မြန်မာပုရပိုက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မြန်မာပုရပိုက်[ပြင်​ဆင်​ရန်​]

ပုရပိုက်ဟူသော ဝေါဟာရမှာ သက္ကတ စကား …… ပရိဗန၊ မှ ယွင်းယိမ်ကာ ……ပရိဗÚÚဟု ပြောင်းပြီးလျှင် …… ပုရပိုက်ဟု နောက်ဆုံး ခေါ်တွင်ဟန်ရှိသည်။ (သက္ကတ၊ ပရိဗန၊န္ထပရိန္ထပုရပိုက်) ပုရပိုက်ဆိုသည်မှာ ပေစာကဲ့သို့ပင် ရှေးခေတ်က မြန်မာလူမျိုးတို့ စာရေး ရာ၌အသုံးပြုခဲ့သည်။ လက်ရေးစာဖြစ်သည်။ ယခခေတ်ပေါ် စက္ကူအမျိုး အစားတမျိုးပင်ဖြစ်သည်။ လက်ဖြင့် လုပ်သော စက္ကူဖြစ်သည်။ များသော အားဖြင့် ပယူဝါဒနှင့် သက်ဆိုင်သော စာပေ အားလုံးသည် ပေစာဖြင့် ရေးသားထားပြီးရှိသကဲ့ သို့အုပ်ချုပ်ရေးဆိုင်ရာ စစ်တမ်း မှတ်တမ်း ဆုံးဖြတ် ချက်အားလုံးသည် ပုရပိုက်ပေါ်တွင် ရေးသား ထားကြလေ့ရှိသည်။

ပုရပိုက်[ပြင်​ဆင်​ရန်​]

ပုရပိုက်သည် ယခုခေတ် စာအုပ်များကဲ့သို့ စာရေး ရသော ပြည်တွင်းဖြစ် စက္ကူဖြစ်သည်။ ပုပပိုက်၏ ပုံသဏ္ဌာန်သည် အမြင်အားဖြင့် ယခုခေတ် စာရင်း စာအုပ်ရှည်နှင့် တူ၍ ဖတ်သည့်အခါ စာရွက်ကဲ့သို့ တလွှာချင်းလည်း ဖတ်ရသည်။ ဘာဂျာသဏ္ဌာန် ဆွဲဆန့်ဖတ်၍လည်းရနိုင်သည်။

ဝေါဟာရ[ပြင်​ဆင်​ရန်​]

