ယာဆာ အာရဖတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Acap.svg ဤဆောင်းပါးတွင် ပါဝင်သော အချက်အလက်များကို ယနေ့ခေတ်ကာလ အချက်အလက်များဖြင့် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။
သင် တည်းဖြတ် နိုင်သည်။ လမ်းညွှန် ဖတ်ပါ။

အာရဖတ်၊ ယာဆာ (ခရစ် ၁၉၂၉ ဖွား)[ပြင်​ဆင်​ရန်​]

ပယ်လက်စတိုင် လွတ်မြောက်ရေး အဖွဲ့ (ပီအယ်အို) ၏ ဥက0x033ဋ္ဌဖြစ်သူ ယာဆာအာရဖတ်ကို ဂျရူးဆလမ်းမြို့တွင် ၁၉၂၉ ခုနှစ်ကဖွားမြင် သည်။ ကုန်သည်0x100ကီးတစ်ဦး၏ သားဖြစ်၍ အထင်ရှားဆုံးဖြစ် သည့် ဟူစိန်ရီမျိုးနွယ်ဝင် တစ်ဦးလည်းဖြစ်သည်။ အမည်ရင်းမှာ မိုဟာမက်အာ ဗက်အာရှာရဖတ် ဖြစ်သည်။ ကိုင်ရိုတက0x033သိုလ်တွင် ပညာဆည်းပူးခဲ့ရသည်။ ထိုအတွင်း ဒေသဆိုင်ရာပယ် လက်စတိုင် ကျောင်းသားများ အဖွဲ့ချုပ်ဥက0x033ဋ္ဌအဖြစ် ရွေးကောက်တင်မြေ|ာက်ခြင်း ခံရ၏။ အာရဖတ်သည် ၁၉၄၇-၄၈ ခုနှစ်၌ ဖြစ်ပွားခဲ့သော အာရပ်အဇ0x040ရီယယ် စစ်ပွဲတွင် လူငယ်တစ်ယောက် အနေဖြင့် ပါဝင်ပြီး၊ မိဘများ ဂါဇာ ဒေသသို့ ထွက်ပြေးတိမ်းရှောင်0x100ကသဖြင့် သူသည်စစ်ပြေးဒုက0x034သည် တစ်ဦး ဖြစ်ခဲ့ရသေးသည်။ ၁၉၅ဝ ပြည့်နှစ်တွင် အာရဖတ်သည် ပယ်လက်စတိုင် ကျောင်းသား များအဖွဲ့၌ အမှုဆောင်ကော်မတီ ဝင်ဖြစ်ပြီး ၁၉၅၂-၅၆ ခုနှစ်များ တွင်မူ ဥက0x033ဋ္ဌဖြစ်လာသည်။ ၁၉၅၆ ခုနှစ်တွင် အီဂျစ်တပ်မတော်၌ ပါဝင်အမှု ထမ်းသည်။ ထို့နောက်ကူဝိတ်သို့ ပြောင်းရွှေ့ကာ ပည်သူ့လုပ်ငန်းဝန်0x100ကီးဌာနတွင် အလုပ်ဝင်လုပ်သည်။ယင်း အလုပ်မှ ၁၉၆၄ ခုနှစ်တွင်ထွက်ခဲ့ပြီး အယ်ဖာတာပြောက်ကျား အဖွဲ့ကို အခြားသူများနှင့် ပူးတွဲ၍တည်ထောင် သည်။ ၁၉၆၈ ခုနှစ် ဇွန်လမှစ၍ ပီအယ်အို အမှုဆောင် ကော်မတီတွင် ဥက0x033ဋ္ဌ ဖြစ်လာသည်။ သူသည် အာရပ်အဝတ်အစားကို ဝတ်ဆင်လျက် ဖြူနက်ကျား တဘက် ခေါင်းဆောင်ကို အမြဲဆောင်း တက်သည်။ နေကာ မျက်မှန်မည်းကို တပ်ဆင်လေ့ရှိသည်။ စကားပြောရာတွင် ပွင့်လင်းရိုးသားသည်။ အာရ ဖတ်သည် အရက်သေစာကို မဆိုထားဘိ၊ ဆေးလိပ်ပင် သောက်သူမဟုတ်။ အမြဲနေထိုင်သော အိုးအိမ်ဟူ၍ လည်းသူ့မှာမရှိချေ။ သူဘယ်ရောက်၍ နောက်ထပ် ဘယ်စခန်းသို့ပေါက်မည်ကို သူ့ကိုယ်ရံတော်များပင်တစ်ခါ တစ်ရံ ကောင်းစွာမသိလိုက်ပေ၊၊ စင်စစ်သူသည် အဖွဲ့အတွက် ရန်ပုံငွေနှင့် ထောက်ခံအားပေးမှုတို့ကို ရရှိရန် အတွက် ဒမက်စကတ်မြို့သို့ သွားလိုက်၊ အယ်လဂျီးယားနိုင်ငံဘက်သို့ ထွက်လိုက်၊ ကိုင်ရိုသို့ ရောက်လိုက် စသည်ဖြင့် ဗီရွတ်မြို့မှ မ0x100ကာခဏ ထွက်ခွာရလေ့ ရှိသည်။ အလွန်လျှင် အေးချမ်းငြိမ်သက်စွာ နေထိုင်သူအာရဖတ်သည် သူ၏အေ0x100ကာင်းကိုသော်၎င်း၊ပုဂ0x035ိုလ်ရေး ထိပ်တန်းတင်မှုကို သော်၎င်း၊ ထုတ်ဖော်လိုစိတ် မရှိခဲ့ချေ။ အစည်းအဝေးဆိုလျှင် မည်သူတင်ပြသည့် အယူ အဆပင်ဖြစ်စေ သူဂရုတစိုက် နားထောင်ပြီး လက်ခံဆွေးနွေးတက်သည်။ မိမိ အမျိုးသား များ၏အသေးအမွှား လူမှုရေးကိစ0x038ကိုပင်အချိန်ယူ၍ စီစဉ်ပေး တက်သူဖြစ်သည်။ ဤအရည်အသွေးများေ0x100ကာင့် ပင်လောမသိ၊ အာရ ဖတ်သည် နိုင်ငံရေးအယူအဆခံယူချက်ချင်းမတူသော ပြောက်ကျားအဖွဲ့အစည်းများကိုတစ်စည်းတစ်လုံးတည်း ဖြစ်အောင် အချိန်ရှည် ဦးဆောင်လာရင်း အာရပ်လောက၏ အထင်ရှားဆုံး သော ခေါင်းဆောင်တစ်ဦး ဖြစ်နေသည်။ ၁၉၇၃ ခုနှစ်၌ အစပြု၍ ပယ်လက်စတိုင် တော်လှန်ရေးတပ်ဖွဲ့များ၏ တပ်မှူး ဗိုလ်ချုပ်0x100ကီးအဖြစ် ဆောင်ရွက်လျက်ရှိသည်။

