မြန်မာ့လေကြောင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မြန်မာ့လေကြောင်း
Myanma Airways
မြန်မာ့လေကြောင်း
မြန်မာ့လေကြောင်းလိုင်းအမှတ်တံဆိပ်
အိုင်အေတီအေ
UB
အိုင်စီအေအို
UBA
ခေါ်ဆို
UNIONAIR
ဆောင်ပုဒ် Safety, Service, Image
တည်ထောင် ၁၉၄၈
အခြေစိုက် ဌာန ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်
ပြေးဆွဲသည့် မြို့ပေါင်း ၃၂ မြို့
လေယာဉ်ပေါင်း ၁၁ စီး
မိခင်ကုမ္ပဏီ ပို့ဆောင်ရေးဝန်ကြီးဌာန,ပြည်ထောင်​စု သမ္မတ မြန်မာ​နိုင်​ငံတော်‌
ဌာနချုပ် ရန်ကုန်, မြန်မာနိုင်ငံ၏ အလံတော် မြန်မာ


မြန်မာ့လေကြောင်းသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အစိုးရပိုင်၊ ပြည်တွင်းအလံတင် လေကြောင်းလိုင်းဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဌာနချုပ် ထားရှိသည်။ မြန်မာ့လေကြောင်းသည် ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသများ၊ အခြား ပုဂ္ဂလိကလေကြောင်းလိုင်းများ မပြေးဆွဲသည့် လေယာဉ်ကွင်းများကို အကျိုးအမြတ်မယူပဲ များစွာ သက်သာသော ဈေးနှုန်းဖြင့် ပြေးဆွဲပေးလျက်ရှိသည်။

မာတိကာ

သမိုင်းကြောင်း [ပြင်​ဆင်​ရန်​]

လွတ်လပ်ရေးမရမီ (BOAC) လေကြောင်းကုမ္ပဏီမှ မြန်မာ့မြို့ ပြလေကြောင်းလုပ်ငန်များကို တာဝန်ယူ စီမံ ဆောင်ရွက်ခဲ့ပြီး လွတ်လပ်ရေးရရှိလာသောအခါ ယင်းလေကြောင်း ကုမ္ပဏီ လက်အောက်တွင် မြန်မာ့မြို့ပြ လေကြောင်းဆက်သွယ်ရေး လုပ်ငန်းများအား ဆက်လက်ထားရှိရန် မသင့်လျော်သဖြင့် ခေတ်ပညာတတ် စက်မှုနှင့် ဆက်သွယ်ရေး လုပ်ငန်းကျွမ်းကျင်သူ လူငယ်များက ကြိုးစား နည်းလမ်းရှာဖွေခဲ့ရာ International Aeradio Limited ခေါ် IAL ကုမ္ပဏီနှင့် ဆက်သွယ်မိခဲ့ပြီး မြို့ ပြလေကြောင်းဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ရန်ငှားရမ်း၍ မြန်မာ့မြို့ ပြလေကြောင်းလုပ်ငန်း ဆက်သွယ်ရေး၏ အခြေခံအုတ်မြစ်ကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်။

မြို့ ပြလေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုလျက် ၁၉၄ရခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ချီကာဂို ကွန်ဗင်းရှင်း (Chicago Convention) အား ပြဌာန်း၍ အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် ICAO ကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ၁၉၄၈ ခုနှစ်ဩဂုတ်လ ၈ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပါသည်။

၁၉၄၈ခုနှစ်တွင် လေကြောင်းပို့ဆောင်ရေး (UBA) ဘုတ်အဖွဲ့တစ်ခုကို တည်ထောင် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၄၈ ခုနှစ် မှာပင် လေကြောင်းပျံသန်းမှုလုပ်ငန်း စတင်ဆောင်ရွက်ချိန်၌ ပြည်တွင်း လေယာဉ်ခရီးစဉ် ပျံသန်းမှုကို ခရီးသည် (၉) ယောက်စီး ဂျိုးဖြူလေယာဉ် (၆) စီးဖြင့် ဆောင်ရွက်ခဲ့ရာ ရှေးဦးစွာ ပြည်တွင်းလေဆိပ်မြို့ (၁၉) မြို့ သို့ ဆက်သွယ် ပျံသန်းခဲ့ပါသည်။ ၁၉၅ဝခုနှစ်တွင် ပြည်ပခရီးစဉ်များ အဖြစ် ဘန်ကောက်၊ ကာလကတ္တား နှင့် စစ်တကောင်းမြို့များသို့ တိုးချဲ့ ပျံသန်းခဲ့ပါသည်။

