မြန်မာ့ သိုင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မြန်မာ့ သိုင်းရေးပြနေပုံ

မြန်မာနိုင်ငံတွင် အစပြု ထွန်းကားသော ကိုယ်ခံပညာရပ် များအားလုံးကို မြန်မာသိုင်း ဟုခေါ်သည်။ မြန်မာသိုင်းဟု ဆိုရာတွင် ဗမာလူမျိုးများ၏ ကိုယ်ခံပညာရပ်များသာမက အခြားသော တိုင်းရင်းသား ပေါင်းစုံတို့၏ ရိုးရာ ကိုယ်ခံပညာရပ် များပါ ပါဝင်ပြီး ဒေသ၊ ကျောင်း အစရှိသည် တို့ပေါ် မူတည်၍ အမျိုးမျိုး ကွဲပြား ကြသည်။ ထင်ရှားသော သိုင်းအချို့မှာ ဗန်တိုဗန်ရှည်နန်းတွင်းသိုင်းရှမ်းသိုင်း၊ ဘုန်းကြီးသိုင်း၊ မင်းဇင်သိုင်းပြောင်းပြန် အစရှိသည်တို့ ဖြစ်သည်။

စကားလုံးရင်းမြစ်နှင့် အနက်[ပြင်​ဆင်​ရန်​]

သိုင်း၏အနက် အဓိပ္ပယ်မှာ "သ" ပြုပြင်ခြင်း ခြယ်သခြင်း၊ "သိ" သိမြင်ခြင်း နားလည်ခြင်း၊ "သို" သိမ်းဆည်းခြင်း သိုမှီးခြင်း သိုဝှက်ခြင်း၊ "သိုင်း" သိုင်းဝန်းခြင်း ခြုံလွှမ်းခြင်း ရစ်သိုင်းခြင်း ဟူ၍ဖြစ်သည်။ ရှေးမြန်မာဘုရင်များ လက်ထက် မင်းခန်း မင်းနား များတွင် သိုင်းတုတ်ကိုင် ကာ စောင့်ရှောက် ပေးရပြီး ရှေ့မှ စောင့်ရှောက် ပေးရသူကို ရှေ့သိုင်းစောင့်၊ နောက်မှ စောင့်ရှောက် ပေးရသူကို နောက်သိုင်းစောင့် ဟုခေါ်သည်။သိုင်းဆိုသည်မှာ ကျော်လွှားခြင်းဟုလည်း နားလည်ရပေမည်။

ဆရာဂျပ်ဆင်၏ မြန်မာ အင်္ဂလိပ် အဘိဓာန်၌ သိုင်းကို မင်းသုံးနန်းသုံး အဆောင်အယောင်တုတ်ဟု အဓိပ္ပာယ်ပေးထားပြီး။ သိုင်းက၊ သိုင်းကစား၊ သိုင်းကွက်၊ သိုင်းတက်၊ သိုင်းရိုက်ကို ရန်ကိုရှင်းလင်းခြင်း၊ ရန်ကို ခုခံကာကွယ် တိုက်ခိုက်ခြင်းအတတ်ပညာနှင့်ဆိုင်သော လှုပ်ရှားမှုများဟု အဓိပ္ပာယ်ပေးထားပေသည်။

မြန်မာ့သိုင်းပညာသမိုင်း[ပြင်​ဆင်​ရန်​]

မြန်မာ့သိုင်းပညာရပ်သည် လက်နက်မဲ့ဖြစ်စေ၊ လက်နက်ချင်းဖြစ်စေ တိုက်ခိုက်မှု နည်းစနစ်ပေါင်းစုံ ရှိနေပါသည်။ အခြားနိုင်ငံများတွင် မရှိတဲ့နည်းစနစ်များ ရှိနေသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။ ယနေ့ခေတ်တွင် မြန်မာ့သိုင်းပညာကို လာရောက်လေ့လာသည့် ပြည်ပ ဧည့်သည်များ တစ်ဖွဲဖွဲ ရောက်ရှိ၍နေကြသည်။ မြန်မာ့သိုင်းပညာကို လာရောက်သင်ယူနေကြသူများ ရှိသကဲ့သို့ သက်သက် လေ့လာသူတွေလည်း ရှိနေပါ သည်။ ဒေါက်တာမောင်ကြီး ဆိုသည့် မြန်မာနိုင်ငံသား သိုင်းပညာရှင် တစ်ဦးသည် အမေရိကန်နိုင်ငံတွင် အမေရိကန်ဗန်တိုအသင်း ဆိုသည့် အဖွဲ့အစည်းတစ်ရပ်အား ဖွဲ့စည်းပြီး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် နေပါသည်။[၁]

