ယောက်ျား၊ မိန်းမ တန်းတူညီမျှမှု

ဝီကီပီးဒီးယား မှ
ယောက်ျား ၊ မိန်းမ တန်းတူညီမျှမှု အတွက် ယေဘုယျ သင်္ကေတ တစ်ခု

ယောက်ျား၊ မိန်းမ တန်းတူညီမျှမှု (ယောက်ျား၊ မိန်းမ စာနာထောက်ထားမှု ၊ ယောက်ျား၊ မိန်းမ သာတူညီမျှမှု သို့မဟုတ် လိင်ဆိုင်ရာ တန်းတူညီမျှမှု ဟူ၍လည်း သိကြသည်) သည် ယောက်ျား၊ မိန်းမများ သို့မဟုတ် လိင်များ၏ တန်းတူညီမျှမှု ရှိရေး ရည်မှန်းချက် ဖြစ်ပြီး ယောက်ျား၊ မိန်းမ တန်းတူညီမျှမှု မရှိခြင်း ၏ မြောက်မြားစွာသောပုံစံများ ၏ တရားမျှတမှုမရှိသောယုံကြည်မှု တစ်ရပ်မှ ပေါက်ဖွားလာခြင်းဖြစ်သည်။

ယောက်ျား၊ မိန်းမ စာနာထောက်ထား မှု[ပြင်ဆင်ရန်]

ကမ္ဘာ့အဖွဲ့အစည်းများသည် ယောက်ျား၊ မိန်းမ တန်းတူညီမျှမှုအား အထူးသဖြင့် အမျိုးသမီး များ၏ အခွင့်အရေးများ နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် သက်ဆိုင်သော လူ့အခွင့်အရေး များ ဟု အနက်အဓိပ္ပာယ်ဖွင့် ဆိုကြသည်။ UNICEF (ယူနီဆက်(ဖ်)) သည် ယောက်ျား၊ မိန်းမ တန်းတူညီမျှမှုအား "ကလေးသူငယ်များအားလုံးတွင် ၎င်းတို့၏ အရည်အသွေးများကို ဖွံ့ဖြိုးစေရန် တူညီသော အခွင့်အရေးများ ရှိကြောင်းကို သေချာစေခြင်းအားဖြင့် မိန်းက လေးများ နှင့် အမျိုးသမီးကြီးများအတွက် ကစားကွင်းတစ်ခုကိုညှိပေးခြင်း "ဟု အနက်အဓိပ္ပာယ်ဖွင့် ဆိုသည်။ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ သည် ယောက်ျား၊ မိန်းမ တန်းတူညီမျှမှုအား "ပထမဦးစွာသော လူ့ အခွင့်အရေးတစ်ရပ်" ဟု ကြေညာခဲ့သည်။

"ယောက်ျား၊ မိန်းမ စာနာထောက်ထား မှု" သည် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ဆင်းရဲနွမ်းပါးမှု ကို အဆုံးသတ်ရန် ဟူသော ကုလသမဂ္ဂ ထောင်စုနှစ် စီမံကိန်း ၏ ရည်မှန်းချက်များအနက်မှ တစ်ခုဖြစ်သည်။ ရည်မှန်းချက် တစ်ခုတိုင်း သည် အမျိုးသမီးများ၏ အခွင့်အရေးများနှင့် တိုက်ရိုက်ပတ်သက်နေပြီး အမျိုးသားများ ကဲ့သို့ တူညီသော အခွင့်အရေးများ ကို မရသည့် အမျိုးသမီးများရှိသော လူ့အဖွဲ့အစည်းများသည် ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည် တည်တံ့ခိုင်မြဲသော ပုံစံဖြင့် မည်သောခါမျှမရရှိနိုင်ပါ။ သို့ဖြစ်၍ ယောက်ျား၊ မိန်းမ တန်းတူညီမျှမှုကို အားပေးမြှင့်တင်ခြင်းသည် ကြီးမားသော စီးပွား ရေး တိုးတက်အောင်မြင်မှုကို အားပေးခြင်းတစ်ရပ် အနေဖြင့် မြင်တွေ့ရသည်။ဥပမာ - အမျိုး သမီးများ အခွင့်အလမ်းတန်းတူညီမျှစွာ ရရှိရေးကို ငြင်းဆန်ခဲ့သည့် အာရပ်နိုင်ငံများ အနေ ဖြင့် ထိုကဲ့သို့ စွမ်းရည်လျှော့ချခြင်းသည် စီးပွားရေး ၊ သင်ကြားရေး နှင့် ယဉ်ကျေးမှုတို့တွင် ကမ္ဘာ့ခေါင်းဆောင်များ၏ ပထမ အဆင့်ကို ထိုနိုင်ငံများပြန်လည်ရောက်ရှိခြင်းအား ယိမ်းယိုင် စေမည့် အဓိက အချက်တစ်ရပ် ဖြစ်ကြောင်းကို ကုလသမဂ္ဂ ထောက်ပံ့မှုဖြင့် ထုတ်ခဲ့သော အစီရင်ခံစာ ၂၀၀၈ တွင် သတိပေးခဲ့သည်။

