ရာအဒူဝါ၊ အူမာရူ

ဝီကီပီးဒီးယား မှ
Excellency

Umaru Musa Yar'Adua
Yar'Adua in 2007.
4th President of Nigeria
တာဝန်သက်တမ်း
29 May 2007 – 5 May 2010
ဒုတိယ သမ္မတGoodluck Jonathan
ယခင်လူOlusegun Obasanjo
ဆက်ခံသူGoodluck Jonathan
Governor of Katsina
တာဝန်သက်တမ်း
29 May 1999 – 29 May 2007
ယခင်လူJoseph Akaagerger (military administrator)
ဆက်ခံသူIbrahim Shema
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1951-08-16)၁၆ ဩဂုတ်၊ ၁၉၅၁
Katsina]], Nigeria
ကွယ်လွန်၅ မေ၊ ၂၀၁၀(2010-05-05) (အသက် ၅၈)
Nigerian Presidential Complex, Abuja, Nigeria
လူမျိုး နိုင်ဂျီးရီးယား
နိုင်ငံရေးပါတီPeople's Democratic Party (Nigeria) (1998–2010)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
  • People's Redemption Party (Before 1989)
  • Social Democratic Party (Nigeria) (1989–1998)
ကြင်ဖော်(များ)
  • Turai Yar'Adua (1975–2010)
  • Hauwa Umar Radda (1992–97)
သားသမီးNine
မိခင်ကျောင်း
  • Barewa College
  • Ahmadu Bello University
ကိုးကွယ်သည့်ဘာသာအမ်စလမ်ဘာသာ

နိုင်ဂျီးရီးယားသမ္မတဟောင်း အူမာရူရာအဒူဝါကို ၁၉၅၁ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် နိုင်ဂျီးရီးယားနိုင်ငံ ကက်ဆီနာပြည်နယ်၌ မွေးဖွားသည်။ ရာအဒူဝါသည်ဇာရီ ယာမြို့ရှိ ဝိဇ္ဇာသိပ္ပံနှင့် နည်းပညာကောလိပ်တွင် နည်းပြဆရာအဖြစ် ၁၉၈၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်းတွင် People’s Redemption Party နှင့်Social Democratic Party တို့တွင် အဖွဲ့ဝင်အဖြစ် နိုင်ငံရေးလုပ်ငန်းများ လုပ်ကိုင် သည်။ ၁၉၉၉ ခုနှစ်တွင် ပြည် နယ် အု ပ် ချုပ်ရေးမှူးရွေးကောက်ပွဲ၌ ရွေးချယ်ခံခဲ့ရပြီး ကက်ဆီနာပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် ၁၉၉၉ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ထမ်းဆောင်ခဲ့ သည်။ ၂၀၀၇ ခုနှစ် ဧပြီလ ၂၁ ရက်တွင် ကျင်းပသော သမ္မတရွေးကောက်ပွဲတွင် အာဏာရပြည်သူ့ဒီမိုကရက် တစ်ပါတီ (People Democratic Party)၏ ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ မဲအရေအတွက် ၂၄ဒသမ ၆ သန်းဖြင့် သမ္မတအဖြစ် ရွေးကောက်ခြင်း ခံရသည်။ ရွေးကောက်ပွဲသည် အငြင်းပွားဖွယ်ရာပြဿနာ များဖြင့် ရင်ဆိုင်ခဲ့ရပြီး လေ့လာသူများ၏ေဝဖန်မှုများကို အပြင်းထန်ဆုံးခံခဲ့ရသည်။ ၂၀၀၇ ခုနှစ် ဇွန်လတွင် ရာအဒူဝါသည်၎င်း၏ပိုင်ဆိုင်မှုများကို တရားဝင်ကြေ ညာခဲ့သည်။ ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် ဝန်ကြီး ၃၉ ဦး ပါဝင်သော ရာအဒူရာ၏ အစိုးရအဖွဲ့စတင် တာဝန် ထမ်းဆောင်သည်။ နိုင်ဂျီးရီးယားနိုင်ငံ၏ ၁၃ ယောက် မြောက် သမ္မတဖြစ် သူ အူမာရူရာအဒူဝါသည် ၂၀၁၀ပြည့် နှစ် မေလ ၅ ရက်နေ့တွင် နိုင်ဂျီးရီးယား နိုင်ငံအဘူဂျာမြို့ ရှိအေဆိုရော့စ် သမ္မတအိမ်တော်၌ နှလုံးရောဂါဖြင့် ကွယ်လွန်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)