသွားခဲ့သည်။ သူ၏ဘဏ်မန်နေဂျာ Morgan Stanley ဆီမှအကူအညီရယူပြီး ပဲရယ်လ်မန် သည် သူ၏ Coleman ရှိ ရှယ်ယာ ၈၂ ရာခိုင်နှုန်းကို Al Dunlap ထံသို့ လက်ငင်းငွေသား ဒေါ်လာ ၁.၅ ဘီလျံ ဖြင့် ရောင်းလိုက်ပြီး Sunbeam ရှယ်ယာများကိုလည်း ဒေါ်လာ သန်း ၆၈၀ ဖြင့် ရောင်းလိုက်သည်။ သူတို့နှစ်ဦးသည် မတ်လ ၃၀ ရက်နေ့တွင် အပေးအယူပြေလည်သွားသော်လည်း မတ်လ ၁၉ ရက်နေ့ ထုတ် အချို့သတင်းစာများက Sunbeam သည် မျှော်လင့်ထားသလောက် ရောင်းရမည်မဟုတ်ဟု အစပျိုးဖော်ပြကြသည်။ ဧပြီ လ ၃ရက် တွင် အခြားသတင်းများက Sunbeam ၏ရှယ်ယာများအကြောင်းကို ပိုမိုဆိုးဝါးအောင် ရေးသားကြသည်။

ထိုအစိတ်အပိုင်းကာလအတွက် မျှော်လင့်ထားသောအရောင်းမှာ ခဏတာအတွက်မဟုတ်ပဲ လွန်ခဲ့သောနှစ်နှစ်က အရောင်းကိုတောင် မီမည်မဟုတ်ဟု ပြောကြသည်။ စတော့ရှယ်ယာများသည်လည်း တစ်ပတ်အတွင်း တစ်စောင်ကို ၅၄ ဒေါ်လာမှ ၂၄ ဒေါ်လာထိ ဈေးကျပြီး နောက်အပတ်များတွင်လည်း ဆက်တိုက်ပင် တစ်ရစ်ပြီးတစ်ရစ်ကျဆင်းသွားသည်။ ပဲရယ်လ်မန် သည် Sunbeam ကို အဖတ်ဆည်ကယ်တင်ရန်အတွက် ဝယ်ယူလိုက်သော်လည်း အချည်းနှီးသုညဖြစ်ခဲ့ရသည်။ ကုမ္ပဏီသည် သုံးနှစ်အတွင်း ဒေဝါလီခံလိုက်ရလေသည်။

မော်ဂန် စတန်လေ[ပြင်​ဆင်​ရန်​]

၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် Perelman သည် Morgan Stanley နှင့် အမှုအခင်း ရင်ဆိုင်ရသည်။ အကြောင်းနှစ်ခုမှာ “Sunbeam အကြောင်းပြဿနာကို မော်ဂန်စတန်လေ သိသလား”နှင့် “ပဲရယ်လ်မန် က လှည့်စားခြင်းလား” ဖြစ်သည်။ စစ်ဆေးရှာဖွေနေသည့်အချိန်တွင် မော်ဂန်စတန်လေ က ဝေ့လည်ကြောင်ပတ်လုပ်နေသောကြောင့် တရားသူကြီးမှာစိတ်တိုရပြီး ဂျူရီများကို မော်ဂန်စတန်လေ သည် ပဲရယ်လ်မန် အား သိသိကြီးဖြင့် တမင်တကာ အကြောင်းရှာစွပ်စွဲကြောင်း ယူဆရန်အမိန့်ပေးခဲ့သည်။ ကျဉ်းထဲကျပ်ထဲတွင် မော်ဂန်စတန်လေ သည် ရွေးချယ်စရာမရှိတော့ပဲ ပဲရယ်လ်မန် သည် သူတို့၏ ခပ်ပါးပါးလှည့်ကွက်များကို ရိပ်စားမိနိုင်လောက်အောင် လုပ်ငန်းရင်းနှီးမှုအကြောင်းကို နောကျေနေသူ ဖြစ်ကြောင်းသာ ကန့်ကွက်ငြင်းခုံခဲ့သည်။