ဆွီဒင်နိုင်ငံတွင် ပြုလုပ်ခဲ့သော ယောက်ျား၊ မိန်းမ တန်းတူညီမျှမှု ဆိုင်ရာ ၂၀၀၇ လေ့လာချက် တစ်ရပ်တွင် ကျား၊ မလိင်နှစ်မျိုးလုံး၏ ကျန်းမာရေးကို "အပျက်သဘောသက်ရောက်မှု များ" သည် လုပ်ငန်းခွင် အခွင့်အလမ်းများ၏ တိုးလာသော ဖိစီးမှုများ ကြောင့် ဖြစ်သည်ဟု အကြံပြု ထားပြီး "ရိုးရာ အစဉ်အလာဖြစ်သော အမျိုးသားများ၏ အခန်းကဏ္ဍ ၊ အသိုင်းအဝိုင်း များ နှင့် လှုပ်ရှားမှုများ အတွင်းသို့ အမျိုးသမီးများ တစ်ဖက်သတ် ချဲ့ထွင် လာခြင်းအားဖြင့် အကယ်၍ အမျိုးသားများ သူတို့၏ အပြုအမူများကို သိသာထင်ရှားစွာ မပြောင်းလဲပါက တိုးတက်မှု ရှိ သော ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဦးတည်စေလိမ့်မည် မဟုတ်ပါ။" ဟု တွေ့ရှိခဲ့သည်။

ယေဘုယျ အကြောင်းအချက်များ[ပြင်ဆင်ရန်]

  • လိုက်ဖက် ညီမျှခြင်း
  • သာတူ ညီမျှဖြစ်ခြင်း
  • ယောက်ျား ၊ မိန်းမ ပင်မရေစီးကြောင်း ဖြစ်ခြင်း
  • ညီမျှသော ကာကွယ်မှုအတွက် အခွင့်အရေး
  • လိင် နှင့် ယောက်ျား ၊ မိန်းမ ကွဲပြားခြင်း

တိကျသော အကြောင်းအချက်များ[ပြင်ဆင်ရန်]

ဥပဒေများ[ပြင်ဆင်ရန်]

  • အမျိုးသမီးများအား ခွဲခြားဆက်ဆံသည့် ပုံစံမျိုးစုံကို ပပျောက်စေခြင်းဆိုင်ရာ ညီလာခံ သို့မဟုတ် CEDAW (စီအီးဒီအေဒဗလျူ) (ကုလသမဂ္ဂ ၁၉၇၉ )
  • ဆန္ဒခံယူပွဲကို ဆက်ခံသည့် ဒိန်းမတ် အက်ဥပဒေ ၊၂၀၀၉
  • တူညီစွာ ပုံမှန်လခ ပေးသည့် အက်ဥပဒေ ၁၉၆၃ (အမေရိကန် ပြည်ထောင်စု)
  • တန်းတူညီမျှမှု အက်ဥပဒေ ၂၀၀၆ ( ယူကေ)
  • တန်းတူညီမျှမှု အက်ဥပဒေ ၂၀၁၀ ( ယူကေ)
  • ဒေသတွင်း ဘဝတွင် အမျိုးသမီးများနှင့် အမျိုးသားများ တန်းတူညီမျှမှုရှိရေးအတွက် ဥရောပ ပဋိညာဉ် စာတမ်း
  • စကော့တလန်ရှိ ယောက်ျား၊ မိန်းမ တန်းတူညီမျှမှု တာဝန်
  • ယောက်ျား ၊ မိန်းမ တန်းတူညီမျှရေးဆိုင်ရာ ပညာရေး အက်ဥပဒေ (တိုင်ဝမ်)
  • လီလီ လက်ဘတ်တာ မျှတသော လစာပေးခြင်း အက်ဥပဒေ (အမေရိကန်ပြည်ထောင်စု ၊၂၀၀၉)
  • ယောက်ျား၊ မိန်းမ တန်းတူညီမျှမှု ရှိရေးဆိုင်ရာ တရားစွဲဆိုမှုများစာရင်း
  • ပညာရေးဆိုင်ရာပြင်ဆင်မှုများ ၁၉၇၂ ၏ ခေါင်းစဉ် ကိုး (အမေရိကန် ပြည်ထောင်စု)
  • တူညီသော အများပြည်သူဆိုင်ရာ ဥပဒေကျမ်း (အိန္ဒိယ)
  • နိုင်ငံတော်နှင့်ဆိုင်သောအစည်းအဝေးသို့ အမျိုးသမီးများ၏ အသနားခံလွှာ (ပြင်သစ်၊၁၇၈၉)