မြန်မာသိုင်းပညာ၏ သက်တမ်းသည်အလွန်ရှည်ကြာခဲ့ပြီဖြစ်သည့်အလျောက် နည်းနိသျှည်းနှင့် နည်းပရိယာယ်များ၊ ကြွယ်ဝများပြား လှသည်။ ရှေးခေတ်က မြန်မာ ဘုရင် မိဖုရားများ၊ အိမ်ရှေ့စံမင်းသား မင်းသမီးများ အခမ်းအနား အဆောင်အယောင်နှင့် ထွက်ကြွ မြန်းချီသည့်အခါများတွင် ရှေ့မှတုတ်ကိုင်၍ စောင့်ရှောက်လမ်းရှင်းပေးရသူ၊ နောက်မှတုတ်ကိုင်၍ အကာအ ကွယ်ပေးရသူများ လိုက်ပါကြရသည်။ ထိုသူများကို သိုင်းကိုင်များဟု ခေါ်သည်။ ရှေ့မှတုတ်ကိုင် အစောင့်အရှောက်များပါသည် ကို ရှေ့သိုင်း ဟုခေါ်သည်။ နောက်မှတုတ်ကိုင် အစောင့်အရှောက်များပါသည်ကို နောက်သိုင်း ဟုခေါ်သည်။

ဘုရင်၊ မိဖုရား၊ မင်းသား၊ မင်းသမီးတို့ ထွက်ချီကြွမြန်းလာသည့်အခမ်းအနားများတွင်သာမက ဘုရင်မင်းမြတ် အသုံးပြုရန် ရေခတ်လာသည့်အခါ ဖြစ်စေ ရှေ့သိုင်း နောက်သိုင်း ဝန်းရံ ယူဆောင်လာ တတ်ကြောင်း စာပေ အထောက်အထားများ၌ တွေ့ရလေသည်။

ဤသို့ ဘုရင်မင်းမြတ်အသုံးပြုရန် ရေခတ်ပုံနှင့် စပ်လျှဉ်း၍ ရကန်ဆရာကြီး ဦးတိုးက သူ၏ ရာမရကန် အခန်း၅ ဝတ်လဲတော်ချီး၊ သံတမန်စေခန်း၌ ဓရေချင်းပင်ရေသော်လည်း၊ ချိုးရေ၊ သောက်ရေ၊ သုံးရေများလည်းတစ်ဌာန။ ။ရှေ့သိုင်း၊ နောက်သိုင်း မထိုင်ကိုင်းရမည်၊ မင်းသိုင်းမင်းရေ၊ ဟဲ့ထိုင်လေ သားနှင့်၊ ညနေချိန်တန်၊ ရွှေနန်းပြန်တို့၊ မာန်ဘရချာ၊ ငါ့ပွဲကတော့၊ ဘော်ကြော့လူဆန်း၊ ချိုးရေထမ်း လို့၊ စိတ်ကြမ်းခံရာ တွငိ၊နံတိုကိုင်းရအောင်၊ ရွှေသိုင်းတော်နှင့်ချလိမ့်။ အကြောင်းကိုပြ ဘယ့်နှယ် ကာလလို့၊ အကျိုးအရနားလည်စေ။ စာတော်လူတော် ရွှေသိုင်းတော်ကို ညာတော်သော၊ ဘယ်တော် သော၊ ငါတော်၍ကောသလ၊ ငါတော့ကျောကို၊ ဗျောလိုက်အောင်ချိုင်၊ သိုင်းတော်က ကိုင်သောအခါ၊ ဂုဏ်ခိုင်သည်ငါတော်၊ ဘေးတော်ခေါ်၍၊ ကျောတော်မှုန့်မှုန့်ကြေလိမ့်ဟူ၍ မိမိရကန်ရှေ့သိုင်း နောက် သိုင်းနှင့် ဝန်းရံသယ်ဆောင်ရသော မင်းရေနှင့်နှိုင်း၍ တစ်ပါးသောရကန်များကို ပွဲကတော့်ချိုးရေထမ်းများ အနေနှင့် ကန်ကျောက်စပ်ဆိုထားသည်ကို တွေ့ရလေသည်။

