ယောက်ဖခွေးခေါ်ငှက်
| ယောက်ဖခွေးခေါ်ငှက် | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Least Concern (IUCN Red List Ver.3.1 (2001))[၁] |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Cuculus micropterus'' | ||||||||||||||
ယောက်ဖခွေးခေါ်ငှက် ယောက်ဖခွေးခေါ် သည် ဥဩငှက်မျိုး ဖြစ်သည်။ယောက်ဖ ခွေးခေါ် ဟု အော်သောအသံကို အစွဲပြု၍ ယောက်ဖခွေးခေါ် ဟု ခေါ်ကြခြင်းဖြစ်သည်။ ပါဏဗေဒအလိုအားဖြင့် ကျူကျူလပ်မိုင် ကရော့တီးရပ် ဟု ခေါ်၍ ကျူကျူလီဒီး မျိုးရင်းတွင် ပါဝင်လေ သည်။
ဤငှက်သည် ကိုယ်အလျား ၁၃ လက်မရှိသည်။ ထပ်ကာ ထပ်ကာ အော်တတ်သော်လည်း အော်သံမှာ သာယာသည်။ ယင်း၏အော်သံကို ဇန်နဝါရီလကုန်မှ ဇွန်လအထိ ကြားကြရ သည်။ နေထိုင်မှု အလေ့အကျင့်များမှာ အခြားမျိုးတူငှက်များ နှင့် အတူတူဖြစ်သည်။ ယင်းတို့၏ အော်သံကို ဆောင်းရာသီ ကုန်ချိန်နှင့် နွေဦးပေါက်အချိန်တွင် သစ်တော၊ တောင်ခြေနှင့် တောင်ပေါ်များတွင် မကြာခဏ ကြားကြရသည်။ တောထဲ၌သာ ကျက်စားသော ငှက်မျိုးဖြစ်သဖြင့် လွင်တီးပြင်၌ တွေ့ရခဲသည်။ ဥများမှာ အပြာနုရောင်ဖြစ်၍ အပြာနုရောင်ဥများ အုတတ် သော အခြားငှက်များ၏ အသိုက်များထဲတွင် ဥအုထားတတ်ကြ သည်။ ယောက်ဖခွေးခေါ် ငှက်များကို အရှေ့တိုင်းဒေသများတွင် အနှံ့အပြား တွေ့ရှိရပြီးလျှင် မြန်မာနိုင်ငံ သစ်တောများထဲ၌ လည်း တွေ့ကြရသည်။ ယင်းတို့ကို မြေနိမ့်နေရာများမှာထက် တောင်ပေါ်များတွင် ပို၍တွေ့ကြရလေသည်။ [၂]
ကိုးကား [ပြင်ဆင်ရန်]
- ↑ Template:IUCN2008
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)