ငါးပတ်ကြာစစ်ဆေးမေးမြန်းပြီးနောက်တွင် ဂျူရီလူကြီးများက နှစ်ရက်ကြာမျှ စဉ်းစားချင့်ချိန်ကာ ပဲရယ်လ်မန် ကို အသာပေး၍ ဒေါ်လာ ၁.၄၅ မီလျံချီးမြှင့်လိုက်သည်။ ပဲရယ်လ်မန် ၏ကျေအေးစရိတ် ဒေါ်လာသန်း ၂၀ ကမ်းလှမ်းမှုကို Morgan Stanley က လက်မခံလိုက် သောကြောင့် နှစ်ဦးလုံးထိခိုက်နစ်နာရသည်။ မော်ဂန်စတန်လေ သည် တရားရုံးက ဆုံးဖြတ်ချက်သည် မမှန်ကန်ဟုဆုံးဖြတ်ပြီး နယူးယောက် ဥပဒေကို မသုံးပဲ Florida ဥပဒေကို ထောက်ပြညွှန်းဆိုလိုက်သောကြောင့် ရုံးတင်စစ်ဆေးခြင်းမပြုမီ ဂျူရီများကို Morgan Stanley ၏အပြစ်နှင့်ပတ်သက်၍ ပြန်လည်စဉ်းစားသုံးသပ်ရန် တရားသူကြီးကအမိန့်ချလိုက် သည်။

၂၀၀၇ ခုနှစ်တွင် ထိုအမှုကို ပြန်လည်စစ်ဆေးဆုံးဖြတ်ခဲ့ရသည်။ တရားသူကြီးက Perelman သည် Morgan Stanley ၏အပြုအမူများကို ထိခိုက်ပျက်စီးစေသည့် သက်သေမရှိကြောင်း ကြေညာဆုံးဖြတ်လိုက်ပြန်သည်။ ပဲရယ်လ်မန် ကတောင်းပန်ခဲ့သော်လည်း သူ့ကိုယ်သူ ၅-၀ ဆုံးဖြတ်ချက်နှင့် အမှုဖြုတ်ခဲ့သည့် ဖလော်ရီဒါ အထက်ရုံးတော်မှ ပစ်ပယ်ထားခဲ့ကြောင်းတွေ့လိုက်ရသည်။ ကပြောင်းကပြန်အခြေအနေကို မဖြုံသည့်အပြင် Perelman သည် တရားရုံးသို့ထပ်သွားပြီး အီးမေးလ် သက်သေကို ထိန်ချန်ထားခြင်းသည် “တရားရုံးတွင် ဂန္တဝင်အဆန်ဆုံး လိမ်လည်မှုဥပမာဖြစ်သည်” ဟုဆိုကာ အမှုကိုပြန်ဖွင့်ရန်တောင်းဆိုခဲ့သည်။ သူ၏အဆိုကို တရားရုံးက ပယ်ချလိုက်သောလည်း ၂၀၀၉ ဇန်နဝါရီတွင် ဖလော်ရီဒါ၏လေးယောက် မြောက် နယ်လှည့်တရားသူကြီး၏ခရီးစဉ်အတွင်း အမှုကိုပြန်ဖွင့်ရန် တိုးလျိုးတောင်းပန်နေခဲ့သည်။

SPAC[ပြင်​ဆင်​ရန်​]

