မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပီထရိုနပ်စ် တွင် တာဝါသည် ၁၉၉၈ မှ ၂၀၀၄ ခုနှစ် အထိ ကမ္ဘာပေါ်တွင် အမြင့်ဆုံး အဆောက်အအုံ ဖြစ်သည်။

မြို့ပြအင်ဂျင်နီယာ ဘာသာရပ်ဆိုသည်မှာ ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာ ဘာသာရပ်တစ်ခုဖြစ်ပြီး တံတားများ၊ လမ်းများ၊ တူးမြောင်းများ၊ ဆည်များ၊ အဆောက်အဦးများ စသည့် ဆောက်လုပ်ရေး လုပ်ငန်းများကို ဒီဇိုင်းထုတ်ခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း တို့နှင့် ပတ်သက်သော ပညာရပ်တစ်ခု ဖြစ်သည်။[၁][၂][၃] မြို့ပြ အင်ဂျင်နီယာ အတတ်ပညာ သည် စစ်ရေး အင်ဂျင်နီယာ အတတ်ပညာ (military engineering) ပြီးလျှင် ရှေးအကျဆုံး အင်ဂျင်နီယာ ဘာသာရပ်တစ်ခု ဖြစ်သည်။ [၄] ပုံမှန်အားဖြင့် မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်ကို အစိတ်အပိုင်းများ ထပ်မံခွဲခြားထားပြီး ၄င်းတို့မှာ ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် (environmental engineering)၊ ဘူမိနည်းပညာ အင်ဂျင်နီယာ ဘာသာရပ် (geotechnical engineering)၊ ပုံသဏ္ဍာန် ဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် (structural engineering)၊ သယ်ယူပို့ဆောင်ရေး ဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် (transportation engineering)၊ မြူနီစီပါယ် သို့ မြို့ပြဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် (municipal or urban engineering)၊ ရေအရင်းအမြစ်ဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် (water resources engineering)၊ မက်တီးရီးယဲလ် သိပ္ပံ (materials science)၊ ကမ်းရိုးတန်းဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် (Coastal Engineering)၊[၅] ကွင်းဆင်းတိုင်းတာခြင်း (surveying) နှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဘာသာရပ် (construction engineering) [၆] စသည်တို့ ဖြစ်ကြသည်။ မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်သည် အများပြည်သူနှင့် ဆိုင်ရာတွင် စည်ပင်သာယာ ကဏ္ဍမှနေ၍ အစိုးရ အထိ အဆင့်အသီးသီးတွင် ပါဝင်ပတ်သက်နေပြီး ပုဂ္ဂလိက ဆိုင်ရာတွင် အိမ်ပိုင်ဆိုင်သူ တစ်ယောက်ချင်းမှ နိုင်ငံတကာ ကုမ္ပဏီများ အထိ ပါဝင်ပတ်သက်နေတတ်သည်။

Structural Analysis ဆောက်လုပ်ရေးခွဲခြမ်းလေ့လာမှုပညာ နက်နက်ရှိုင်းရှိုင်းနားလည်ရန်လိုအပ်သည့် နိုင်ငံတကာအာကာသစခန်း ကဲ့သို့သော ရှုပ်ထွေးတည်ဆောက်မှုပုံစံဒီဇိုင်း

မြို့ပြ အင်ဂျင်နီယာ အလုပ်၏ သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

မြို့ပြအင်ဂျင်နီယာကျွမ်းကျင်မှု ပရော်ဖက်ရှင်သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

မြို့ပြအင်ဂျင်နီယာပရောဖက်ရှင်(ကျွမ်းကျင်မှု)သည် လူသားတို့စတင်မွေးဖွားလာစဉ်ကတည်းက ဘဝအသိပေးပညာတစ်ခုဖြစ်သည်။ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်၏ အစောဦးဆုံးလက်တွေ့လုပ်ငန်းကို ဘီစီ ၂ဝဝဝ မှ ၄ဝဝဝ အကြား ရှေးဟောင်းအီဂျစ်ပြည်နှင့် မက်ဆိုပိုတေးမီးယား(ရှေးခေတ်အီရတ်ပြည်)တွင် အစပြုခဲ့သည်။ ၄င်းကာလမှာ လူသားများ ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာ နေထိုင်ရပ်တည်မှုကို စတင်စွန့်လွှတ်ပြီး၊ နေစရာနေရာဆောက်လုပ်ဖို့အတွက် အနည်းငယ်ကို စတင်ဖန်တီးချိန်ဖြစ်သည်။ ၄င်းကာလအတောအတွင်းတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းသည်လည်း ဘီးပေါ်ပေါက်ဖွံဖြိုးလာမှုနှင့် ရွက်လွှင့်ခြင်းတို့၏ဖွံ့ဖြိုးမှုဆီသို့ ဦးတည်စေလျက် တိုးတက်စွာပင် အရေးပါလာခဲ့သည်။