၁၉၅၂ခုနှစ်တွင် လေကြောင်းပို့ဆောင်ရေးအဖွဲ့အဖြစ် အက်ဥပဒေ ပြဋ္ဌာန်းချက်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ပြည်ပနိုင်ငံများသို့ တိုးချဲ့ ပျံသန်းမှုအစီအစဉ်အရ ၁၉၅၃ခုနှစ်တွင် ပီနန်၊ စင်ကာပူနှင့် ခတ္တမန္ဒူ မြို့များသို့ စတင်ပျံသန်း ဆက်သွယ်နိုင်ခဲ့ပါသည်။

၁၉၇၂ ခုနှစ်တွင် နိုင်ငံတော်အုပ်ချုပ်ရေးစနစ်သစ် စတင်သည့်အချိန်မှစ၍ ပြည်ထောင်စု မြန်မာနိုင်ငံ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့မှ လေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်း (BAC) အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။

၁၉၈၉ ခုနှစ်တွင် မြန်မာလေကြောင်းအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး အမှတ်အသားတံဆိပ် အသစ်ကို စတင်အသုံးပြု ခဲ့ပါသည်။ ပြည်ပခရီးစဉ်များအဖြစ် ဘန်ကောက်၊ စင်ကာပူ၊ ခတ္တမန္ဒူ၊ ဒက္ကာ၊ ဟောင်ကောင်၊ ဂျာကာတာ ခရီးစဉ်မြို့များသို့ ၁၉၉၃ခုနှစ် ဩဂုတ်လ ၁၅ရက်အထိပျံသန်းခဲ့ပါသည်။ ယခုအချိန်တွင် မြန်မာ့လေကြောင်းသည် ပြည်တွင်းခရီးစဉ်များကိုသာ ပျံသန်းပြေးဆွဲ ပေးလျက်ရှိပါသည်။

ဖွဲ့စည်းပုံ [ပြင်​ဆင်​ရန်​]

M orgchart la.gif

လေကြောင်းလိုင်းချဲ့ထွင်မှုနှင့်အဆင့်မြှင့်တင်မှုများ(၂၀၁၀မှယနေ့အထိ) [ပြင်​ဆင်​ရန်​]

မြန်မာလေကြောင်းသည် ဖော်ကာအက်ဖ်-၂၇ လေယာဉ်အမျိုးအစားများကို ၁၉၆၃ ခုနှစ်မှစတင်၍ အသုံးပြုခဲ့သည်။ ထိုလေယာဉ်အမျိုးအစားကို နှစ်၄၀ထက်မနည်း ပျံသန်းခဲ့ကြပြီး မြန်မာလေကြောင်းပိုင် လေယာဉ်များထဲတွင် မတော်တဆဖြစ်မှုအများဆုံး လေယာဉ်လည်း ဖြစ်သည်။ ၂၀၁၀ခုနှစ်တွင် တရုတ်နိုင်ငံလုပ် အမ်အေ-၆၀ လေယာဉ် ၃စီးဖြင့် အစားထိုးကာ ဖော်ကာအက်ဖ်-၂၇ လေယာဉ်များအားလုံးကို ပျံသန်းမှုမှ အနားပေးခဲ့သည်။[၁] လက်ကျန် လေယာဉ်များအနက်မှ တစ်စီးကို ပြည်သူ့ရင်ပြင် တွင်အလှပြသရန် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလက ရွှေ့ပြောင်းခဲ့သည်။[၂] တစ်ဖန် ၂၀၁၂ နှစ်ကုန်ပိုင်းမှ စတင်ကာ သက်တမ်းနှစ် ၃၀ကျော်ပြီဖြစ်သော ဖော်ကာအက်ဖ်-၂၈-၄၀၀၀ အမျိုးအစားလေယာဉ်များကိုလည်း တစ်စီးပြီးတစ်စီး ပျံသန်းမှုမှ ရပ်နားခဲ့သည်။ ထိုလေယာဉ်များနေရာတွင် အစားထိုးရန် အမေရိကန် နှင့်အိုင်ယာလန်ပိုင် လေယာဉ်ငှား ကုမ္ပဏီ GE Capital Aviation Services Limited မှ အမ်ဘရာရာ ၁၉၀ အမျိုးအစားလေယာဉ်နှစ်စီး ငှားရန်းခဲ့သည်။ ယခင် ဖော်ကာအက်ဖ်-၂၈ ပြေးဆွဲခဲ့သော လမ်းကြောင်းများတွင် ၀င်ရောက် တာ၀န်ထမ်းဆောင်နေကြပြီး မြန်မာ့လေကြောင်းသည် အရှေ့တောင်အာရှတွင် အဆိုပါလေယာဉ်အမျိုးအစား ပထမဦးဆုံး အသုံးပြုသော လေကြောင်းလိုင်း အဖြစ် မှတ်တမ်း၀င်ခဲ့ပြီဖြစ်သည်။ ထိုလေယာဉ်များဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်နှင့် အိန္ဒိယနိုင်ငံ ဂယာမြို့များသို့ ပျံသန်းရန်လည်း အစီအစဉ်ရှိသည်။