၂၀၀၇ ခုနှစ်တွင် ပဲရယ်လ်မန် သည် SPAC (Special Purpose Acquisition Company)အတွက် သူ၏ ဦးပိုင်ကုမ္ပဏီ MacAndrew & Forbes မှတစ်ဆင့် MAFA လေ့လာမှုဟုခေါ်သော စာရွက်စာတမ်းများ ကို မှတ်တမ်းပြုခဲ့သည်။ ASPAC သည် အခြားကုမ္ပဏီ၏ရှယ်ယာများကို အကုန်ဝယ်ရန် တစ်ဦးပိုင်အဖြစ် တည်ထောင်ထားခြင်း ဖြစ်သော်လည်း ပစ်မှတ်ကုမ္ပဏီကို ကြိုတင်ရွေးချယ်ထားခြင်းမရှိပေ။ ပဲရယ်လ်မန် ၏အကြံအစည်မှာ ရှယ်ယာတစ်စောင်လျှင် ၁၀ ဒေါ်လာ ဖြင့် စောင်ရေပေါင်း ၅၀ မီလျံ ရောင်းရန် ဖြစ်သည်။ IPO ရှယ်ယာများကို Cirtgroup မှအာမခံဈေးနှုန်းပေးခဲ့သော်လည်း အတွက် မှတ်တမ်းပြုပြီး နောက်တစ်နှစ် ၂၀၀၈ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် MAFS က သူတို့၏ညွှန်ကြားချက်အစုဖြစ်သည့် ရင်းနှီးမြှုပ်နှံသူများ၏ ကာကွယ်မှုကို ပြန်လည်ရုတ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

အခြားလုပ်ငန်းရေးရာများ[ပြင်​ဆင်​ရန်​]

ပဲရယ်လ်မန် ၏ကိုယ်ရေးဂုဏ်ဒြပ်အချက်အလက်များသည် • Allied Barton • AM General • Clarke American • Deluxe Laboratories • Meridian Sports • National Health Laboratories • Pantry Pride • Scientific Games • Siga Technologies • Technicolor • TransTech Pharma

အငြင်းပွားစရာများ[ပြင်​ဆင်​ရန်​]

Greenmail[ပြင်​ဆင်​ရန်​]

၁၉၈၀ နှောင်းပိုင်းနှစ်များတွင် Perelman သည် Greenmail ကိစ္စကြောင့် ထပ်ခါထပ်ခါ အစွပ်စွဲခံခဲ့ရ သည်။ Greenmail ဆိုသည်မှာ တစ်စုံတစ်ယောက်က ကုမ္ပဏီတစ်ခု၏ရှယ်ယာများကို အမြောက်အများ ဝယ်ယူလိုက် ပြီး ထိုကုမ္ပဏီကိုသိမ်းပိုက်ရန်အတွက် ခြိမ်းခြောက်ပြီး သူ၏ဝယ်ဈေးထက်ပိုမြှင့်၍ ပိုင်ရှင်ကိုပြန်ဝယ်ခိုင်းခြင်းဖြစ်သည်။

ပဲရယ်လ်မန် လို သို့မဟုတ် ကားလ် အိုက်ခန် လို ဂုဏ်သတင်းကျော်စောသည့် လုပ်ငန်းရှင်ကြီးများအနေနှင့် ထိုသို့သော အပြုအမူသည် ကုမ္ပဏီကိုထိတ်လန့်ကြောက်ရွံ့စိတ်ဝင်စေပြီး ရင်းနှီးမြှုပ်နှံသူများကို သွေးရူးသွေးတန်း ဖြစ်စေသည်။ ပဲရယ်လ်မန် က သူစိတ်ဝင်စားသည့် မည်သည့်လုပ်ငန်းကို သူတတ်နိုင်လျှင် ဝယ်ယူဖို့စိတ်ကူးရှိသည်ဟု ပြောလေသည်။ ၁၉၈၆ ခုနှစ်နောက်ပိုင်း CPC International ကိုအုပ်ချုပ်စဉ်အချိန်တွင် တစ်စောင်လျှင် ရ၅ ဒေါ်လာဖြင့် CPC ၏ရှယ်ယာ ၈.၂ ရာခိုင်နှုန်းခန့်ဝယ်ပြီး Salomon Brothers မှတစ်ဆင့် နောက်တစ်လအကြာတွင် တစ်စောင်လျှင် ၈၈.၅ ဒေါ်လာဖြင့် CPC သို့ရောင်းလိုက်သောကြောင့် အမြတ်သန်း ၄၀ ရသွားသည်ဟူ ၍ Greenmail လုပ်သည်ဟု စွပ်စွဲခံရသည်။ CPC ရော ပဲရယ်လ်မန် ကပါ ထိုကိစ္စကိုငြင်းဆိုပြီး Salomon သည် ပဲရယ်လ်မန် ၏ရှယ်ယာများ မရောင်းထုတ်ခင် ဈေးကိုမြှင့်လိုက်ခြင်းသာဖြစ်ကြောင်း ကောလဟာလဟုသာ ဖြေရှင်းခဲ့သည်။