ခေတ်မီကာလများတိုင်အောင်(ခေတ်မီလာကြသည့်တိုင်အောင်) မြို့ပြအင်ဂျင်နီယာ ဘာသာရပ်နှင့် ဗိသုကာပညာရပ်အကြား သိသာထင်ရှားသည့် ကွဲပြားချက် ရှင်းရှင်းလင်းလင်း မရှိခဲ့သေးချေ။ အင်ဂျင်နီယာဆိုသော စကားလုံးဝေါဟာရ အသုံးအနှုန်းနှင့် ဗိသုကာပညာရှင်ဟူသော ဝေါဟာရတို့သည်ပင်လျှင် အဓိကအားဖြင့် ပထဝီသွင်ပြင်ဗေဒအရ ပြောင်းလဲရွေ့လျောလာမှုသက်သက်လိုသာဖြစ်ပြီး၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းကိုပင် ရည်ညွှန်းသုံးနှုန်း ခေါ်ဝေါ်ခဲ့ကြပြီး၊ မကြာခဏလိုလိုတော့ တစ်လှည့်စီသုံးစွဲခဲ့ကြသည်။ ဘီစီ ၂၅ဝဝ မှ ၂၇ဝဝ အကြား အီဂျစ်ပြည်တွင် ပိရမစ်များတည်ဆောက်မှုကို ကြီးမားသည့်ဖွဲ့စည်းပုံ ဆောက်လုပ်မှုများ၏ ပထမအဦးဆုံး ဥပမာများအဖြစ် ရှုမြင်သုံးသပ်နိုင်သည်။ အခြား ရှေးဟောင်းသမိုင်းဝင် မြို့ပြအင်ဂျင်နီယာပညာရပ်ဖြင့် ဆောက်လုပ်မှုများတွင် (၇၁ ကီလိုမီတာကျော်ရှည်လျားပြီး၊ နှစ်ပေါင်းသုံးထောင်ကျော် သက်တမ်းရှိသည့် ရှေးအကျဆုံးတစ်ခုဖြစ်သော) ကာနတ်ရေပေးဝေရေးစနစ်၊ ရှေးဟောင်းဂရိပြည်(၄၄၇-၄၃၈ ဘီစီ)တွင် အစ်က်တီးနိုးများ၏ ပါသယ်နွန်၊ ရောမအင်ဂျင်နီယာများ(၃၁၂ ဘီစီ)၏ အက်ပီယန်လမ်းမ၊ ချင်မင်းဆက်လက်ထက်(၂၂ဝ ဘီစီ)တွင် ချင်ဧကရာဇ်၏အမိန့်ဖြင့် ဗိုလ်ချုပ်မန်တိုင်းဆောက်လုပ်ခဲ့သည့် တရုတ်ပြည်၊ မဟာရံတံတိုင်းကြီးနှင့် ရှေးသီရိလင်္ကာတွင် တည်ဆောက်ခဲ့သည့် ဇေတဝနရာမယကဲ့သို့သော အဆောက်အအုံများနှင့် အနုရာဓပူရမြို့ရှိ တဆန့်တလျား ရေသွင်းလုပ်ငန်းများတို့ ပါဝင်သည်။ ရောမလူမျိုးများသည် ၄င်းတို့၏အင်ပါယာခေတ်တစ်လျှောက်လုံး အထူးသဖြင့် ရေသွယ်မြောင်းများ၊ ကျွန်းများ၊ ဆိပ်ကမ်းများ၊ တံတားများ၊ ရေကာတာရေတား ဆည်မြောင်းများနှင့် လမ်းများအပါအဝင် မြို့ပြဆောက်အုံများ၊(ဝါ) မြို့ပြတည်ဆောက်မှုများကို ဖွံ့ဖြိုးတိုးတက်စေခဲ့ကြသည်။

လီယွန်ဟဒ် အူလာ Leonhard Euler သည် တိုက်/အိမ်များရှိ (ကော်လံ)တိုင်များ၏ ခါးပတ်စည်း ကြိုးကွင်းသီအိုရီကို ပေါ်ပေါက်စေသည်။ ‎

တိုက်/အိမ်များရှိ (ကော်လံ)တိုင်များ၏ ခါးပတ်စည်း ကြိုးကွင်းသီအိုရီကို ဖော်ထုတ်ခဲ့သည့် လီယွန်ဟဒ် အူလာ Leonhard Euler

Galileo Galilei ဂလယ်လီယို ဂလယ်လေသည် ရိုးရှင်းဆောက်အုံများ၏အားနည်းရှုံးနိမ့်မှုကို သူကိုယ်တိုင်စစ်ဆေးထားသည့် သိပ္ပံပညာသစ်နှစ်ရပ် စာအုပ်ကို ထုတ်ဝေခဲ့သည်။

အဆောက်အအုံရိုးရိုးများ၏ အားနည်းရှုံးနိမ့်မှုကို ကိုယ်တိုင်လေ့လာစစ်ဆေးလျက် သိပ္ပံပညာသစ်နှစ်ရပ် စာအုပ်ကို ထုတ်ဝေခဲ့သူ ဂလယ်လီယို ဂလယ်လေ

Isaac Newton အိုင်ဆက်နယူတန်သည် နယူတန်ရွေ့လျားမှုနိယာမများပါဝင်သည့် '"Philosophiae Naturalis Principia Mathematica"' စာအုပ်ကို ထုတ်ဝေခဲ့သည်။

အာခီးမီးဒီးစ် က မြို့ပြအင်ဂျင်နီယာပညာရပ်သို့ သမိုင်းဝင်ဖြန့်ဝေမှု ပေးဝေမှုတစ်ခုလုပ်ခဲ့သည်။ အာခီးမီးဒီးစ်ဝက်အူကို လက်လုပ် လုပ်ဆောင်ပြခဲ့ပြီး၊ ရေကို လုံလုံလောက်လောက် မြင့်တက်စေနိုင်ခဲ့သည်။

၁၈ ရာစုနှစ်တွင် မြို့ပြအင်ဂျင်နီယာဆိုသော ဝေါဟာရအသုံးအနှုန်းကို စစ်ဘက်အင်ဂျင်နီယာဘာသာရပ်ကို ဆန့်ကျင်လျက်၊ အရပ်သားများက အားလုံးပေါင်းစုမိစေရန် စကားလုံးအသစ်ထွင်ခဲ့ကြသည်။ ပထမဦးဆုံး မိမိကိုယ်မိမိ မြို့ပြအင်ဂျင်နီယာဟု အခိုင်အမာဝန်ခံပြောဆိုသူမှာ အက်ဒီစတုံးမီးပြတိုက်ကို ဆောက်လုပ်ခဲ့သည့် ဂျွန် စမဲယာတန် John Smeaton ဖြစ်သည်။ ၁၇၇၁ ခုနှစ်တွင် စမဲယာတန်နှင့် သူ၏တက္ကသိုလ်ကျောင်းနေဖက်အချို့တို့သည် ပရောဖက်ရှင်(ကျွမ်းကျင်မှု)ခေါင်းဆောင်များအုပ်စုတစ်စုဖြစ်သော မြို့ပြအင်ဂျင်နီယာများ၏ စမဲယာတန်နီးယန်းလူ့အဖွဲ့အစည်းဆိုသည်ကို သာမန်တွေ့ဆုံကြကာ ညစာစားအပြီး ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ နည်းပညာဆိုင်ရာအစည်းအဝေးများအချို့၏ သိသာထင်ရှား ထူးခြားလာမှုရှိခဲ့သော်လည်း လူမှု့အဖွဲ့အစည်းတစ်ခုထက်ပင် နည်းနေခဲ့သေးသည်။

၁၈၁၈ ခုနှစ်တွင် (ယနေ့ခေတ် ထင်ရှားသော) မြို့ပြအင်ဂျင်နီယာများအဖွဲ့ကို လန်ဒန်မြို့တွင် တည်ထောင်ဖွဲ့စည်းခဲ့ကြပြီး၊ ၁၈၂ဝ တွင် ထင်ရှားကျော်ကြားသည့် အင်ဂျင်နီယာ သောမတ်စ် တဲယ်လ်ဖို့ဒ် က ၄င်းအဖွဲ့အစည်း၏ ပထမဦးဆုံးဥက္ကဋ္ဌဖြစ်လာခဲ့သည်။ အဖွဲ့ကြီးသည် တော်ဝင်ခွင့်ပြုချက်ကို ၁၈၂၈ ခုနှစ်တွင် ရရှိခဲ့ပြီး၊ တရားဝင်ပုံမှန် ကျွမ်းကျင်မှု(ပရော်ဖက်ရှင်)တစ်ခုအဖြစ် မြို့ပြအင်ဂျင်နီယာကို အသိအမှတ်ပြုပေးခဲ့သည်။ ၄င်းခွင့်ပြုချက် ချာတာ(အသိအမှတ်ပြုစာတမ်း)က မြို့ပြအင်ဂျင်နီယာကို အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်လျက် အသိအမှတ်ပြုခဲ့သည်။

နိုင်ငံတော်၏ပြည်နယ်များ၊ နိုင်ငံများတွင် အတွင်းအပြင် ကုန်ကူးသန်းရောင်းဝယ်မှုနှစ်ခုလုံးအတွက် ယာဉ်လမ်းကြောင်းထုတ်လုပ်မှုနည်းလမ်းများအဖြစ်၊ ပြည်တွင်းစီးပွားကူးသန်းရေးနှင့် ဖလှယ် လဲလှယ်မှုအတွက် လမ်းများ၊ တံတားများ၊ ရေသွယ်မြောင်းများ၊ ဥမင်လိုဏ်ခေါင်းများ၊ မြစ်ရေသွင်းနှင့် သင်္ဘောကျင်းများတည်ဆောက်ရေးတွင် အသုံးပြုပြီး၊ ဆိပ်ကမ်း(ဆိပ်ကမ်းမြို့)များ၊ သင်္ဘောဆိပ်များ၊ ကုန်းများ/ကျင်းများ၊ ရေကာတာ တာရိုးများနှင့် မီးပြတိုက်များတည်ဆောက်ရေး၊ ထိန်းကျောင်းမောင်းနှင်ရေးလုပ်ဆောင်မှု၊ အစိုးရအဖွဲ့လုပ်ငန်းများ၏ အသုံးပြုမှုနှင့်တည်ဆောက်ရေး၊ မြို့ကြီးမြို့ငယ်များ၏ ရေစီးဆင်းမှုစသည့် ဖန်တီးစွမ်းအားများဖြင့် စီးပွားကူးသန်းရေးရည်ရွယ်ချက်များအတွက် လူတို့၏သက်သာစွာနေထိုင်မှုနှင့် အသုံးပြုမှုအတွက် သဘာဝ၏ထူးခြားကြီးမြတ်သည့်ရင်းမြစ်များကို ညွှန်ကြားသည့် လုပ်ဆောင်မှု ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် မြို့ပြအင်ဂျင်နီယာပညာရပ်သင်ကြားရန် ပထမဆုံး ပုဂ္ဂလိကကောလိပ်မှာ ၁၈၁၉ ခုတွင် ကပ္ပတိန် အဲယ်လ်ဒန် ပါ့တ်ထရေ့ဂျ် တည်ထောင်ခဲ့သည့် နော်ဝစ်ရှ်တက္ကသိုလ် Norwich University ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး မြို့ပြအင်ဂျင်နီယာပညာရပ် (ဝါ) မြို့ပြအင်ဂျင်နီယာဘာသာရပ်ဘွဲ့ကို ၁၈၃၅ ခုနှစ်တွင် ရန်စ်ဆဲယ်လ်လေယာ ပိုလီတက္ကနစ်ကျောင်း Rensselaer Polytechnic Institute ၌ ပေးအပ်ချီးမြှင့်ခဲ့သည်။ ၁၉ဝ၅ ခုနှစ်၌ ကော်နယ်တက္ကသိုလ်က နော်ရာစတန်တန် ဘလတ်ချ်ကို ပထမဦးဆုံး မြို့ပြအင်ဂျင်နီယာအမျိုးသမီးဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့သည်။

မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်၏ သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