ထိုမျှမကသေး၊ ရှေးအခါက ဘုရင်မင်းမြတ်အားဆက်သရန် သန့်စင်ပန်းကိုပင် သိုင်းအခြံ အရံ နှင့်သယ်လာရကြောင်းကို ရာမရကန်အခန်း၁၄ သဇင်ပန်းချီး တိုင်းပြည်ပြန်တောခန်း၌ ပ္ပပါရမီဂုဏ်၊သင့်ယုံဟုတ်ဘူး၊ကံထူးသည့်ပန်း၊လမ်းချဲ့ချူ့၊မချဲ့ချဲ့ ဆုတ်ဟဲ့ဘဲဆိုဆို၊ မဆိုဘဲလာလာသူမို့ပါလျှင် ရွှေအာဏာခေါင်၊ သိုင်းပြောင်ပြောင်နှင့်၊ ရှောင်ရသည်၊ လွှဲရသည်၊ ပန်းများဘုရင်ကို ဟူ ၍၄င်း ထိုပြင် နန်းတွင်းသူကလေး အဆောင်အယောင်နှင့် ထွက်ချီလာပုံကို ဓရွှေနန်းတော်သူ၊ နေမပူ လေမလျှပ်၊ ထူးမြတ်သည့်ပါရမီ၊ ကျောက်စီယာဉ်စီး၊ ရွှေထီးဆာင်းမျိုး၊ ရိုးဆင့်ရွက်ဆင့်၊ မိုးလောက် မြင့်၊ သိုင်းနှင့် ကျိုင်းနှင့်လာသကိုဓဟူ၍၄င်း စပ်ဆိုခဲ့ပေသည်။

ယင်းအထောက်အထားများအရ လမ်းရှင်းလင်းခြင်းနှင့် ဘေးရန်ရှင်းလင်းကာကွယ် တိုက်ခိုက် ခြင်းများအတွက် အသုံးပြုသည့် ထီးသုံးနန်းသုံး အဆောင်အယောင်အခမ်းအနားတုတ်ကို ရှေးအခါက သိုင်းဟု ခေါ်ဆိုကြကြောင်း သိသာလေသည်။