မြေပြင်၀န်ဆောင်ထောက်ပံ့မှုဌာန [ပြင်​ဆင်​ရန်​]

မြန်မာ့လေကြောင်းသည် ပြည်တွင်းလေဆိပ်ပေါင်း ၃၃ ခု အထူးသဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ပုဂံညောင်ဦးလေဆိပ် တို့တွင် မြေပြင်၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၀၉ ခုနှစ်မှစတင်၍ မြေပြင် ၀န်ဆောင်မှုဌာနသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် မြန်မာ့လေကြောင်း၏ ကြီးကြပ်မှုဖြင့် အခြားသော လေကြောင်းလိုင်းများ ကိုလည်း ၀န်ဆောင်မှုပေးလျက်ရှိသည်။ မြေပြင် ၀န်ဆောင်မှုဌာန၏ အဓိက လုပ်ငန်းစဉ်များမှာ ခရီးသည်နှင့် လက်ဆွဲအိတ်များ အတင်အချ ပြုလုပ်ခြင်း၊ လေယာဉ်ရပ်နားရာနေရာများ၊ လေယာဉ်သန့်ရှင်းရေး လုပ်ငန်းများ၊ ကုန်စည် ကြီးကြပ်ကွပ်ကဲမှုနှင့် ဆက်သွယ်ရေး၊ ကုန်စည်၊လေကြောင်း ခရီးစဉ်များ ပျံသန်းခြင်း၊ မြေပြင်သယ်ယူ ပို့ဆောင်မှုနှင့် အိုင်အေတီအေ၏ မြေပြင်၀န်ဆောင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြီးကြပ်ကွပ်ကဲ ထိန်းချုပ်ပေးခြင်းများ ပါ၀င်သည်။ မြေပြင် ၀န်ဆောင်မှုလုပ်ငန်းသည် မြန်မာနိုင်ငံသို့ ပျံသန်းနေသော နိုင်ငံတကာ လေကြောင်းလိုင်းများ ဖြစ်သည့် ဘန်ကောက်အဲဝေး၊ အပြည်ပြည်ဆိုင်ရာထိုင်းလေကြောင်း၊ အဲချိုင်းနား၊ အဲအိန္ဒိယ၊ ဂျက်စတား၊ ကိုရီးယားလေကြောင်း၊ မလေးရှားလေကြောင်း၊ ချိုင်းနားအဲလိုင်း၊ ကာတာလေကြောင်းလိုင်း၊ ဆစ်အဲ၊ ထိုင်းအဲအေးရှား စသည့် လေကြောင်းလိုင်းများကို အပြည့်အ၀ ၀န်ဆောင်မှုပေးလျက်ရှိသည်။ [၃]

လေယာဉ်အမျိုးအစားများ [ပြင်​ဆင်​ရန်​]

အောက်ဖော်ပြပါ လေယာဉ်အမျိုးအစားများမှာ မြန်မာ့လေကြောင်းလိုင်းတွင် လက်ရှိ အသုံးပြုနေသော လေယာဉ်များ ဖြစ်သည်။[၄]

