ယူအက်စ် အိုးပင်း
Wikipedia မှ
| US Open | ||
|---|---|---|
| 150px | ||
| Official web | ||
| ကျင်းပရာနေရာ | နယူးယောက်မြို့ - Queens |
|
| ကစားကွင်း | USTA Billie Jean King National Tennis Center | |
| မျက်နှာပြင် | Grass - outdoors (1881–1974) Clay - outdoors (1975–1977) DecoTurf - outdoors (1978–present) |
|
| Men's draw | 128S / 128Q / 64D | |
| Women's draw | 128S / 96Q / 64D | |
| ဆုကြေး | US$ 21,016,000 | |
| ဂရင်းစလင်း တင်းနစ်ပြိုင်ပွဲ | ||
|
||
| Current | ||
ယူအက်စ် အိုးပင်း (US Open, formally the United States Open Tennis Championships) သည် ၁၉၈၇ ခုနှစ်မှစ၍ ဂရင်းစလင်း တင်းနစ်ပြိုင်ပွဲကြီး ၄ ခုအနက် နှစ်တစ်နှစ်အတွင်း အချိန်ဇယားအရ နောက်ဆုံးကျင်းပသည့် တင်းနစ်ပြိုင်ပွဲ တစ်ရပ်ဖြစ်သည်။ ပြိုင်ပွဲကာလမှာ ဩဂုတ်နှင့် စက်တင်ဘာလများအတွင်း နှစ်ပတ်ကြာသည်။ အမေရိကန် အမျိုးသားအဆင့် ယောက်ျားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲကို ၁၈၈၁ ခုနှစ်တွင် စတင်ခဲ့သည်။
အဓိက ပြိုင်ပွဲများတွင် အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသားနှစ်ဦးစီ၊ အမျိုးသမီးနှစ်ဦးစီ၊ အမျိုးသားနှင့် အမျိုးသမီး ဒပ်ဘယ် (double) စသည်ဖြင့် ၅ မျိုးခွဲထားသည်။ ထို့အပြင် လူကြီးပိုင်း၊ လူငယ်ပိုင်းနှင့် ဘီးတပ်ကုလားထိုင်စီး အားကစားသမားများအတွက် ပြိုင်ပွဲများကိုလည်း ကျင်းပလေ့ရှိသည်။