မြေဝပ်ငှက်မျိုး

ဝီကီပီးဒီးယား မှ

မြေဝပ်ငှက်မျိုးသည် ကက်ပရီမာလ ဂျီဖောမီးမျိုးစဉ်တွင် ကက်ပရီ မာလဂျီဒီး မျိုးရင်း၌ ပါဝင်၍ အာတိတ်နှင့် အန္တာတိတ်ဒေသများနှင့် နယူးဇီလန် ကျွန်းအပါအဝင် ကျွန်းအများအပြားတို့မှ လွဲ၍ တစ်ကမ္ဘာလုံးလိုလို၌ တွေ့ရ၏။ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် သီဟိုဠ်နိုင်ငံတို့တွင် သာတွေ့ရ၍ ပါဏဗေဒအလိုအားဖြင့် ကက်ပရီမာလဂပ် အေရှာတီကပ် (Caprimulgus asiaticus) ဟုခေါ်သည့် မြေဝပ်ငှက်ကို ငှက်ပျင်း ဟုလည်း ခေါ်ကြသည်။ အလျား ၉ လက်မရှိ၍ အရောင် မှာ အညိုရောင်ဖြစ်သည်။ တောက် - တောက် - တောက် ဟူသောအသံမျိုးဖြင့် အော်တတ်သည်။ မြေဝပ်ငှက်သည် တောနက်မှာထက် သီးနှံစိုက်လယ်တော ယာတောနှင့် ခြောက်သွေ့ ရှင်းလင်းသော တောများတွင် ပို၍ ကျက်စားလေ့ရှိသည်။ နွေရာသီ၌ မြို့ရွာအနီးအနာတွင် ထိုငှက်တို့ ၏ အော်သံကို ကြားရတတ်သည်။ မြေဝှပ်ငှက်များ သားပေါက်ချိန်မှာ ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ဖြစ်သည်။ တစ်ကြိမ်လျှင် နှစ်ဥသာ အ၍ ဥမှာသေး ငယ်သည်။ မြန်မာနိုင်ငံတွင်မူကား ပူအိုက်ခြောက်သွေ့သော အလယ်ပိုင်း၌သာ ကျက်စားကြသည်။ မြန်မာနိုင်ငံတောင်ပိုင်းလွင် ပြင်များသို့ ဆောင်းတွင်းဧည့်သည်အဖြစ်နှင့် ရောက်လာတတ်ကြ သည်။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် တနင်္သာရီ တောင်ပိုင်းတို့ တွင်လုံးဝမတွေ့ရချေ။

မြေဝပ်၊ တောင်ဒေါင်း စသော မြေဝပ်ငှက်မျိုးသည် ပေါ်လွင်ထင်ရှား သော ငှက်များ မဟုတ်သဖြင့် ယင်းတို့ အကြောင်းကို သိသူ အလွန်နည်းလှသည်။ ထိုငှက်မျိုးသည် အတောင်နှင့် အမြီး ရှည်သည်။ မှောင်စပျိုးသည်နှင့် တပြိုင်နက် သစ်ပင်များအနီးအ နား၌ ပိုးမွှားကို ရှာဖွေစားသောက်ကြသည်။ စရိုက်အားဖြင့် ညဉ့်၌ သာ ကျက်စား၍ နေ့အခါတွင် မျက်စိကို မှိတ်ကာ မြေကြီးပေါ် တွင် ဝပ်နား၍နေတတ်၏။ မြေဝပ်ငှက်မျိုးတွင် ကြီးမားသော ပါးစပ်နှင့် ကြည်လင်တောက်ပ စူးရှသော မျက်လုံးများရှိ၏။ ညဉ့်အခါ မော်တော်ကား လမ်းမလယ်တွင် ဝပ်နေတတ်သဖြင့် မော်တော်ကားမီးရောင်တွင် ယင်းတို့၏ မျက်လုံးများသည် ဝင်းဝင်းတောက်ပြောင်လျက်ရှိ၏။ မြေဝှပ်ငှက်မျိုးသည် သစ်ကိုင်းပေါ်တွင် နားသောအခါ အခြားငှက် များကဲ့သို့ ကန့်လန့်ဖြတ် ခြေတောက်ဖြင့် မနားဘဲ သစ်ကိုင်း၏ အလျားအလိုက် ရင်အုပ်ဖြင့် ဝပ်၍ နားလေ့ရှိသည်။ မြေဝပ်ငှက်မျိုး တွင် တောင်ဒေါင်းငှက်သည် အရွယ်ပိုကြီးသည့်အပြင် အော်သံ လည်း ကွဲပြားခြားနားသောကြောင့် တစ်မျိုးနှင့်တစ်မျိုးကို ခွဲခြား၍ သိသာနိုင်လေသည်။

ဥရောပတိုက်တွင် တွေ့ရသော မြေဝပ်ငှက်မျိုးကို ပါဏဗေဒ အလိုအားဖြင့် ကက်ပရီမာလဂပ် ယူရိုပီးယပ် ဟုခေါ်သည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)