လေယာဉ်အမျိုးအစား အရည်အတွက် ဓာတ်ပုံ မှတ်ချက်
Fokker F28 Fellowship ၁ စီး
မြန်မာ့လေကြောင်းပိုင် F-28 လေယာဉ်တစ်စီး
XY-AGH ကိုခရီးသည်တင်အဖြစ်မှအနားပေးကာကုန်စည်သယ်ဆောင်ရန်အတွက်သာသုံးသည်။
ATR 42-320 ၁ စီး
မြန်မာ့လေကြောင်းပိုင် ATR-42 လေယာဉ်တစ်စီး
ATR 72-212 ၂ စီး
မြန်မာ့လေကြောင်းပိုင် ATR-72 လေယာဉ်တစ်စီး
MA-60 ၃ စီး
မြန်မာ့လေကြောင်းပိုင် MA-60 လေယာဉ်တစ်စီး
Beechcraft 1900D ၂ စီး
မြန်မာ့လေကြောင်းပိုင် BEECH လေယာဉ်တစ်စီး
Embraer ERJ190AR ၂ စီး
မြန်မာ့လေကြောင်းပိုင် EMBRAER 190AR လေယာဉ်တစ်စီး
စုစုပေါင်း ၁၁ စီး
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ မြန်မာ့လေကြောင်းပိုင် လေယာဉ်တစ်စီး


၁၉၇၀ ခုနှစ်အတွင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်လေကြောင်းပျံသန်းမှုများ [၅]
လေယာဉ်အမျိုးအစား စုစုပေါင်း မှာယူတင်သွင်းမှု မှတ်ချက်များ
Boeing 727
Douglas DC-3
Fokker F27
Vickers Viscount 700
စုစုပေါင်း ၁၆

မူဝါဒများ [ပြင်​ဆင်​ရန်​]

  • လုံခြုံဘေးကင်းရေး
  • လုပ်ငန်းတာဝန်ကျေပွန်ရေး
  • လေယာဉ်မှူးများ/အင်ဂျင်နီယာများခေတ်နှင့်အညီကျွမ်းကျင်တတ်ကျွမ်းမှုရှိနိုင်ရေး
  • လျာထားချက်ဝင်ငွေပြည့်မှီရေး၊အသုံးစရိတ်လျာထားချက်ထက်လျော့ပေါ့ရေး

ခရီးစဉ်များ [ပြင်​ဆင်​ရန်​]

မြန်မာ့လေကြောင်း ပြည်တွင်းခရီးစဉ်များ၊ စင်းလုံးငှား ခရီးစဉ်များကို အောက်ပါမြို့ များသို့ ပျံသန်းပြေးဆွဲပေးလျက်ရှိပါသည်။

ပုံမှန်ပြေးဆွဲနေသောခရီးစဉ်များ [ပြင်​ဆင်​ရန်​]

  • ကလေးမြို့
  • ကျိုင်းတုံ
  • ကျောက်ဖြူ
  • ကော့သောင်း
  • ခန္တီး
  • နေပြည်တော်
  • စစ်တွေ
  • တာချီလိတ်
  • ထားဝယ်
  • ပုဂံ/ညောင်ဦး
  • ဗန်းမော်
  • ဘုတ်ပြင်း
  • မန္တလေး
  • မြစ်ကြီးနား
  • မော်လမြိုင်
  • မိုင်းဆတ်
  • မုံရွာ
  • မြိတ်
  • လွိုင်ကော်
  • လားရှိုး
  • သံတွဲ
  • ဟဲဟိုး
  • ဟုမ္မလင်း
  • ပူတာအို
  • အမ်း
  • ရန်ကုန်

စင်းလုံးငှား ခရီးစဉ်များ [ပြင်​ဆင်​ရန်​]

  • ပြည်
  • ဖားအံ
  • ကိုကိုးကျွန်း
  • လမ်းရွာ
  • မကွေး

[၆]

မတော်တဆ ဖြစ်ပျက်မှုများ [ပြင်​ဆင်​ရန်​]

  • ၁၉၇၂ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် Douglas C-47B XY-ACM အမျိုးအစား လေယာဉ်ပျံတစ်စီး သံတွဲလေဆိပ်မှ ခရီးသည်များ တင်ဆောင်ပြီး ပြေးလမ်းနှင့် လေယာဉ်ဝမ်း ယှက်သန်းမှုကြောင့် လူပေါင်း ၂၈ ဦး သေဆုံးခဲ့ရသည်။[၇]
  • ၁၉၇၂ ခုနှစ်တွင် Vickers Viscount XY-ADF အမျိုးအစားလေယာဉ်ပျံသည် စစ်တွေလေဆိပ်တွင် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ပြေးလမ်းပေါ် ဆင်းသက်စဉ် လေယာဉ်ဘီးအုံပျက်စီးခဲ့ရသည်။[၈]
  • ၁၉၉၈ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် မြန်မာ့လေကြောင်းပိုင်လေယာဉ်ပျံ ၆၃၅ သည် တာချီလတ် လေဆိပ်အနီး ၂မိုင်အကွာရှိ တောင်အား လေယာဉ်ဝမ်းဖြင့် ပွတ်တိုက်မှုကြောင့် လူပေါင်း ၃၆ ဦး သေဆုံးခဲ့ရသည်။[၉]