ပဲရယ်လ်မန် ရှယ်ယာ ၁၅ ရာခိုင်နှုန်းခန့်ပိုင်ဆိုင်သော Transworld ကုမ္ပဏီသည် Greenmail လုပ်ခြင်း ဖြင့် အခြောက်လှန့်ခံရပြီး Perelman ၏လက်ပြောင်းလွှဲယူမှုကို ရှောင်ရှားရန်အတွက် လေလံပွဲတွင် လွှဲပြောင်းမှုကိုဆန့်ကျင်သည့်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ သူ၏ရည်ရွယ်ချက်မည်သို့ပင်ကြံစည်စေကာမူ သူသည်အပြုသဘောရောက်အောင်မလုပ်ခဲ့ပေ။ Transworld ပြန်လည်ဖွဲ့စည်းတည်ဆောက်သည့် ၁၉၈၈ တွင် ပဲရယ်လ်မန် သည် သူ၏ရှယ်ယာများကို ရောင်းလိုက်သည်။ ပဲရယ်လ်မန် သည် Gillette ကို ၁၉၈၆ နိုဝင်ဘာလတွင် ဝယ်ယူရန်ကြိုးစားခဲ့ပြီး ဤသည်က သူ၏ တိုးတိုးတိတ်တိတ်လုပ်သော်လည်း လူသိရှင်ကြားဖြစ်သွားသော တတိယမြောက် Greenmail ကိစ္စ ဖြစ်သည်။

ပဲရယ်လ်မန် သည် လေလံဈေး ဒေါ်လာ ၄.၁၂ ဘီလျံဖြင့် စတင်အဖွင့်ညှိနှိုင်းခဲ့သည်။ Gillette ဖက်က မအောင်မြင်လိုက်သောတရားအမှုအခင်းနှင့် တရားမဝင်အတွင်းကျိတ် ကုန်သွယ်ရေး အတွက် ပြည်သူတို့၏စောင်းမြောင်းပြောဆိုခြင်းတို့ဖြင့် တုန့်ပြန်တိုက်ခိုက်သည်။ ပဲရယ်လ်မန် သည် Gillette ၏ရှယ်ယာ ၁၃.၈ ရာခိုင်နှုန်းခန့်ကို စုဆောင်းမိလာပြီး အဆိုးဝါးဆုံး ဆုံးဖြတ်ချက်ကိုချမိကာ ထိုလအတွင်း Gillette ထံသို့ ဒေါ်လာ ၃၄ သန်းဖြင့် ပြန်ရောင်းလိုက်ပြန်သည်။ Gillette ဖက်မှ Ralston Purina သည် ကုမ္ပဏီ၏ ၂၀ ရာခိုင်နှုန်းခန့်ကို ဝယ်ဖို့သဘောတူခြင်းဖြင့် Perelman က Gillette ကုမ္ပဏီကို လွယ်လွယ်ဝယ်၍မရနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ပဲရယ်လ်မန် က ရယ်လ်စတွန် ပါရီနာ ကို သူ၏ရှယ်ယာများရောင်းလိုက်ရန် ဆုံးဖြတ်လိုက်သော်လည်း သူမရောင်းခင် Gillette ၏ အမှုဆောင်များကခေါ်သောကြောင့် ပဲရယ်လ်မန် ၏ရှယ်ယာများ သူတို့ ရောင်းမည်လား၊ သူတို့က ပြန်၍ ရယ်လ်စတွန် ပါရီနာ ကိုပြန်ရောင်းမည်ဟုပြောခဲ့သည်။ သူသည် ရှယ်ယာများကို Gillette ထံသို့ရောင်းလိုက်ပြီးမှ ရယ်လ်စတွန် က အပေးအယူတွင်မပါတော့သဖြင့် ပဲရယ်လ်မန် သည် အရူးလုပ်ခံလိုက်ရသည်ကိုသိကာ ခံစားသွားရသည်။ သူကမဖြုံ သလိုပင် Gillette ကို အနည်းဆုံးဆယ်နှစ်အတွင်း ရန်သူအနေဖြင့် လုယူလွှဲယူခြင်း မလုပ်တော့ပဲ ၁၉၈၇ ဇွန်လအထိစောင့်ကာ မိတ်ဆွေအဖြစ်နှင့်သာ လွှဲပြောင်းယူခဲ့သည်။

