မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်
မြို့ပြအင်ဂျင်နီယာ ဘာသာရပ်ဆိုသည်မှာ ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာ ဘာသာရပ်တစ်ခုဖြစ်ပြီး တံတားများ၊ လမ်းများ၊ တူးမြောင်းများ၊ ဆည်များ၊ အဆောက်အဦးများ စသည့် ဆောက်လုပ်ရေး လုပ်ငန်းများကို ဒီဇိုင်းထုတ်ခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း တို့နှင့် ပတ်သက်သော ပညာရပ်တစ်ခု ဖြစ်သည်။[၁][၂][၃] မြို့ပြ အင်ဂျင်နီယာ အတတ်ပညာ သည် စစ်ရေး အင်ဂျင်နီယာ အတတ်ပညာ (military engineering) ပြီးလျှင် ရှေးအကျဆုံး အင်ဂျင်နီယာ ဘာသာရပ်တစ်ခု ဖြစ်သည်။ [၄] ပုံမှန်အားဖြင့် မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်ကို အစိတ်အပိုင်းများ ထပ်မံခွဲခြားထားပြီး ၄င်းတို့မှာ ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် (environmental engineering)၊ ဘူမိနည်းပညာ အင်ဂျင်နီယာ ဘာသာရပ် (geotechnical engineering)၊ ပုံသဏ္ဍာန် ဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် (structural engineering)၊ သယ်ယူပို့ဆောင်ရေး ဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် (transportation engineering)၊ မြူနီစီပါယ် သို့ မြို့ပြဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် (municipal or urban engineering)၊ ရေအရင်းအမြစ်ဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် (water resources engineering)၊ မက်တီးရီးယဲလ် သိပ္ပံ (materials science)၊ ကမ်းရိုးတန်းဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် (Coastal Engineering)၊[၅] ကွင်းဆင်းတိုင်းတာခြင်း (surveying) နှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဘာသာရပ် (construction engineering) [၆] စသည်တို့ ဖြစ်ကြသည်။ မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်သည် အများပြည်သူနှင့် ဆိုင်ရာတွင် စည်ပင်သာယာ ကဏ္ဍမှနေ၍ အစိုးရ အထိ အဆင့်အသီးသီးတွင် ပါဝင်ပတ်သက်နေပြီး ပုဂ္ဂလိက ဆိုင်ရာတွင် အိမ်ပိုင်ဆိုင်သူ တစ်ယောက်ချင်းမှ နိုင်ငံတကာ ကုမ္ပဏီများ အထိ ပါဝင်ပတ်သက်နေတတ်သည်။
[ပြင်ဆင်ရန်] မြို့ပြ အင်ဂျင်နီယာ အလုပ်၏ သမိုင်းကြောင်း
[ပြင်ဆင်ရန်] မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်၏ သမိုင်းကြောင်း
[ပြင်ဆင်ရန်] ကိုးကား
- ↑ The American Heritage Dictionary of the English Language, Fourth Edition. Houghton Mifflin Company, 2004. [၁] (accessed: 2007-08-08).
- ↑ History and Heritage of Civil Engineering. ASCE. Retrieved on 2007-08-08။
- ↑ Institution of Civil Engineers What is Civil Engineering. ICE. Retrieved on 2007-09-22။
- ↑ Civil engineering. Encyclopædia Britannica. Retrieved on 2007-08-09။
- ↑ What is Civil Engineering?. The Canadian Society for Civil Engineering. Retrieved on 2007-08-08။
- ↑ Oakes, William C. (2001). Engineering Your Future. Great Lakes Press. ISBN 1-881018-57-1.