ယခုမျက်မှောက်ခေတ်၌ပင် ဘာသာရေး၊ သာသနာရေး၊ မင်းခန်းမင်းနန်းများတွင် သိုင်း၊ ကျိုင်း ဟူသောအဆောင်အယောင်ပစ္စည်းများကို တွေ့ရှိကြရသည့်အနက် တောက်ပြောင်သည့် အဖိုးတန် ပိုးဖဲစများအထိပ်၌ ချည်ထားသော မှန်စီရွှေချတုတ်ကို ဓသိုင်းဟုဓ ခေါ်ဝေါ်ကြသည်ဟု သိရှိရလေသည်။ သိုင်းကိုင်သည် တုတ်ကိုင်နည်း၊ အသုံးပြုနည်းများကို ကျွမ်းကျင်သူဖြစ်ကြရသည်။ အရှင်သခင် အတွက်ပေါ်ပေါက်လာသောရန်သူကို ထိုသိုင်း(တုတ်)နှင့် ကောင်းစွာအကာအကွယ်ပေးနိုင်သူလည်း ဖြစ်ကြရသည်။ ထိုသည်ကိုအစွဲပြု၍ သိုင်း(တုတ်)ကိုင်နည်း အသုံးပြုနည်းများ ကျွမ်းကျင်စွာတတ်မြောက် သူကို သိုင်းကိုင်ဟူ၍၄င်း၊ သိုင်းသမားဟူ၍၄င်း၊ သိုင်းတတ်သည်ဟူ၍၄င်း ပြောရိုးပြုကြသည်။ ထိုကဲ့သို့၊ ရန်ကို ကာကွယ်ရှင်းလင်းခြင်း အတွက်၊ အသုံးပြုသည့်တုတ်ကို သိုင်းဟုခေါ်ဆိုကြသည်ကိုအကြောင်းပြု၍ ဓါးဖြင့် ရန်ကိုကာကွယ်ရှင်းလင်းခြင်းအတတ်ကို ဓါးသိုင်း၊ လှံဖြင့် ရန်ကိုကာ ကွယ်ရှင်းလင်းခြင်း အတတ်ကို လှံသိုင်း၊ လက်ဖြင့် ရန်ကိုကာကွယ်ရှင်းလင်းခြင်း အတတ်ကိုလက် သိုင်းဟုအစဉ်အဆက် ခေါ်ဝေါ်လာကြခြင်းဖြစ်သည်ဟု သိရှိရ၏။

၁၈၂၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကျူးကျော်စစ် (၃)ကြိမ်ကြောင့် ဓါး၊ လှံ၊ လက်နက်စွဲကိုင် တော်လှန်ရင်းမှ တိမ်မြုပ်ပျောက်ကွယ်လုနီးနီး ဖြစ်ခဲ့ရသောမြန်မာ့ သိုင်းပညာရပ်သည် ၁၉၂၀ ပြည့်နှစ် ဂျီစီ ဘီအေအဆောက်အဦး၏ အမျိုးသားလှုပ်ရှားမှုများတွင် သိုင်းပညာရှင် ရှမ်းတရုတ် ဦးဘရင်၊ ဦးဘသွင်၊ ဦးမေဓါ တို့က တစ်ဖက်တစ်လမ်းမှပါဝင်ရင်း သိုင်းပညာရပ်များ ပြန့်ပွားခြင်းဖြင့်လုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့ပါသည်။

နယ်ချဲ့ဗြိတိသျှ နှင့် ဖက်ဆစ်ဂျပန်များ အုပ်စိုးစဉ်အခါက သိုင်းပညာ သင်ကြားသူ လူငယ်များနှင့် သိုင်းပညာရှင်များကို ၄င်းတို့အား တော်လှန်ပုန်ကန်မည့် အရေးတွေးကြောက်ကာ မြန်မာ့သိုင်းပညာမပြန့်ပွားစေရေး အတွက် လက်နက် ဥပဒေများ ပြဌာန်းကာ နည်းလမ်းများဖြင့် တားဆီးပိတ်ပင်ခြင်း၊ အရေးယူ ဖမ်းဆီး အပြစ်ပေးခြင်း၊ ၄င်းတို့အား စိုးရိမ် ကြောက်လန့်အောင်ပြုမှုခြင်း စသည်ဖြင့် အမျိုးမျိုးတားဆီး ချိုးနှိမ်ခဲ့ကြပါသည်။

နယ်ချဲ့ကျူးကျော်သူတို့၏ အမျိုးမျိုးသော ဖိနှိပ်မှုများအကြားမှ မျိုးချစ်စိတ်ဓါတ်ထက်သန်သော သိုင်းပညာရှင်များနှင့် လူငယ်များသည် နယ်ချဲ့သမားများမသိမမြင်နိုင် သည့် လူသူ ကင်းဝေးလှသော တောတောင်များတွင်လည်းကောင်း မြေကျင်းများတူး၍ ညအချိန် လူခြေတိတ်ဆိတ်ချိန်များတွင်လည်းကောင်း လျှို့ဝှက်စွာ ဆင့်ပွားသင်ယူကြ ရင်းဖြင့် မြန်မာတို့၏ ကိုယ်ပိုင်ရိုးရာအမွေအနှစ်ဖြစ်သော မြန်မာ့ရိုးရာသိုင်းပညာကို မပျောက်ကွယ်အောင် ထိန်းသိမ်းခဲ့ကြပါသည်။