လေလံဈေးကို ဒေါ်လာ ၄.၆၆ ဘီလျံ စဖွင့်ခဲ့ပြီး ပဲရယ်လ်မန် သည် ထိုလအတွင်းတွင် တဖြည်းဖြည်း ဖြင့် ၅.၇ ဘီလျံ ရောက်သည်အထိ တိုးမြှင့်ပေးခဲ့ရသည်။ Gillette စီမံခန့်ခွဲမှုဖက်က သူတို့ရှယ်ယာများတစ်စောင်လျှင် ၅၅ ဒေါ်လာ တန်သည်ဟု မလျှော့တမ်းပြော ပြီး ရောင်းထုတ်ဖို့ ရန် စိတ်ကူးမရှိကြပေ။ ၁၉၈၇ အောက်တိုဘာတွင် ပဲရယ်လ်မန် အရှုံးပေးလိုက်ပြီး သူ၏ကမ်းလှမ်းမှုကို ရုတ်သိမ်းလိုက်တော့ သည်။

မော်နီကာ လူဝင်စကီး[ပြင်​ဆင်​ရန်​]

ပဲရယ်လ်မန် သည် လူဝင်စကီး ၏မကောင်းသတင်းထဲတွင် ဆိုက်ဆိုက်မြိုက်မြိုက်ပါသွားသေးသည်။ ၁၉၉၈ အစောပိုင်းတွင် ဗာနွန် ဂျော်ဒန် သည် ပဲရယ်လ်မန် ထံသို့ မော်နီကာ လူဝင်စကီး သည် အလွန် ငယ်ရွယ်ထက်မြက်သူဖြစ်ကြောင်းပြောပြပြီး အလားအလာရှိသော အလုပ်သမားတစ်ယောက် အဖြစ် ထောက်ခံအကြံပြုခဲ့သည်။ ထိုကိစ္စသည် ယခင်ကလို စီးပွားရေးကိစ္စသက်သက် မဟုတ်ခဲ့ပေ။ ဂျော်ဒန် တစ်ယောက် ရက်ဗလွန် ဘုတ်အဖွဲ့၏ဒါရိုက်တာအဖြစ်လုပ်ကိုင်စဉ်အတွင်း သူသည် ပဲရယ်လ်မန် နှင့် စကားပြောခဲလှပြီး မည်သူကိုမှ အလုပ်အတွက် ထောက်ခံအကြံပြုပေးခြင်း မရှိခဲ့ဖူးပေ။ ဂျော်ဒန် က သူသည် လူဝင်စကီး အကြောင်းကို MacAndrew & Forbes ဦးပိုင်ဒုတိယဥက္ကဌ ဂျေမီး ဒါနန် ကို ပြောပြခဲ့ဖူးသည်ဟု ဖော်ထုတ်ပြောဆိုခဲ့သည်။ ဒါနန် က ပဲရယ်လ်မန် ကို လူဝင်စကီး အတွက် ပဲရယ်လ်မန် ၏ကုမ္ပဏီတွင် သင့်တော်သောနေရာ မရှိကြောင်း ဆုံးဖြတ်လိုက်ပြီး လူဝင်စကီး ၏ကိုယ်ရေးအကျဉ်းကို ရက်ဗလွန် သို့ပို့လိုက်သည်။

