မှတ်ဉာဏ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မှတ်ဉာဏ်(Memory)[ပြင်​ဆင်​ရန်​]

မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -
သိပ္ပံနယ်ပယ်တွင်းရှိ မှတ်ဉာဏ်တစ်ခု၏ ဖွဲ့စည်းပုံနှင့် ဖွဲ့စည်းပုံအစိတ်အပိုင်းများ၏အကြမ်းဖျင်း ပုံသဏ္ဌာန်

မှတ်ဉာဏ်ဆိုသည်မှာ လွန်ခဲ့သည့် အတွေ့အကြုံများကို ပြန်လည် ဖော်ထုတ်နိုင်စွမ်းရှိသည့် စိတ်၏ စွမ်းအားပင် ဖြစ် သည်။ မှတ်မိသည်ဆိုရာ၌ နှစ်မျိုးရှိရာ တစ်မျိုးမှာ သတိရ ခြင်းဖြစ်၍ ကျန်တစ်မျိုး မှာ မှတ်မိခြင်း ဖြစ်သည်။ ပုံစံအဖြစ် ပြရလျှင် ယခင်က မြင်ဖူးသည့် ပုဂ္ဂိုလ်တစ်ဦးအား စဉ်းစား ကြည့်ရာတွင် မရနိုင်က ထိုသူ၌ သတိရမှုသည် ချွတ်ယွင်း နေသည်ဟု ဆိုနိုင်သော်လည်း စဉ်းစားမိသည့် ပုဂ္ဂိုလ်ကိုသာ ထိုသူ မြင်လိုက်ရလျှင် မြင်လိုက်သည့်နှစ် တစ်ပြိုင်နက် ထိုပုဂ္ဂိုလ်ကို မှတ်မိနိုင်ပေသည်။

မှတ်ဉာဏ်ကို ခွဲစိတ်ကြည့်လျှင် ဆက်စပ်ခြင်း၊ မှတ်မိနိုင် စွမ်းရှိခြင်း၊ သတိရခြင်းနှင့် မှတ်မိခြင်းတို့ ရှိသည်ကို တွေ့ရပေ မည်။ ပုံပမာ- လူတစ်ယောက်သည် တစ်နေ့၌ လမ်းလျှောက် သွားစဉ် လမ်းထောင့်တစ်ခုသို့ ရောက်သွားချိန်တွင် မော်တော် ကားနှစ်စီး အရှိန်ပြင်းစွာနှင့် တိုက်မိကြသည်ကို တွေ့လိုက်ရ ၏။ ထိုအခါ နောင်တွင် ထိုသူသည် ထိုလမ်းထောင့်သို့ ရောက်သည့်အခါတိုင်း မော်တော်ကားနှစ်စီး တိုက်မိခြင်းကို အစဉ် သတိရပေလိမ့်မည်။ ထိုသို့ဖြစ်ခြင်းမှာ ထိုလမ်းထောင့်နှင့် မော်တော်ကားနှစ်စီး တိုက်မိခြင်းတို့သည် ဆက်စပ်လျက် ရှိ ခြင်းကြောင့် ဖြစ်လေသည်။ အခြားလမ်းထောင့်များသို့ ရောက် သောအခါတွင် ထိုသို့ သတိရမည် မဟုတ်ချေ။ ထိုသို့ ဖြစ်ရ သည်မှာ ဆက်စပ်မှုမရှိခြင်းကြောင့် ဖြစ်ပေသည်။

