ရုဘစ်ကျု

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရုဘစ်ကျု သို့မဟုတ် မှော်လေးထောင့်တုံး

Rubik's Cube ဆိုသည်မှာ ၁၉၇၄ ခုနှစ်တွင် ဗိသုကာပညာရှင် professor Ernö Rubik ကဖန်တီးထားသော ကစားစရာ ဖြစ်ပါသည်။ ၁၉၈၀ ခုနှစ်မှာတော့ ဂျာမနီ နိင်ငံရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားနည်းဆု ကို ရရှိခဲ့ပါသည်။

Rubik's Cube တွင် မျက်နှာပြင်(၆)ခု ပါရှိပြီး တစ်ဖက်စီတွင် (၉) နေရာ ပါဝင်ပါသည်။ (၃-၃) Rubik's Cube မှာ classic Rubik's Cube ဖြစ်ပါသည်။ မျက်နှာပြင် (၆) ဘက်၏အရောင်များမှာ အဖြူ၊ အနီ၊ အပြာ၊ အစိမ်း၊ လိမ်မော် နဲ့ အဝါရောင်တို့ဖြစ်ပါသည်။ Rubik's Cube ၏ကစားနည်းမှာ မျက်နှာပြင် (၆)ခု မှ အရောင်များအား ရောနှော၍ အရောင်များအား တူညီအောင် ပြန်လုပ်ခြင်းဖြင့်ကစားရသော နည်းဖြစ်ပါသည်။