ရေပုန်းရပ်ကွက်

ဝီကီပီးဒီးယား မှ

ရေပုန်းရပ်ကွက် (အင်္ဂလိပ်: Yepone quarter) သည် မြန်မာနိုင်ငံ တောင်ဘက်ရှိ တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့၌ ပါဝင်သော ရပ်ကွက်တစ်ခုဖြစ်သည်။ တောင်ဘက်တွင် တပ်ပြင်ရပ်ကွက်၊ အနောက်ဘက်တွင် ငြိမ်းချမ်းရေးရပ်ကွက်သာကေတရပ်ကွက်ငြိမ်းချမ်းသာယာရပ်ကွက်အဏ္ဏဝါငြိမ်းချမ်းရေးရပ်ကွက်၊ အရှေ့ဘက်တွင် အောင်ချမ်းသာရပ်ကွက်၊ မြောက်ဘက်တွင် ရေပုန်းကြီးရပ်ကွက် တို့ဖြင့် နယ်မြေချင်းထိစပ်လျက် တည်ရှိသည်။ အဓိကလမ်းမကြီးဖြစ်သော ကလွင်လမ်းမကြီး သည် ရပ်ကွက်၏ ဗဟိုခန့်မှ ဖြတ်သန်းသွားသည်။ ရပ်ကွက်၏ တည်ရှိမှုပုံစံမှာ ယေဘုယျအားဖြင့် လမ်းမကြီး၏ ဝဲယာတစ်လျှောက် တောင်မြောက်သွယ်တန်းလျက်ရှိသည့် ပုံသဏ္ဌာန် ဖြစ်သည်။