ဆက်သွယ်ရန် [ပြင်​ဆင်​ရန်​]

  • မြန်မာ့လေကြောင်းရုံးချုပ်

လိပ်စာ- အမှတ်(၁၀၄) ကမ်းနားလမ်း၊ ရန်ကုန်မြို့။ ဖက်စ်- ၀၉၅-၁-၈၉၅၈၃ ဖုန်း- ၀၁-၂၈၄၅၆၆

  • မြန်မာ့လေကြောင်း

လိပ်စာ- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံ၊ ရန်ကုန်မြို့ ဖုန်း- ၀၁-၂၆၆၂၇၀၂၊ ၀၁-၆၆၂၇၁၂၊ ၀၁-၆၆၂၇၁၃

  • အမ်း

အမှတ်(၁၃၃)၊ ပုလဲ(၁)လမ်း၊ အမှတ်(၅) ရပ်ကွက်၊ အမ်းမြို့သစ်

  • ပုဂံ/ညောင်ဦး

အမှတ် (၅)၊ သီရိပစ္စယာ ရပ်ကွက်၊ ရာဇသင်္ကြန်(၄)

  • ဗန်းမော်

အမှတ် (၂၀၅)၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း ဖုန်း- ၀၇၄ ၅၀၂၆၉

  • ဘုတ်ပြင်း

အမှတ်(၁၈)၊ ရုံးလမ်း၊ အောင်မင်္ဂလာရပ်ကွက် ဖုန်း- ၀၁ ၅၈၁၂၄၃၊ လိုင်းခွဲ-၃၈

  • ထားဝယ်

အမှတ်(၄၆)၊ ဆိပ်ကမ်းသာလမ်းနှင့်ကမ်းနားလမ်းထောင့် ဖုန်း-၀၅၉-၂၁၀၇၀

  • ဟုမ္မလင်း

ခတ္တာလမ်း၊ ဘောလုံးကွင်းအနီး

  • ကလေးမြို့

နယ်မြေ(၂)၊ ဗိုလ်ချုပ်လမ်း၊ ပင်လုံရပ်ကွက် ဖုံး- ၀၇၃ ၂၁၁၂၄

  • ကော့သောင်း

ဗိုလ်ချုပ်လမ်း၊ ပိတောက်ရွှေဝါရပ်ကွက် ဖုံး- ၀၅၉ ၅၁၁၁၆

  • ခန္တီး

လေးဦးတန်းလမ်း၊ မြို့မရပ်ကွက် ဖုံး- ၀၁ ၃၃၃၁၅၆၄၊ ၀၁ ၃၃၃၁၅၆၆၊ ၀၁ ၃၃၃၁၅၆၉

  • ကျိုင်းတုံ

အမှတ်(၂၉)၊ တောင်ကြီးလမ်း၊ (၅)ရပ်တွက် ဖုံး- ၀၈၄ ၂၁၁၆၂

  • ကျောက်ဖြူ

အမှတ်(၉) ပိတောက်ရွှေဝါလမ်း၊ အရှေ့ရပ်ကွက် ဖုံး- ၀၅၃ ၂၄၉၈၇ ကျောက်တု အမှတ်(၅)ရပ်ကွက်၊ မင်းတပ်လမ်း

  • လားရှိုး

လမ်းမတော်လမ်း နှင့် ဘဏ်(၂)လမ်းဒေါင့်၊ (၂)ရပ်ကွက် ဖုံး- ၀၈၂ ၂၃၉၅၄

  • လွိုင်ကော်

အမှတ်(၉)၊ (၁၀)လမ်းနှင့် ကန္တာရဝတီလမ်းဒေါင့်

  • မကွေး

အမှတ်(၂၄)၊ ဈေးဝင်း၊ ပြည်တော်သာလမ်း

  • မန္တလေး

(၈၁)လမ်း၊ (၂၅နှင့်(၂၆)လမ်းကြား ဖုံး- ၀၂ ၃၆၂၂၁(မြို့တွင်း) ၀၂ ၈၇၄၅၈(လေဆိပ်)