မှတ်မိနိုင်စွမ်းရှိခြင်းသည် လူတစ်ဦးနှင့် တစ်ဦးတွင် မတူ ချေ။ အင်္ဂလိပ်စာကို ပထမစ၍ သင်ကငားသော ကျောင်းသား တစ်ဦးသည် အင်္ဂလိပ်စာလုံး ဆဲ့ငါးလုံးကို အရကျက်မည် ဟု သူ့စိတ်ကို ပိုင်းဖြတ်ကာ ကျက်၏။ သို့သော် နောက် တစ်နေ့ နံနက်တွင် သူကျက်ထားသော စာလုံးအားလုံးလိုလိုကို သူသည် မမှတ်မိဘဲ ဖြစ်တတ် သည်။ သို့သော် မမှတ်မိသော စာလုံး များကို ပြန်၍ကျက်လျှင် မမှတ်မိခြင်းသည် နည်းပါးသွားမည် ဖြစ်ပြီးလျှင် မမှတ်မိတိုင်း ဆက်၍သာ ကျက်သွားမည်ဆိုပါက မကြာမီရက်အတွင်း၌ စာလုံးအားလုံးကို လုံးဝ မှတ်မိသွားပေ လိမ့်မည်။ စာသင်ကျောင်းများ၌ တစ်နေလုံးအဖို့ တစ်ဘာသာ တည်းသာကို မသင်ကြားရဘဲ ဘာသာစုံကို တစ်ချိန်စီ၌ ကန့်သတ်၍ သင်ကြားပေးခြင်းဖြင့် ကျောင်းသူ ကျောင်းသား များ၏ မှတ်ဉာဏ်သည် နေ့ရက်များလာသည်နှင့်အမျှ တိုးပွား လာနိုင်ပေသည်။

သတိရခြင်းဆိုသည်မှာ ဆက်စပ်လျက်ရှိသော အကြောင်း များကို မှတ်မိခြင်းပင် ဖြစ်သည်။ ကျောင်းသားငယ်တစ်ဦးအား ဂဏန်းသင်္ချာ သင်ကြားချိန်၌ ဆရာလုပ်သူက သုံးခုနစ်လီ ဘယ်လောက်လဲဟု မေးလိုက်လျှင် ထိုသူငယ်သည် နှစ်ဆဲ့ တစ်ဟု ရုတ်ခြည်း ဖြေနိုင်ကောင်း ဖြေနိုင်လိမ့်မည်။ သို့မဟုတ် အချိန် အနည်းငယ်အတွင်း၌ ဖြေနိုင်ပေလိမ့်မည်။ ထိုအခါ ထိုသူငယ်သည် ထိုအချက်ကို သတိပြုထားသည်မှာ ထင်ရှား သည်။

မေးခွန်းကို ဖြေနိုင်၊ မဖြေနိုင်ကိုကြည့်၍ ကျောင်းသား၏ မှတ်ဉာာဏ်ကို အကဲခတ်နိုင်ပေသည်။ စာမေးပွဲ ဖြေနေစဉ် သက်ဆိုင်ရာအဖြေကို သတိမရဘဲ အချိန်လွန်မှ သတိရလျှင် အကျိုးထူးမည် မဟုတ်ချေ။ မှတ်ဉာဏ်ကောင်းရန် အကျိုး အကြောင်းကို လျင်မြန်စွာ ဆက်စပ်နိုင်ရပေမည်။ အဆက် အစပ်ကိုတွေ့လျှင် အားလုံးကို မှတ်မိနိုင်ပေလိမ့်မည်။ မြန်မာ နိုင်ငံသမိုင်းကို လေ့လာရာ၌ သက္ကရာဇ်ကို အလွယ်တကူ မှတ်မိနိုင်စေရန် ဆီလျော်သည့် စကားစုကလေးများကို တီထွင် ၍ထားသည်ကို တွေ့ရပေသည်။ ဥပမာပြရလျှင် ဥဩအော် မြည် (၁၁၁၅) ကုန်းဘောင်တည်ဟု ဆိုထားသဖြင့်၊ ၁၁၁၅ ခုနှစ်ကို ကုန်းဘောင်မင်းဆက်များနှင့် ဆက်စပ်၍ သတိရ စေလေသည်။ ထိုနည်းအတူ သိုဟန်ဘွားဖျက်၍ တိုင်းပြည်ပျက် သည်ကို မှတ်မိစေရန် ဂငယ်သုံးခု (ဂဂဂ ခုနှစ်) ဥသျှစ်ထု ဟူ၍လည်းကောင်း၊ သီပေါမင်း ပါတော်မူသည့် သက္ကရာဇ်ကို မှတ်မိစေရန် အင်္ဂလိပ် တက် (၁၂၄၇ ခုနှစ်) မန်းမြို့ပျက်ဟူ၍ လည်းကောင်း သက်ဆိုင်ရာ သင်္ကေတများကို ပြုလုပ်ထားခဲ့ကြ သည်။ ထိုသို့သော ဆက်စပ်မှုများကို သိခြင်းသည်ဆိုင်ရာ အကြောင်းအရာများကို ရွေးနုတ် ထုတ်ယူသုံးစွဲနိုင်သော ဇာဂနာ၊ ကြိုက်ရာကို ဆွဲချူအရယူနိုင်သည့် တံချူသဖွယ် ဖြစ်လေသည်။

