ရိုလာကိုစတာ
Wikipedia မှ
ရိုလာကိုစတာ အတွင်းမှ ရိုက်ကူးထားသော ဗွီဒီယို (အိတ်စပရက်စ်, ဝါလဘီဝေါလ်,နယ်သာလန်နိုင်ငံ)
ရိုလာကိုစတာသည် အပန်းဖြေရန်အတွက် စီးနင်းရသော အပျော်စီးယာဉ်တစ်မျိုးဖြစ်ပြီး အပန်းဖြေကစားကွင်းများ သင်းမ်ပတ်ခ် များတွင် ရှိတတ်သည်။ လာမားကတ်စ် အက်ဒ်နာ သွန်ပဆင်က ရိုလာကိုစတာကို ၁၈၈၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မူပိုင်ခွင့် လျှောက်ထားရရှိခဲ့သည်။ ရိုလာကိုစတာ ဆိုသည်မှာ အထူးပြုလုပ်ထားသော ရထားလမ်းတစ်မျိုးဖြစ်ပြီး ဒီဇိုင်း တစ်မျိုးမျိုးဖြင့် မြင့်တက်သွားတတ်ခြင်း၊ စီးနင်းသူကို ခေတ္တမျှ ဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင် ပြုလုပ်ခြင်း စသည့် ပုံစံများ ပါဝင်သည်။
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |