မြေဓာတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မြေ (ဓာတ်ကြီး လေးပါး)[ပြင်​ဆင်​ရန်​]

မြေ ခေါ် ကမ္ဘာမြေကြီး သည် လူသားတို့ ပေါက်ပွား နေထိုင်ရာ ဖြစ်ပြီး ရှေးအယူ များအရ နာမ်ဓာတ် နာနာဘာဝ တို့လည်း ဖြတ်သန်းသွာလာနားခိုရာ ဒေသ ဖြစ်သည်။

မြန်မာ အယူဝါဒ[ပြင်​ဆင်​ရန်​]

မြန်မာတို့၏ရှေးဟောင်းရိုးရာအယူအဆတစ်ရပ်မှာ လူသားများမပေါ်မီကပင် ကမ္ဘာမြေကြီးတည်ရှိနေသည်။ မြေသင်းနံ့ကြောင့် ဗြမ္မာကြီးများဆင်းလာပြီး ၄ဦးမှာမြေဆီလွှာကိုတပ်မက်စားသုံးမိသဖြင့် ဗြမ္မာဘုံသို့ပျံသန်းမတက်နိုင်တော့ပဲ အခြေချနေထိုင်ကြရာမှ လူသားများပေါက်ဖွားလာသည်ဆိုကြသည်။ မြေကမ္ဘာကို နတ်မင်းကြီးလေးဦးထမ်းပိုးစောင့်ရှောက်ထားပြီး ၄င်းတို့ ပုခုံးပြောင်းသည့်အခိုက်အတန့်များတွင် မြေငလျင်လှုပ်ခြင်းဖြစ်ပေါ်သည်ဟုလည်းယူဆတတ်ကြသည်။ မြေကြီးသည် အခြားသောအရာဝတ္တုများနှင့်နှိုင်းစာသော် တည်တံ့ခိုင်မြဲသည့်သဘောကိုလည်း အလေးထားတတ်ကြသည်။ မြေကြီးသည် ကောင်းမွန်သန့်ရှင်းအောင်ပြုပြင်ခြင်း၊ တူးဆွဖြိုဖျက်ခြင်း၊ ညစ်ညမ်းရှုပ်ထွေးစေခြင်းတို့အပေါ် မတုန်မလှုပ် သည်းခံနိုင်ပေသည်ဟု စံနမူနာပြုတတ်ကြသည်။ အရာရာကိုသည်းခံနိုင်ပြီးအများအကျိုးသယ်ပိုးသူများကို မြေသားဆန်သည်ဟုအမွှန်းတင်ပြောဆိုရလောက်အောင် မြေကြီးသည်အရေးပါခဲ့သည်။ မြေကိုအမှီပြုနေထိုင်ကြရပြီး ပတ်ဝန်းကျင်အပေါ်၊ လောကအပေါ်ကျေးဇူးပြန်လည်မတုန့်ပြန်နိုင် သိတတ်မှုမရှိသူများအား အလကား ဆန်ကုန်မြေလေးတွေ ဟု ကဲ့ရဲ့ရှုံ့ချသောအမြင်ရှိတတ်ကြပြီး ရေမြေတောတောင်သဘာဝအရင်းအမြစ်များအပေါ် တန်ဖိုးထားတတ်ကျေးဇူးပြုတတ်သူများကို ချီးမွမ်းကြသည်။ မြေဓါတ်ကို မြန်မာတို့က လောကရှိအခြေခံအကျဆုံးဓါတ်သဘာဝ လေးခုအနက် တစ်ခုအဖြစ်မှတ်ယူတတ်ကြပြီး စိန့်တိုင်းသားပေါက်ဖေါ်များကမူ အခြေခံအကျဆုံး ဓါတ်ကြီး ငါးခုအနက်မှတစ်ခုအဖြစ်သတ်မှတ်ကြသည်။ (ယင်းဓါတ်ကြီးလေးပါး တို့မှာ ရေဓါတ်၊ မြေဓါတ်၊ လေဓါတ်၊ မီးဓါတ် တို့ဖြစ်ပြီး ငါးပါးယူဆသူတို့မှာ သတ္တုဓါတ်ကို မြေဓါတ်မှသီးခြားခွဲ၍ ရှုမြင်ကြခြင်းဖြစ်သည်။)


ဂရိ နှင့် ရောမ အယူဝါဒ[ပြင်​ဆင်​ရန်​]

ဂရိ ရှေး ဖီလိုဆိုဖီ နှင့် သိပ္ပံ အယူအဆ အရ မြေ သည် ဓာတ်ကြီး လေးပါး ၌တစ်ပါး အပါအဝင် ဖြစ်သည်။ ၄င်းသည် လက်တွေ့ကြခြင်း၊ ခုခံခြင်း နှင့် ဒြပ်ဝတ္တု သဘောကို ဆောင်သည်။ ထို့အပြင် သတ္တဝါ တို့ ခံစားရေး ရုပ်ကမ္ဘာလည်း ဖြစ်သည်။

အိန္ဒိယ အယူဝါဒ[ပြင်​ဆင်​ရန်​]

ဟိန္ဒူဘာသာဖြင့် Prithvi (Sanskrit: pṛthvī, also pṛthivī) သည် ကမ္ဘာမြေ သို့ အမိ ဘုရား (mother goddess) ဟု အဓိပ္ပါ ယ်ရသည်။