ပဲရယ်လ်မန် သည်လည်း ထိုလအတွင်း နောက်ပိုင်းတွင် လူဝင်စကီး-ကလင်တန် ဆက်နွယ်မှုကို သိလိုက်ရ သောအခါ အများနည်းတူ အံ့အားသင့်ခဲ့ရသည်။ သူသည် ရက်ဗလွန် မှလည်း အလုပ်ကမ်းလှမ်းမှုလုပ်ပြီး ချက်ချင်းပြန်ရုပ်သိမ်းခဲ့သည်ကို သိလိုက်ရသော် လည်း နောက်ကျသွားသောကြောင့် ရက်ဗလွန် နှင့် ပဲရယ်လ်မန် တို့၏သတင်းဆိုးများသည် ပျံ့နှံ့သွားပြီး ဖြစ်လေသည်။

Panavision[ပြင်​ဆင်​ရန်​]

၂၀၀၁ အေပရယ်တွင် ကမ္ဘာအနှံ့ရှိ MacAndrew & Forbes တို့မှ Panavision တွင်ရှိသော ပဲရယ်လ်မန် ၏ ရှယ်ယာ ၈၃ ရာခိုင်နှုန်းကို ဒေါ်လာ ၁၂၈ မီလျံဖြင့်ဝယ်လိုက်သည်။ ဤအချင်းအရာသည် ပဲရယ်လ်မန် က M&F ကိုထိန်းချုပ်သွားနိုင်ပြီး ဝယ်ယူသွားသောငွေပမာဏမှာ ဈေးကွက် ပေါက်ဈေးထက် လေးဆခန့်ပိုများနေခြင်းကလွဲ၍ ထူးခြားခြင်းမရှိပေ။ ထိုအချိန်တွင် M&F သည် အလွန်ကောင်းမွန်သောလက်ကျန်ရှင်းတမ်းများနှင့် ဒေါင်ဒေါင်မြည် နေသော်လည်း Panavision ကတော့ချူချာနေလေသည်။

M&F မှအခြားရှယ်ယာရှင်များသည် ဆိုးဆိုးဝါးဝါးဖြစ်သွားကာ အကျိုးအမြတ်ရဖို့အတွက် တာဝန်ရှိသူမှာ Perelman သာဖြစ်သည်ဟုစွပ်စွဲကြပြီး သူတို့စွဲချက်များကို တရားရုံးသို့တင်ပြကြသည်။ ပဲရယ်လ်မန် က Panavision သည် ဒစ်ဂျစ်တယ်ရုပ်ရှင်ရိုက်ကူးရေးအဖြစ် ပြောင်းလဲနေရာချထားမည် ဖြစ်သောကြောင့် ထိုအပေးအယူကို အကောင်းဆုံးနှင့်ရှယ်ယာပိုင်ရှင်များအတွက် အကောင်းဆုံး အမြတ်ရနိုင်မည်ဟုယူဆကာ လက်ခံခဲ့သည်။ ထိုအပေးအယူလုပ်အပြီးတွင် ရှယ်ယာဈေးနှုန်းများသည် ခြောက်ကျပ်မှသုံးကျပ်အထိ လျှင်မြန်စွာ ကျဆင်းသွား ပြီး M&F ရှယ်ယာပိုင်ရှင်များ၏ ယုံကြည်စိတ်ချမှုနည်းနေခြင်းကို ပုံရိပ်ထင်စေခဲ့သည်။ ပဲရယ်လ်မန် သည် M&F ရှယ်ယာပိုင်ရှင်များကို ဒေါ်လာ ၁၅ မီလျံဖြင့် ဖြေရှင်းနှစ်သိမ့်ပေးခဲ့သော် လည်း တရားသူကြီးက စိတ်မချရသောအခြေအနေအဖြစ် ပြတ်သားစွာပယ်ချပစ်ခဲ့သည်။ နောက်ဆုံးတွင်တော့ ပဲရယ်လ်မန် သည် အပေးအယူကိစ္စကို မလုပ်တော့ရန် သဘောတူလိုက်သည်။