အဖွဲ့အစည်းများ နှင့် ဝန်ကြီးဋ္ဌာနများ[ပြင်ဆင်ရန်]

  • အာဖဂန် အမျိုးသမီးရေးရာ ဝန်ကြီးဋ္ဌာန (အာဖဂန်နစ္စတန်)
  • ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူဦးရေ လှုပ်ရှားမှုများအတွက် ဋ္ဌာန
  • သမ္မာကျမ်းလာ တန်းတူညီမျှမှုများအတွက် ခရစ်ယာန်များ
  • အမျိုးသမီးများ၏ အခွင့်အရေးများနှင့် ယောက်ျား၊ မိန်းမ တန်းတူညီမျှမှု ဆိုင်ရာ ကော်မတီ (ဥရောပ ပါလီမန်)
  • တူညီသော အခွင့်အရေးများဆိုင်ရာ ကော်မရှင် (ယူကေ)
  • ယောက်ျား၊ မိန်းမ တန်းတူညီမျှမှု အတွက် ဥရောပ အဖွဲ့အစည်း
  • ယောက်ျား၊ မိန်းမ စွမ်းရည်မြှင့်တင်မှု တိုင်းတာခြင်း ၊ ကုလသမဂ္ဂမှ အသုံးပြုသော မက်ထရစ်စနစ်
  • ယောက်ျား၊ မိန်းမ နှင့် ဆက်နွယ်သော ဖွံ့ဖြိုးတိုးတက်မှု အညွှန်း ၊ ကုလသမဂ္ဂမှ အသုံးပြုသော မက်ထရစ်စနစ်
  • အစိုးရ တန်းတူညီမျှမှုများဆိုင်ရာ ရုံး (ယူကေ)
  • အမျိုးသမီးများ အပေါ် သုတေသနပြုခြင်းအတွက် အပြည်ပြည်ဆိုင်ရာ ဋ္ဌာန
  • ပေါင်းစပ်ခြင်းနှင့် ယောက်ျား၊ မိန်းမ တန်းတူညီမျှမှု ဆိုင်ရာ ဝန်ကြီးဋ္ဌာန (ဆွီဒင်)
  • အမျိုးသမီး ၊ မိသားစုနှင့် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးဋ္ဌာန (မလေးရှား)
  • ဖိလစ်ပိုင် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် သက်ဆိုင်သော အမျိုးသားကော်မရှင် (ဖိလစ်ပိုင်)
  • စုစုပေါင်း အီး- အရည်အသွေး (ဂျာမနီ)

အခြားသက်ဆိုင်သော ခေါင်းစဉ်များ[ပြင်ဆင်ရန်]

  • ကမ္ဘာလုံးဆိုင်ရာ ယောက်ျား၊ မိန်းမ ကွာဟချက် အစီရင်ခံစာ
  • ယောက်ျား၊ မိန်းမ လူမှုဗေဒဆိုင်ရာ အရေးပါသော ပုံနှိပ်ထုတ်ဝေခြင်းများ၏ စာရင်း
  • အမျိုးသမီးများ တန်းတူညီမျှမှု နေ့
  • အပြည်ပြည်ဆိုင်ရာ အမျိုးသားများနေ့

ကိုးကား[ပြင်ဆင်ရန်]


ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]