မြွေပါ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တွေ့မြင်နေကြ မြွေပါတစ်မျိုး

မြွေပါ (Mongoose) သည် ဗီဗာရီးဒီးမျိုးရင်းဝင်ဖြစ်၍ ရုတ်တရက်ကြည့်က ရှဉ့်ကလေးများနှင့် သဏ္ဌာန်တူသည် ဟု ထင်ရသော်လည်း၊ အပြီးသည် ရှဉ့်ထက် တိုသည့်ပြင် ကိုယ်နေကိုယ်ထားလည်း တစ်မျိုးစီဖြစ်၏။ ကိုယ်လုံး ၁၆ လက်မခန့်ရှည်၍ အရောင် ကား ပြာမှိုင်းမှိုင်း ညိုတိုတိုအရောင်ရှိပြီးလျှင် အမွေးရှည်သည်။ ပါးစောင်နှင့် လည်ပင်းတွင်မူ နီကြန်ကြန်အရောင် ရှိ၏။

မြွေပါသည် အလွန်စိတ်ခက်ထန်သော သတ္တဝါဖြစ်သော် လည်း ယာဉ်အောင်သင်ရန် လွယ်ကူလေသည်။ မြွေပါကို အာရှ တိုက်၊ အာဖရိကတိုက်တို့တွင် များစွာ တွေ့ရ၏။ ဥရောပတိုက် တွင်မူ စပိန်နိုင်ငံ၌သာ တွေ့ရလေသည်။ အိန္ဒိယနိုင်ငံရှိ မြေပါ မျိုးစိတ်ကို ပါဏဗေဒ အလိုအရ ဟာပတ်စတီးမန်ဂိုဟု ခေါ်၍ ယင်းတို့သည် အီဂျစ်နိုင်ငံရှိ မြွေပါများထက် သေးသည်။

မြွေပါသည် ကြွက်၊ မြွေ စသော သတ္တဝါတို့ကို ကိုက် သတ်နိုင်သဖြင့် ထင်ရှား၏။ သို့ရာတွင် အဆိပ်ပြီး၍ကား မဟုတ်။ ထိုအဆိပ်ပြင်းသော သတ္တဝါများထက် လျင်မြန်မှု ကြောင့် ဖြစ်၏။ သူတို့၏ ပါးနပ် လျင်မြန်ခြင်း၊ မျက်စိရှင် ခြင်း၊ အမွေးထူခြင်းတို့ကြောင့် မြွေများက ပေါက်သော်လည်း လွတ်အောင် ရှောင်တိမ်းနိုင်၍ မြွေ၏ ဇက်ပေါ်သို့ ခုန်တက် ကာ ကိုက်သတ်နိုင်လေသည်။ ထိုပြင် မြွေပါသည် စိတ်ဆိုး သောအခါ အမွေးအမှင်များကို ပွယောင်းထောင်ကြွစေလျက် မာန်ဖီနိုင်သဖြင့် မြွေသည် မြွေပါကို ထိပါးရန် မလွယ်ကူချေ။

ထိုကြောင့် မြွေပါသည် မြွေပေါများသော အိန္ဒိယနိုင်ငံ၊ မြန်မာ နိုင်ငံ၊ အရှေ့အိန္ဒိယ ကျွန်းစု စသည်တို့၌ မြွေဘေးကာကွယ်ရန် အထူးအသုံးဝင်လေသည်။ သို့ရာတွင် မြွေပါသည် မြွေကို သာမက အခြားကြက်ငှက်နှင့် ကြွက်များကိုလည်း ကိုက်သတ် ဖျက်ဆီးတတ်၏။ လွန်ခဲ့သောနှစ်များက ဗြိတိသျှပိုင် အနောက် အိန္ဒိယကျွန်းစုရှိ ဂျမေးကားကျွန်းစုသို့ သွင်းယူမွေးမြူခဲ့ရာ လျင်မြန်စွာ ပေါက်ပွား၍ လူတို့ မွေးမြူထားသော ဘဲကြက် စသည်တို့ကို အရမ်းမဲ့ ဖျက်ဆီးကြသဖြင့် ယခုအခါ ရှင်ကြီး ကျားထက်ဆိုးသော သတ္တဝါဖြစ်နေလေသည်။ ထိုကြောင့် ပြည်ထောင်စု အမေရိကန်နိုင်ငံတွင် မြွေပါကို မမွေးမြူကြ ရန်နှင့် ဥပဒေဖြင့် တားမြစ်ထားလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။