၁၃၀ဝ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံမှစ၍ သိုင်းပညာရှင်များ၏ ပါဝင်ကြိုးစားမှုကြောင့် ဇာတိမာန်ထက်သန်သော ပြည်သူများအကြားတွင် သိုင်းပညာ ရပ်များ ပြန်လည် ထင်ရှားလာခဲ့ပါသည်။

၁၉၄၂ ခုနှစ်တွင် မြန်မာ့သိုင်းပညာရပ်များ ထင်ထင်ပေါ်ပေါ် ပြန်လည်သင်ကြားနိုင်ခဲ့ပြီး ဂျပန်စစ်သားများ သယ်ဆောင်လာခဲ့သော ပညာရပ်များနှင့်အပြိုင် သင်ကြားကြ ရင်း အာရှလူငယ်ခေတ်တွင် အာရှလူငယ် အသင်းဥက္ကဌ ဦးဘဂျမ်း၊ အာရှလူငယ်အသင်း ဉာဏဗလ တာဝန်ခံဦးဘရှင်(ဗိုလ်မှူးဘရှင်)၊ သိုင်းပညာရှင် ဆရာကြီး ဦးပြည်သိမ်းတို့၏ ဦးဆောင်မှုနှင့် မျိုးချစ်လူငယ်များ၏ စည်းရုံးမှုဖြင့် ဒေါက်တာဘမော်အစိုးရက ၁၉၄၄ခုနှစ် မြန်မာပြည်လုံးဆိုင်ရာ သိုင်းပြိုင်ပွဲကြီးကို ကေဘိုတိုင်ကျွန်း (ယခု ဗိုလ်ချုပ် ပန်းခြံနေရာ) တွင် ကျင်းပနိုင်ခဲ့ပါသည်။ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗန်တို၊ ဗန်ရှည်ပြိုင်ပွဲကို ၁၉၈၄ခုနှစ် တွင် ရန်ကုန်မြို့၊ ကိုယ်မင်းကိုယ့်ချင်းလမ်း၊ ခြံအမှတ်(ဂ) (ယခု ပန်းချီ ပန်းပု အနုပညာကျောင်း) တွင်လည်းကောင်း၊ ဒုတိယအကြိမ်ပြိုင်ပွဲကို ၁၉၅၁ ခုနှစ်တွင် ရန်ကုန်မြို့ အောင်ဆန်း အားကစားပြိုင်ပွဲကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစိုးရမှ အသိအမှတ်ပြုသော မြန်မာ့သိုင်းပြိုင်ပွဲများ ကျင်းပနိုင်ခဲ့ခြင်းဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ သိုင်းပညာရှင်များ စုပေါင်းမိပြီး သိုင်းပညာပြန့်ပွားရေးအတွက် စဉ်ဆက် မပြတ်ကြိုးပမ်းခဲ့ရာ ပြည်ပ ဧည့်သည်တော်များ မြန်မာ့သိုင်းပညာပြသခြင်း၊ တရုတ်ပြည်ဝူရှူးပညာရှင်များအား ဧည့်ခံပြသခြင်း၊ ရဲတပ်ဖွဲ့ဝင်၊ တပ်မတော်၊ တက္ကသိုလ်သိုင်း သင်တန်းများ ပို့ချခြင်းစသော သိုင်းပညာထိန်းသိန်းပြန့်ပွားရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ပါသည်။