သို့သော် အာရဖတ်သည် လေယာဉ် အနု0x100ကမ်းစီးခြင်း၊ လူသတ်ခြင်း၊ ရက်စက်စွာ ဂလဲ့စားချေခြင်း၊ စသော အ0x100ကမ်းဖက်မှုများကို လုံးဝ ဆန့်ကျင်သည်။ အဖွဲ့ချုပ်လက်အောက်ရှိ ပြောက်ကျားအဖွဲ့ချို့ အ0x100ကမ်းဖက် 0x100ကသည့် အမှုများကိုပင် အတိအလင်း ထုတ်ဖော် ရှုတ်ချခဲ့လေသည်။ ငြိမး်ချမ်းသော မဇ0x041ိမပဋိပဒါ လမ်းကို နှစ်သက်သော အာရဖတ်၌ ပီအယ်အိုအဖွဲ့ကို စတင်တည်ထောင် ခဲ့သူ အာမက်ရှူကာရီ၏ ဂျူးများ (အဇ0x040ရီ ယာယ်)တို့ကို ပင်လယ်ထဲအရောက် မောင်းထုတ်ရန် ဟူသည့် ခံယူချက်မျိုး မရှိတော့ပြီဖြစ်၍ ၁၉၇၄ ခုနှစ် နိုဝင်ဘာလတွင် ပြောက်ကျားဗိုလ် ဖြစ်ပါလျက်နှင့် ကုလသမဂ0x035 အထွေထွေညီလာခံသို့ တက်ရောက် မိန့်ခွန်း ပြောခွင့်ရခဲ့သည်။ အာရဖတ်သည် အိမ်ထောင်မပြု၊ ပယ်လက်စတိုင် ပြည်တည် ထောင်ရေးသည်သာ သူ့အသက်၊သူ့ဘဝ အဖြစ် ခံယူထားသူ ဖြစ်သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)