မှန်လုံအိမ်ဓာတ်ငွေ့
မှန်လုံအိမ်ဓာတ်ငွေ့ (Greenhouse gas) များသည် လေထုထဲမှ ဓာတ်ငွေ့များ ဖြစ်ပြီး အပူစွမ်းအင်ကို သယ်ဆောင်နိုင်စွမ်းရှိသည့် အနီအောက် ရောင်ခြည်များအား စုပ်ယူနိုင်၊ ထုတ်လွှတ်နိုင်သည့် ဓာတ်ငွေ့များဖြစ်သည်။ ဤဖြစ်ရပ်မှာ အခြေခံအကျဆုံး မှန်လုံအိမ် သက်ရောက်မှု ဖြစ်သည်။ [၁] ကမ္ဘာ့လေထုအတွင်း အတွေ့များသည့် မှန်လုံအိမ်ဓာတ်ငွေ့များတွင် ရေငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ နိုက်ထရပ်စ်အောက်ဆိုဒ်နှင့် အိုဇုန်းတို့ ပါဝင်သည်။
နေအဖွဲ့အစည်းအတွင်းရှိ သောကြာဂြိုဟ် (ဗီးနပ်စ်ဂြိုလ်)၊ အင်္ဂါဂြိုဟ် (မားစ်ဂြိုလ်) နှင့် တိုင်တန်အရံဂြိုလ်တို့၏ လေထုတွင်လည်း မှန်လုံအိမ်သက်ရောက်မှု ဖြစ်စေသည့် ဓာတ်ငွေ့များ ပါရှိသည်။ မှန်လုံအိမ်ဓာတ်ငွေ့များသည် ကမ္ဘာ့အပူအချိန် အပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိသည်။ ဤဓာတ်ငွေ့များ မရှိလျှင် ကမ္ဘာမြေမျက်နှာပြင်၏ အပူချိန်မှာ လက်ရှိထက် ပိုနှိမ့်ပြီး 33 °C (59 °F) သာရှိမည် ဖြစ်သည်။[၂][၃][၄]
၁၇၅၀ ပြည့်လွန်နှစ် စက်မှုတော်လှန်ရေး စတင်ခဲ့ချိန်မှစ၍ လေထုအတွင်း မှန်လုံအိမ်ဓာတ်ငွေ့ ပါဝင်နှုန်း မြင့်တက်လာသည်။ သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ၂၀ ရာစု ခေတ်လယ်ပိုင်းမှစ ကမ္ဘာကြီးပူနွေးလာခြင်းသည် လေထုတွင်း မှန်လုံအိမ်ဓာတ်ငွေ့ သိပ်သည်းမှုနှင့် တိုက်ရိုက်ဆက်နွယ်ကြောင်း သိရသည်။ [၅]
[ပြင်ဆင်ရန်] ကိုးကား
- ↑ IPCC AR4 SYR Appendix Glossary (PDF). Retrieved on 2008-12-14။
- ↑ Karl TR, Trenberth KE (2003). "Modern Global Climate Change". Science 302 (5651): 1719–1723. doi:.
- ↑ Le Treut H, Somerville R, Cubasch U, Ding Y, Mauritzen C, Mokssit A, Peterson T and Prather M (2007). Historical Overview of Climate Change Science In: Climate Change 2007: The Physical Science Basis. Contribution of Working Group I to the Fourth Assessment Report of the Intergovernmental Panel on Climate Change (Solomon S, Qin D, Manning M, Chen Z, Marquis M, Averyt KB, Tignor M and Miller HL, editors) (PDF), Cambridge University Press. Retrieved on 2008-12-14.
- ↑ NASA Science Mission Directorate article on the water cycle
- ↑ http://www.ipcc.ch/pdf/assessment-report/ar4/syr/ar4_syr_spm.pdf AR4 SYR SPM page 5