၁၉၆၃ ခုနှစ်၊ ဦးဇော်ဝိတ် (အား/ကာ-ညွှန်ချုပ်ဟောင်း)၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ကိုဖွဲ့စည်းနိုင်ရန် ပြင်ဆင် ဆောင်ရွက်ခဲ့ပါသည်။ အားကစားနှင့် ကာယပညာဦးစီးဌာန ၁၉၆၅ ခုနှစ်တွင် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ဖွဲ့စည်းရန်အတွက် နိုင်ငံတော်၏ အားကစားလုပ်ငန်းများကို အနီးကပ်ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ကို ၁၉၆၆ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် တရားဝင်မဖွဲ့စည်းမှီကတည်းက မြန်မာ့သိုင်းပညာသည် မြန်မာ့တို့၏ ကိုယ်ပိုင်ရိုးရာ ခုခံကာကွယ် တိုက်ခိုင်နိုင်သော ပညာရပ်တစ်ခုအဖြစ် တည်ရှိနေခဲ့ပြီးဖြစ်ပါသည်။

မြန်မာ့ရာဇဝင်သမိုင်းရှည်လျားကြာမြင့်သည်နှင့် အညီ မြန်မာ့သိုင်းပညာသည်လည်း ရှည်လျား ကျယ်ပြန့်ပေလိမ့်မည်။ ရှေးမင်းအဆက်ဆက် တစ်ခေတ်ပြီးတစ်ခေတ် လက်ဆင့်ကမ်း ဆင်းသက်လာသော အဖိုးတန် မြန်မာသိုင်းပညာများကို ယခုအချိန်၌ တစ်နေရာတည်းတွင် တစ်ပေါင်းတည်းတစ်စုတည်း မတွေ့ နိုင်ကြသော်လည်း ယင်းပညာကောင်း၊ ပညာမွန်များမှ ပေါက်ဖွါး ပျံ့နှံ့ကြီးထွားနေသော အနွယ်အပွါး သိုင်းပညာများကို ပြည်ထောင်စု မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရှိနိုင်ပေသည်။ထိုကဲ့သို့ပြည်ထောင်စု နေရာအနှံ့အပြား၌ ကြီးထွားရင့်သန်လျှက်ရှိသော သိုင်းပညာများသည် အောက်ပါအချက်အခြာ ပင်မသိုင်းပညာကြောရိုး ကြီးသုံးခုမှဆင်းသက်လာကြခြင်းဖြစ်သည်။

  1. အင်းသိုင်း။ မြန်မာမင်းနေပြည်တော် အင်းဝဘက်မှ ဆင်းသက်လာသော ပညာအနွယ်အပွါး။
  2. ကမ္ဗောဇသိုင်း။ ရှမ်းပြည်ဘက်မှဆင်းသက်လာသော ပညာအနွယ်အပွါး။
  3. ရာမညသိုင်း။ အောက်မြန်မာပြည် မွန်မင်းဆက်မှဆင်းသက်လာသော ပညာအနွယ်အပွါး။

ဤထက်ပါ သိုင်းပညာကြီးသုံးရပ်မှဆင်းသက် လာသော ပညာများသည် နှစ်ပေါင်းများစွာကြာရှိလာပြီဖြစ်သော ယခုအခါတွင် အလွန်ခိုင်ခန့်သော ပိုးပိုက်ကွန်ကဲ့သို့ ပညာတစ်ခုနှင့်တစ်ခု ရောယှက်တိုး ဝင်နေကြပြီ ဖြစ်လေသည်။ ပညာတခုအပေါ်တခု လိမ်ယှက်ရောထွေးကာ အပြန်အလှန် အမှီသဟဲ ပြုပြီးလျှင် အကျိုးပြုနေကြသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံရှိ သိုင်းပညာအဆင့်အတန်း သည် အလွန်ခိုင်ခန့် ကောင်းမွန်သည့် အဆင့်အတန်းတွင် ရှိနေပြီဖြစ်ပေသည်။

