ရန်ကုန်တက္ကသိုလ် လူမျိုးစုကျောင်းသားများ အဖွဲ့ချုပ်

ဝီကီပီးဒီးယား မှ

၁၉၆၀-၁၉၆၁ ခုနှစ်၊ ပညာသင်နှစ် အတွင်းမှာ ရန်ကုန်တက္ကသိုလ် လူမျိုးစု ကျောင်းသားများအဖွဲ့ချုပ်ကို စတင် ဖွဲ့စည်း ခဲ့သည်။ လူမျိုးစု ကျောင်းသား အားလုံး တညီတညွတ်တည်းစုပေါင်းပြီး လူမျိုးစုများရဲ့ ယဉ်ကျေးမှု၊ ပညာရေး နဲ့ အမျိုးသား ရေးကို ပူးတွဲဆောင်ရွက်ရန် ဖွဲ့စည်းခဲ့ကြသည်။

သဘာပတိ အဖွဲ့ဝင်များအဖြစ်-

  1. စိုင်းခွန်အုံတိုင် (ရှမ်း)
  2. ကိုစောမောင် (ရခိုင်)
  3. မင်းထွေးလုံးကျော် (မွန်)
  4. စထွန်းလွင် (ကရင်)
  5. ဂွန်ဂျန် (ကချင်)
  6. ကိုဖေဝင်း (ကယား)
  7. စီခိုင်မင်း (ချင်း) တို့ ဖြစ်ကြပြီး

ဖွဲ့စည်းပုံမှာ-

  1. မင်းစိုးမြင့် (မွန်) - ဥက္ကဋ္ဌ
  2. စောအေမိုးလို (ကရင်) - အထွေထွေအတွင်းရေးမှူး
  3. ဂျိုရှုဝါး (ကချင်) - တွဲဖက် အထွေထွေအတွင်းရေးမှူး
  4. ယူဂျင်းသိုက် (ရှမ်း) - ဘဏ္ဍာရေးမှူး
  5. ကိုကျော်ရင် (ရခိုင်) - စာရင်းစစ်
  6. ကိုဗျားရယ် (ကယား) - ပြန်ကြားရေး
  7. ကိုအောင်ကျော် (ကယား) - အမှုဆောင်အဖွဲ့ဝင်
  8. အင်တိုနီသွန့်အုတ် (ချင်း) - တို့ဖြစ်သည်။


  • (က) မည်သည့်အစည်းအရုံး၊ နိုင်ငံရေးပါတီ များ၏လက်အောက်ခံမှ မဖြစ်ရ။
  • (ခ ) လုပ်ငန်းစဉ်အားဖြင့် ဖြစ်စေ၊ ရည်ရွယ်ချက်အားဖြင့် ဖြစ်စေ၊ တူညီသော မည်သည့်အသင်းအဖွဲ့နှင့်မဆို ပူးတွဲ လုပ်ဆောင်မည်။
  • (ဂ) ပညာရေးယဉ်ကျေးမှုနှင့် အမျိုးသားရေးကို လုပ်ဆောင်မည် ဆိုတဲ့စည်းကမ်းချက်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်သည်။ ကြွေးကြော်ရည်ရွယ်သံနဲ့အညီ ရန်ကုန်တက္ကသိုလ်လူမျိုးစုံ ကျောင်းသားများအဖွဲ့ချုပ်ဟာ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုနဲ့ ပညာရေး ကိစ္စတွေကို တတ်နိုင်သမျှလုပ်ဆောင်ခဲ့ကြပါတယ်။ လူမျိုးစုအချင်းချင်း အကြား ချစ်ကြည်ရင်းနှီးမှုရစေဖို့ကိုလဲ ဆောင်ရွက်ခဲ့သည်။

၁၉၆၂ မတ်လမှာ တော်လှန်ရေးကောင်စီ စစ်အစိုးရတက်လာပြီး ၁၉၆၄ ခုနှစ်ထဲမှာ နိုင်ငံရေးပါတီအဖွဲ့ အစည်း အသင်းအပင်းမှန်သမျှ ရှင်သန်ခွင့်မရအောင် ဖျက်သိမ်းပစ်လိုက်တဲ့အတွက် ရန်ကုန်တက္ကသိုလ် လူမျိုးစု ကျောင်းသားများ အဖွဲ့ချုပ်ရဲ့ သက်တမ်းဟာလဲ ရှည်ကြာခွင့်မရပဲ တိုတိုတောင်းတောင်းနဲ့ပဲ မှေးမှိန် ပျောက်ကွယ်သွားခဲ့ရပါတယ်။ ကာလတာအားဖြင့် တိုတောင်းလှပေမယ့် ဒီ ‘ရန်ကုန်တက္ကသိုလ် လူမျိုးစု ကျောင်းသားများအဖွဲ့ချုပ်’ အတွင်း ပါဝင်လှုပ်ရှားခဲ့ကြတဲ့ လူမျိုးစုကျောင်းသားခေါင်းဆောင်တချို့ ဟာ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ မိမိတို့ရဲ့ သက်ဆိုင်ရာလူမျိုးစုတွေကို ကိုယ်စားပြုပြီး ထင်ရှားတဲ့ နိုင်ငံရေးသမား၊ တော်လှန်ရေးသမား ခေါင်းဆောင်တွေအဖြစ် ဆက်လက်ကူးပြောင်း ထွက်ပေါ်လာနိုင်ခဲ့ကြ တာ ကိုလဲ တွေ့ရပါတယ်။ ဥပမာအားဖြင့် ဦးရွှေအေး (ကယန်း) ဆိုရင် ဒီ ရန်ကုန်တက္ကသိုလ် လူမျိုးစုကျောင်းသားများ အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးအဖြစ် ၁၉၆၂ ခုနှစ်က ဆောင်ရွက် ပါဝင်ခဲ့ကြဖူး သလို ၁၉၆၄ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့တဲ့ SSA အဖွဲ့ကြီးရဲ့ စတင်ထူထောင်သူတဦးဖြစ်ခဲ့သူ ‘ယူဂျင်းသိုက်’ ဟာ လည်း လူမျိုးစု ကျောင်းသားများ အဖွဲ့ချုပ်မှာ ပါဝင်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ ဦးလှဖေ (ရခိုင်)၊ ဦးသာဘန်း (ရခိုင်) တို့ဟာလဲ ဒီအဖွဲ့ချုပ်မှာ ပါဝင်လှုပ်ရှားခဲ့ဖူးသူတွေ ဖြစ်ခဲ့ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။