ဖရက်ဒ် တပ်ပါမန်[ပြင်​ဆင်​ရန်​]

ပဲရယ်လ်မန် သည် Fred Tepperman Warner Communications မှနှုတ်ထွက်လာသည့် ၁၉၈၅ ခုနှစ်တွင် သူ၏ CFO အဖြစ်ခန့်အပ်လိုက်သည်။ Pantry Pride ဖြင့်စတင်၍ MacAndrew & Forbes တွင်ခြေကုပ်နေသည့် ၇ နှစ်တာအချိန်အတွင်း တပ်ပါမန် သည် ပဲရယ်လ်မန် စီစဉ်ညွှန်ကြားသမျှလုပ်ငန်းတိုင်းကို လုပ်ကိုင်ပေးခဲ့သည်။ တပ်ပါမန် ၏ရာထူးသက်တမ်းသည် ၁၉၉၁ ခုနှစ် ခရစ်စမတ်အပြီးတွင် ပဲရယ်လ်မန် က သူ့ကို အလုပ်တာဝန်များကို ပစ်ပယ်ထားသောကြောင့် အလုပ်ထုတ်လိုက်သဖြင့် ရုတ်တရုတ်ရပ်စဲသွားသည်။ တပ်ပါမန် မှာ အသက် ၃၀ အရွယ်ရှိ သူ၏ အယ်လ်ဇိုင်းမားရောဂါသည်ဇနီးကြောင့် အာရုံထွေပြား နေခြင်းသာဖြစ်သည်။ သူသည် အားလပ်ရက်ခရီးများစွာထွက်ရခြင်း၊ ရုံးကိုခဏသာလာပြီး ပဲရယ်လ်မန် ၏မနက်ခင်း အစည်းအဝေးများမတက်ရောက်နိုင်ခြင်းတို့ကြောင့် အာရုံထွေပြားကာ အလုပ်ကိုပစ်ပယ်ထားသည် ဟုအထင်ခံရခြင်းဖြစ်သည်။

ပဲရယ်လ်မန် က ကို ဘဏ်အရာရှိများရှေ့တွင် ထိုသို့နေခြင်းသည် သူတို့ကိုကြောက်ရွံ့ထိတ်လန့်စေ သောကြောင့် ထိုသို့မနေရန်ပြောခဲ့သည်။ တပ်ပါမန် ၏သဘောတူစာချုပ်ထဲက အပိုဒ်ငယ်တွင် လစာနှင့်အကျိုးအမြတ်ခံစားခွင့်များကို ဒိထက်ပိုပေးရန်နှင့် အလုပ်လုပ်နိုင်စေဖို့ သူ့ဇနီး၏အခြေအနေသည် သူ့အပေါ်တွင် လုံးလုံးလျားလျား ကျရောက်နေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တောင်းဆိုထားသည်။ သူ၏တောင်းဆိုချက်များသည် ဒေါ်လာသန်း ၃၀ အထိတက်သွားသည်။ တပ်ပါမန် ၏တောင်းဆိုချက်ကိန်းဂဏန်းများသည် ဒေါ်လာ ၂ သိန်း ရ သောင်း ၅ ထောင်မှစတင် ကာ ၁၉၉၀ ခုနှစ်တွင် ဒေါ်လာ ၁.၂ သန်းသို့ ထိုးတက်သွားပြီး အကျိုးအမြတ်ခံစားခွင့်အနေဖြင့် သူ့ စိတ်ကြိုက်ဇိမ်ခံကားတစ်စီးကိုလည်း တောင်းဆိုခဲ့သည်။ ပဲရယ်လ်မန် သည် တရားရုံးတွင် အမှုဖွင့်ကာ တပ်ပါမန် သည် ကုမ္ပဏီ၏ပင်စင်စီမံကိန်းများကို ခိုးကြောင်ခိုးဝှက်ပြောင်းလဲကာ သူ၏အကျိုးအတွက် ဒေါ်လာသန်းပေါင်းများစွာ သုံးခဲ့သည်ဟု စွဲဆို ခဲ့သည်။ ထိုအမှုကို သုံးနှစ်ကြာသည်အထိ စစ်ဆေးလိုက်ရသည်။ တပ်ပါမန် ၏ရှေ့နေ ဘယ်ရီ စလော့တ်နစ်ခ် သည် ပဲရယ်လ်မန် ၏မနက်ပိုင်းအစည်းအဝေးများသည် ပဲရယ်လ်မန် က သူ့ကိုယ်သူကိုယ်ရည်သွေးကာ အချစ်ရေးအောင်မြင်မှုများကို ကြွားဝါသည့် စင်မြင့် ဟောပြောပွဲမျိုးသာဖြစ်ပြီး အဓိပ္ပါယ်မရှိသောကြောင့် တခြားအလုပ်သမားများနည်းတူ တပ်ပါမန် က လည်း ထိုအစည်းအဝေးကိုမတက်ခြင်းသာဖြစ်သည်ဟု ခုခံပြောဆိုခဲ့သည်။