သိုင်းဆရာကြီး ဦးပြည်သိမ်း‎ သည် မြန်မာ့သိုင်းပညာရှင် နိုင်ငံကျော်သိုင်းဆရာကြီး ဖြစ်သည်။ ဂျပန်ခေတ်တွင် ပညာရေးဌာန၊ လူငယ်ရေးရာဌာနခွဲတွင် သိုင်းပညာနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးရှိ လူငယ်များအား သိုင်းပညာဖြန့်ဖြူးသင်ကြား ပေးခဲ့သည်။ သိုင်းဆရာကြီး ဦးပြည်သိမ်း၏တပည့်သည် ဆရာကြီးဦးချစ်သန်း‎ ဖြစ်သည်။ ၁၉၈၅ ခုနှစ် စက်တင်ဘာလတွင် ပြင်သစ်နိုင်ငံမှ ထုတ်ဝေသည့် (L’Artaublic du Bando) ကရာတေး မဂ္ဂဇင်းတွင် မြန်မာနိုင်ငံမှ သိုင်းဆရာကြီးများ (Burma Thaing Experts) ဖြစ်ကြသော ဦးပြည်သိမ်းနှင့် ဦးချစ်သန်းတို့၏ ဗန်တိုဗန်ရှည်ပညာအကြောင်းနှင့် ၎င်းတို့၏တပည့်များဖြစ်ကြသော သိုင်းဆရာမင်းယက္ခ၊ သိုင်းဆရာမောင်ကျော်တင့်တို့၏အကြောင်းကို ဓာတ်ပုံများနှင့်တကွ တခမ်းတနားဖော်ပြခဲ့သည်။

ဦးပြည်သိမ်းနှင့် ဦးချစ်သန်းတို့သည် ၁၉၄၂ ခုနှစ် (ဒုတိယကမ္ဘာစစ် အတွင်း) အာရှလူငယ် အစည်းအရုံး ဥက္ကဋ္ဌ (ပုဂံ) ဦးဘဂျမ်း၊ ဦးကျော်မြင့်ကလေး၊ ဦးဇော်ဝိတ်၊ သခင်ခင်အောင်၊ သခင်ညီလေး ၊ မြို့မ-ဦးသန်းကြွယ် စသောပုဂ္ဂိုလ်များနှင့်အတူလူငယ်များ ဗလငါးတန်ပြည့်၀ရေး၊ စေတနာ့ဝန်ထမ်းလူမှုရေး၊ ပညာရေး လုပ်ငန်းများနှင့် ဖက်ဆစ်ဆန့်ကျင်ရေး လျှို့ဝှက်လုပ်ငန်းများကို အများအပြား လုပ်ဆောင်နိုင်ခဲ့သူများဖြစ်သည်။

ဗန်တိုဗန်ရှည်[ပြင်​ဆင်​ရန်​]


မြန်မာ့သိုင်း ဟုခေါ်သောဗန်တို၊ ဗန်ရှည် အတတ်ပညာသည် မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ် ကိုယ်ခံပညာတစ်ခု ဖြစ်ပါသည်။ ရှေးမြန်မာတို့က ကာယနှင့် စိတ်ဓါတ်ကြံခိုင်ရေးအတွက် အဓိကထားပြီး စစ်ပွဲများတွင် လက်နက်မဲ့၊ လက်နက်ကိုင်နှစ်မျိုးခွဲကာ အသုံးပြု တိုက်ပွဲဝင်သည့် ရိုးရာကိုယ်ခံပညာဖြစ်သည်။ ၄င်းဗန်တိုဗန်ရှည်ပညာရပ်များကို အထူးလျှို့ဝှက် သင်ကြားပေးခဲ့ကြသည်။ သားစဉ်မြေးဆက်၊ ဆွေစဉ်မျိုးဆက် သွေးရင်းသားရင်းများသာ လူမသိအောင် တိတ်တဆိတ်သက်ကြားပေးလေ့ရှိသည်။ မြန်မာတို့၏ အမွေဖြစ်သော ဗန်တိုသိုင်းပညာသည် သရေခတ္တရာ သာသနာနှစ် (အစ) ဘီစီ (၄၅၅) ကတည်းကတည်ရှိခိုင်ခံနေပြီး ဒီထက်စောသော မှတ်တမ်းများလည်းရှိခဲ့ကြသည်။ သရေခေတ္တရာဗိဿနိုးဟန်လင်းပုဂံပင်းယအင်းဝကုန်းဘောင်ခေတ်သမိုင်း တလျှောက် နိုင်ငံတော်ကာကွယ်ရေး အတွက် အသုံးပြုခဲ့ရာမှ မြန်မာ့သိုင်း ဟူ၍ယနေ့ခေါ်ဝေါ်ထားကြပြီဖြစ်သည်။