ထိုနောက်တွင် မှတ်မိခြင်းသည် အရေးကြီး၏။ သာမန် အားဖြင့် သတိရခြင်းနှင့် မှတ်မိခြင်းသည် ဆင်တူ ယိုးမှား ဖြစ်၏။ သို့သော် လူတစ်ဦး၏ အမည်ကို သတိမရသော်လည်း လူကိုကား မှတ်မိနေတတ်ပေသည်။

မှတ်ဉာဏ်ကောင်းရန်အတွက် အကောင်းဆုံးနည်းမှာ ထပ် တလဲလဲ ပြုလုပ်ရန်၊ သို့မဟုတ် ရွတ်ဆိုရန် ဖြစ်သည်။ သို့သော် ထိုသို့ အထပ်ထပ် ပြုလုပ်ရွတ်ဆိုနေသော်လည်း ထိုသို့ ပြုလုပ်ရွတ်ဆိုနေချိန်၌ ပြုလုပ် ရွတ်ဆိုနေသည့် ကိစ္စ တွင် အာရုံကို စူးစိုက်ထားရန် အရေးကြီးပေသည်။ စာကို အထပ်ထပ် ကျက်၍နေသော်လည်း ထိုစာကို ကျက်နေသည့် ကလေး၏စိတ်သည် ကစားရာသို့ ရောက်နေလျှင် ထိုကလေး သည် သူကျက်နေသောစာကို ရနိုင်မှ မှတ်မိနိုင်မည် မဟုတ်ချေ။

မှတ်မိရန် ကြိုးစားရာတွင် ထိုအကြောင်းအရာ၏ အရေးကြီး သော အချက်အလက်များကို မှတ်မိခြင်းသည် အရေးမကြီးသော အချက်အလက်များကို မှတ်မိခြင်းထက် ပို၍ အရေးပါသည်။ မှတ်ဉာဏ် တိုးပွားစေရန် ကျောင်းသားတစ်ဦးသည် သူဖတ် နေသည့် စာအုပ်ကို ခေတ္တပိတ်ပြီးလျှင် ပြန်၍ စဉ်းစားကြည့် သင့်သည်။ အရေးကြီးသော အချက်အလက်များကို မမှတ်မိ သေးလျှင် စာအုပ်ကိုပြန်၍ ဖွင့်ပြီးလျှင် တစ်ဖန် မှတ်ယူသင့် သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကျောင်းသား၏ မှတ်ဉာဏ်သည် တိုးပွားလာနိုင်ပေသည်။ ထိုပြင် မိမိလေ့ကျက်ထားသည့် အကြောင်းရပ်ကို အခြားသူတစ်ဦး၏ အမေးကို ဖြေကြား ခြင်းလည်း မှတ်ဉာဏ်ကို တိုးပွားစေနိုင်ပေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)