  • မော်လမြိုင်

အမှတ်(၅)၊ သစ်တောရုံးလမ်း၊ စစ်ကဲကုန်းရပ်ကွက် ဖုံး- ၀၅၇ ၂၁၅၀၀

  • မိုင်းဆတ်

ဈေးတောင်ဘက်

  • မုံရွာ

ဗိုလ်ချုပ်လမ်း၊ ဒေါနရပ်ကွက် ဖုံး- ၀၇၁ ၂၃၅၀၀

  • မြိတ်

ဦးမြတ်လေးပန်းခြံရှေ့၊ ကန်ဖျားလမ်း ဖုံး- ၀၅၉ ၄၁၀၂၆(မြို့တွင်း) ၀၅၉ ၄၁၁၀၈(လေဆိပ်)

  • မြစ်ကြီးနား

အမှတ်( ၃၈/၃)၊ ဧရာရပ်ကွက် ဖုံး- ၀၇၄ ၂၂၅၄၅(မြို့တွင်း) ၀၇၄ ၂၂၆၀၀(လေဆိပ်)

  • နမ့်ဆန်

အမှတ်(၃/၆၉)၊ နှင်းဆီလမ်း ဖုံး- ၀၈၁ ၂၄၃၂၀

  • နေပြည်တော်

အမှတ်(၅) ပို့ဆောင်ရေးဝန်ကြီးရုံး ဖုံး- ၀၆၇ ၄၁၁၀၄၃(မြို့တွင်း) ၀၆၇ ၄၁၁၄၃၃(ရုံးချုပ်) ၀၆၇ ၃၅၁၁၀၊ ၀၆၇ ၃၅၁၁၁(လေဆိပ်)

  • ပခုက္ကူ

မြို့မလမ်းနှင့်ရွှေလမ်းဒေါင့်

  • ပူတာအို

အမှတ်(၃) ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်

  • စစ်တွေ

အမှတ်(၅၈) ဗဟိုလမ်း၊ ကြေးပင်ကြီးရပ်ကွက် ဖုံး- ၀၄၃ ၂၃၁၅၇(မြို့တွင်း) ၀၄၃ ၂၄၀၂၂(လေဆိပ်)

  • တာချီလိတ်

အမှတ်(၃၃)၊ ချယ်ရီလမ်း၊ တာလော့ရပ်ကွက် ဖုံး- ၀၈၄ ၅၁၄၈၉

  • တောင်ငူ

အမှတ်(၁၆)၊ ကေတုမတီလမ်း၊ အမှတ်(၉)ရပ်ကွက် ဖုံး- ၀၅၄ ၂၄၀၅၈

  • တောင်ကြီး

ဗိုလ်ချုပ်လမ်း၊ သစ်တောရပ်ကွက် ဖုံး- ၀၈၁ ၂၁၅၆၅

  • သံတွဲ

အမှတ်(၂)ရပ်ကွပ်၊ နယ်မြေ(၂) ဖုံး- ၀၄၃ ၄၂၇၄၄(မြို့တွင်း) ၀၄၃ ၆၅၃၃၇(လေဆိပ်)

  • ရန်ကုန်

အမှတ်(၁၀၄)၊ ကမ်းနားလမ်း ပြည်တွင်းအရောင်းဌာန ဖုံး- ၀၁ ၃၇၄၈၇၄၊ ၀၁ ၃၇၃၈၄၂၊ ၀၁၃၇၃၈၂၈(မြို့တွင်း) ၀၁ ၆၆၂၇၁၂၊ ၀၁ ၆၆၂၇၁၃(လေဆိပ်)

[၁၀]

ပြင်ပ ချိတ်ဆက်မှုများ [ပြင်​ဆင်​ရန်​]

  • Myanmar Airways Offical Website: [၁]
  • Myanmar Airways International: [၂]
  • Air Mandalay: [၃]

ကိုးကား [ပြင်​ဆင်​ရန်​]

  1. http://english.people.com.cn/90001/90777/90851/7229697.html
  2. http://www.elevenmyanmar.com/national/2592-old-fokker-to-be-on-display-in-yangon
  3. http://myanmaairways.aero/ghs-history.aspx
  4. http://www.myanmaairways.aero/mm_our-fleets.aspx
  5. Flight International 26 March 1970
  6. http://myanmaairways.aero/domestic-route.aspx
  7. http://www.flightglobal.com/pdfarchive/view/1970/1970%20-%200557.html
  8. http://aviation-safety.net/database/record.php?id=19720816-2
  9. http://aviation-safety.net/database/record.php?id=19720824-0
  10. http://en.wikipedia.org/wiki/Myanma_Airways