မြန်မာ့ သိုင်း ကစားဟန်(ဤပုံသည် ခါးတောင်းကျိုက်ပုံဖြစ်ပေမည်။)

လက်နက်မဲ့ ဗန်တိုနှင့် လက်နက်ကိုင် ဗန်ရှည် ဟူ၍ခေါ်တွင်ခဲ့သည်။ အမာဗန်တို၊ အပျော့ဗန်တိုနှစ်မျိုးခွဲကာ မြန်မာ့လက်ဝှေ့ကဲ့သို့ အကွဲအပြဲ မတွန့်မဆုတ်ရင်ဆိုင်သောနည်းကို ဗန်တို (အမာ) ဟုခေါ်ပြီး မိမိအားအထိမခံဘဲ ရှောင်တိမ်းကာတုန့်ပြန်သောနည်းကို ဗန်တို (အပျော့) ဟုခေါ်သည်။

ရှမ်းသိုင်း[ပြင်​ဆင်​ရန်​]

ရှမ်းသိုင်းပညာရပ်တွင်လည်း ရှမ်းကြီး၊ ရှမ်းတရုပ်သိုင်း၊ ရှမ်းလေးသိုင်း၊ အင်းသိုင်း၊ ပလောင်သိုင်း အစရှိသော ပညာရပ်များစွာရှိပါသည်။ ထိုသိုင်းများတွင်လဲ လက်သိုင်း၊ ဓါးသိုင်း၊ ကြိုသိုင်း၊ ခဲပစ်၊ လှံသိုင်း၊ တုတ်သိုင်း အစရှိသော ပညာရပ်များ များစွာရှိသည်။

ရှမ်းကြီးသိုင်းသည် အကွက်ကျဲသည်။ ခြေကွက်မှာ လဲ ၄ ကွက်၊ ၆ ကွက်၊ ၈ ကွက်၊ ၁၂ ကွက် ဖြင့်ကစားသည်။

ရှမ်းလေးသိုင်း (ခူခါချန့်၊ ယနေ့အခေါ် သိုင်းပြောင်ပြန်) သည် အကွက်စိတ်သည်။ ခြေကွက်မှာလဲ ၄ကွက်၊ ရကွက်၊ ၉ ကွက်၊ ၁၂ ကွက် ရှိသည်။ သိုင်းပြောင်ပြန်ဟု ခေါ်သည်မှာ ရှမ်းကြီးသိုင်း၏ ခြေကွက်များနှင့်မတူ ပြောင်းပြန်သဘောရှိသောကြောင့် သိုင်းပြောင်းပြန်ဟုခေါ်သည်။


ရာမည သိုင်း[ပြင်​ဆင်​ရန်​]

ရာမညသိုင်းသည် မွန်ရိုးရာသိုင်းကိုခေါ်ပါသည်။ မွန်ရိုးရာသိုင်းတွင်လဲ လက်ဝှေ့၊ လက်သိုင်း၊ ဓါးသိုင်း၊ လှံသိုင်းအစရှိသော ပညာရပ်များပါဝင်သည်။ ထို့အပြင် ကရင်ရိုးရာ လက်သိုင်း၊ ဓါးသိုင်း၊ ဒူးလေးပစ်၊ မြှားပစ် အစရှိသောပညာရပ်များ နှင့်အတူ ရိုးရာသိုင်းများ၊ မျိုးနွယ်စုသိုင်းများလဲ ရှိသည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://www.doemyanmar.com/blog/28485/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%B7%E1%80%9E%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8/
  2. အလင်းစေတမာန်မှ ကူးယူသည်။