သူ၏အားလပ်ရက်ရှည်ခရီးများသည် အဝေးဆက်သွယ်မှုကောင်းသောကြောင့် ပြဿနာဖြစ်လောက် သည်မဟုတ်ပဲ နယူးယောက် တွင်ကဲ့သို့ Florida တွင်လည်း အလုပ်ကိုလုပ်နိုင်ကြောင်း ကြေညာခဲ့သည်။ ပဲရယ်လ်မန် ၏ရှေ့နေ Stanley Arkin ကတော့ တပ်ပါမန် သည် ထိုအချက်ကိုလက်ခံဖို့ ငြင်းနေ သော်လည်း သူ့အလုပ်များကို ကောင်းစွာလုပ်ဆောင်နိုင်ခြင်း မရှိတော့သောကြောင့် တရားနည်းလမ်း ကျကျ အလုပ်ထုတ်ခံရခြင်းဖြစ်သည်ဟုဆိုသည်။ တပ်ပါမန် သည် တကယ်တော့ သူ့ဇနီးကိုပြုစုသူ သူနာပြုမိန်းကလေးနှင့် အတူနေနေခြင်းဖြစ် ကြောင်း စတန်လေ ကဖော်ထုတ်ခဲ့ပြီး ရောဂါသည်ဇနီးကို ပြုစုယုယသောခင်ပွန်းသည်ဟူသော ဂုဏ်ပုဒ် ကိုဖျက်ဆီးပစ်လိုက်သည်။ စလော့တ်နစ်ခ် က တပ်ပါမန် ၏ဇနီးမိသားစုသည် ထိုကိစ္စကိုသိပြီးသားဖြစ်ကြောင်းနှင့် သူ့ဘဝကို ဆက်လက်သွားဖို့ လိုအပ်သောအခြေအနေတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ကြကြောင်း ချေပပြောဆို ခဲ့သည်။ တရားခုံရုံးတင်ရန် တစ်ဦးတည်းသောမျက်မြင်သက်သေမှာ အမှုမပိတ်ခင်တွင် ခြောက်ရက်ခန့် အစစ်ဆေးခံခဲ့ရသည့် တပ်ပါမန် ဖြစ်သည်။

ကြွယ်ဝချမ်းသာမှု[ပြင်​ဆင်​ရန်​]

တစ်ချိန်တုန်းက အမေရိကတွင် ပဲရယ်လ်မန် သည်အချမ်းသာဆုံးဖြစ်ခဲ့ပြီး ယခုအခါတော့ ခန့်မှန်းခြေ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၁ ဘီလျံဖြင့် ၁၈ ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်၍ ကမ္ဘာ ပေါ်တွင်တော့ ၅၂ ယောက်မြောက်ဖြစ်သည်။