မြို့ပြအင်ဂျင်နီယာဘာသာရပ်သည် သိပ္ပံနည်းကျနှင့် ရူပဗေဒနည်းကျ နိယာမများ အသုံးချမှုတစ်ခုဖြစ်ပြီး၊ ၄င်း၏သမိုင်းကြောင်းသည် သမိုင်းကြောင်းတလျောက်လုံး ရူပဗေဒနှင့် သင်္ချာ နားလည်ကျွမ်းကျင်ခြင်းဆိုင်ရာ တိုးတက်မှုများနှင့် ရှုပ်ထွေးစွာ ဆက်နွယ်နေခဲ့သည်။ အကြောင်းမှာ မြို့ပြအင်ဂျင်နီယာသည် မြောက်မြားစွာ ခွဲခြမ်းစိတ်ဖြာထားကာ အထူးပြုထားသည့် နိယာမခွဲများပါဝင်နေလျက်ရှိပြီး တောက်လျှောက် ကျယ်ပြန့်သော အသက်မွေးဝမ်းကျောင်းအလုပ်၊ ကျွမ်းကျင်မှုတစ်ခုဖြစ်ကာ၊ ၄င်း၏သမိုင်းကြောင်းသည် ဖွဲ့စည်းတည်ဆောက်ပုံများ၊ ဒြပ်ဝတ္ထုသိပ္ပံဗေဒ၊ ပထဝီဗေဒ၊ ဘူမိဗေဒ၊ မြေဆီလွှာများ၊ ဟိုက်ဒရိုလိုဂျီ ရေဗေဒ၊ သဘာဝပတ်ဝန်းကျင်၊ မက္ကင်းနစ် ရုပ်ဝတ္ထု/စက်ယန္တရား ဗေဒနှင့် အခြားနယ်ပယ်များမှ အသိပညာများနှင့် ဆက်စပ်နေသောကြောင့်တည်း။ ရှေးဟောင်း ဥရောပအလယ်ခေတ်တလျောက်လုံး ဗိသုကာဒီဇိုင်းနှင့် ဆောက်လုပ်ရေးကို ကျောက်ပန်းရံများနှင့် လက်သမားများကဲ့သို့သော လက်မှုပညာသည်များ ကျွမ်းကျင်ဆောက်လုပ်ရေးလုပ်သားကဏ္ဍကို မြှင့်တင်လျက် လုပ်ဆောင်ခဲ့ကြသည်။ အသိပညာကို အဖွဲ့အစည်းများတွင် လက်ရှိထိန်းသိမ်းထားခဲ့ကြပြီး၊ ရံဖန်ရံခါလည်း တိုးတက်မှုများက ကျော်တက်ခဲ့သည်။ ရှိပြီးသား တည်ဆောက်မှုများ၊ လမ်းများနှင့် နိုင်ငံ့အခြေခံအဆောက်အအုံများသည် ထပ်ထပ်ရှိပြီး၊ နှုန်းထားမြင့်တက်ခဲ့သည်များမှာ အကျိုးအမြတ်တိုးပွားခဲ့သည်။ မြို့ပြအင်ဂျင်နီယာနှင့် သင့်လျော်ကိုက်ညီသော ရူပဗေဒနှင့် သင်္ချာဆိုင်ရာ ပြဿနာများကို သိပ္ပံနည်းကျချဉ်းကပ်မှု အစောဆုံးဥပမာများထဲကတစ်ခုမှာ ဘီစီ၃ရာစုက ရေပေါ်ပေါလောပေါ်မှုကို နားလည်အောင် ရှင်းပြသည့် အာခီးမီးဒီးနိယာမနှင့် အာခီးမီးဒီး၏ဝက်အူ ကဲ့သို့သော လက်တွေ့ဖြေရှင်းချက်များအပါအဝင် အာခီးမီးဒီး(စ်)၏လုပ်ဆောင်ချက်ဖြစ်သည်။ အိန္ဒိယသင်္ချာပညာရှင် ဘရမ်မာဂုပ္တက အေဒီ၇ရာစုတွင် မြောင်းတူးခြင်းထုထည်တွက်ချက်မှုများအတွက် ဟိန္ဒူ-အာရေဗျ ကိန်းဂဏန်းများကိုအခြေခံလျက် ဂဏန်းသင်္ချာကိုအသုံးပြုခဲ့သည်။

မြို့ပြအင်ဂျင်နီယာ၏အကြီးမားဆုံး အရေးကြီးဖြစ်ရပ်များထဲမှတစ်ခုဖြစ်သည့် ဂက်စတေ့ဗ် အီဖယ် ဒီဇိုင်းပုံထုတ်ခဲ့သော ပြင်သစ်နိုင်ငံ၊ အီဖယ်မျှော်စင်

ကိုးကား[ပြင်​ဆင်​ရန်​]

  1. The American Heritage Dictionary of the English Language, Fourth Edition. Houghton Mifflin Company, 2004. [၁] (accessed: 2007-08-08).
  2. History and Heritage of Civil Engineering. ASCE. Retrieved on 2007-08-08
  3. Institution of Civil Engineers What is Civil Engineering. ICE. Retrieved on 2007-09-22
  4. Civil engineering. Encyclopædia Britannica. Retrieved on 2007-08-09
  5. What is Civil Engineering?. The Canadian Society for Civil Engineering. Retrieved on 2007-08-08
  6. Oakes, William C. (2001). Engineering Your Future. Great Lakes Press. ISBN 1-881018-57-1.