ပုရပိုက်ဟူသော ဝေါဟာရနှင့် ပုရပိုက်ပြုလုပ်ပုံ၊ ပုရပိုက် အမျိုးမျိုး၊ အသုံးချပုံ အဖုံဖုံတို့သည် မှတ်သားစရာ အလွန်ကောင်းသည်။ ပုရပိုက်ဟူသော ဝေါဟာရသည် မည်သည့်ခေတ်က စပေါ်၍ မည်သည့်ဘာသာက ဆင်းသက်လာ ကြောင်းကို အတိအကျ ပြောနိုင်ရန် ခဲယဉ်းသည်။ ပုရပိုက်အသုံး ကို ရာဇဝင်အထောက်အထားနှင့် ပြရလျှင်ကား၊ သုဝဏ္ဏဘုမ္မိ သထုံပြည်ကို ပုဂံပြည်ကို ပုဂံပြည့်ရှင် အနော်ရထာမင်း မသိမ်းပိုက်မီ (ခရစ် ဆယ်ရာစုနှစ်) ပုဂံပြည်ကြီး၌ အရည်းကြီး တို့သည် ဘုရင်မင်းမြတ်၏ အကြည်ညိုကို ခံလိုကြသည်။ ထိုကြောင့် မိမိတို့ဖာသာ ကြေးနိပုရပိုက်တွင် စာရေးပြီးသော် သခွတ်ပင်ထဲ ထွင်းထည့်ထားကာ အများပြည်သူတို့ကို အိပ်မက်အရ တူးဖော်ရကြောင်းနှင့် သူတို့အယူသာလျှင်မှန်ကန် ကြောင်း ရေးထားသော ပုရပိုက်ကိုပြသည်။ ထိုအချက်ကို အထောက်အထားပြု၍ ပုရပိုက်အရေး အသားသည် ပုဂံခေတ်ကတည်း ကပင် ရှိနေခဲ့ကြောင်း သိသာနိုင်သည်။ပုဂံပြည် အနော်ရထာမင်း လက်ထက် မိတိုင်မီ စဉ့်ကွင်းစဉ့်ပုံများတွင် သက္ကတဘာသာ အရေးအသားများကိ တွေ့ရသည်။ အနော်ရထာမင်းစော သထုံပြည်ကို အောင်မြင်ပြီးနောက်တွင် ပုရပိုက်ဟူသော ဝေါဟာရသည် သက္ကတနှင့် မွန်ဘာသာ နှစ်ထွေရော ပြီး ခေါ်ဝေါ်ကြသည်ဟု ယူဆနိုင်သည်။သက္ကတဘာသာ ပရိဗနကို မြန်မာဘာသာ ပရိဗဟူ၍လည်းကောင်း၊ ပရိဗမှ ပုရပိုက်ဟူ၍ လည်းကောင်း၊ ခေါ်ဝေါ်ကြ ဟန်ရှိသည်။ ပုံပမာသစ္စကပရဿာဇကကို သစ္စကပရိဗိုဇ်ဟူ၍ လည်းကောင်း၊ ဇနပဒကို ဇနပုဒ်ဟူ၍ လည်းကောင်း ပြောင်းလဲ ခေါ်သည့် ထုံးရှိသည်။မွန်ဘာသာ ဗေ့ယပေါကို ……ဗုယပိုက်ဟု ပြောင်းဟန် သင့်တော်ငြားလည်း မူလရှိရင်း သက္ကတဘာသာ ပရိဗန၊နှင့် ရောပြီး ခေါ်ကြဟန်ရှိသည်။ အချို့ ပညာရှိများကလည်း ပုရပိုက်ဟူသော ပါ။ိဘာသာ ပုရနှင့် ပတ္တ ပေါင်းထားရာမှ ပုရပိုက် ခေါ်သည်ဟု အမိန့်ရှိကြသည်။ အဓိပ္ပါယ်မှာ ပုရ=ရှေး ၊ ပတ္တ=ကျရောက်သည်။ စာနှစ်ခု ပေါင်းလိုက်လျှင် ရှေးဦးစွာ ပေပေါ် မတင်မီ ရေးသားသည့်စာဟု ဆိုလိုသည်။ကျောက်စာ ဝန်ဟောင်း တော်စိန်ခို၏ အယူအဆမှာ ပုရပိုက်သည် အိန္ဒိယနိုင်ငံတွင် သုံးလေ့သုံးထမရှိ။ တရုပ်နိုင်ငံ တွင်သာ မိုင်းကိုင်စက္ကူဖြင့် ပြုလုပ်သော ပုရပိုက်ဖြူ များပေါ်၌ ရေးလေ့ရှိသည်။ တရုပ်များသည် ရှေးက စာကို ပိုးဖျင်ပေါ် တွင်လည်းကောင်း၊ ခြည်ဖျင် စပေါ်တွင် လည်းကောင်း ရေးသည်။ ထိုဖျင်များကို တရုပ်ဘာသာဖြင့် ပုပိုက်ဟုခေါ်သည်။ ရှမ်းဘာသာ ဖြင့် စာအုပ်ကို …လိဂ်Úဟုခေါ်သည်။ အက္ခရာ အပြောင်းအလွှဲအရ ထိုတရုပ်ဘာသာ စကားနှင့် ရှမ်းဘာသာစကား ရောနှေားပြီးလျှင် ပုပိုက်လိဂ်မှ ပုလိဂ်ပိုက်၊ ထိုမှ ပုရပိုက် ခေါ်ဝေါ်သည်ဟု ဆိုသည်။ စာအုပ်တွင် စာအုပ်တအုပ်၊ ပေစာတွင် ပေစာတထုပ် သုံးသကဲ့သို့ပုရပိုက်တွင်လည်း ပုရပိုက် တဆူ၊ နှစ်ဆူ စသည်ဖြင့် သုံးသည်။ ဆူဆိုသော စကားမှာ တရုပ်ဘာသာအားဖြင့် စာအုပ်ကို …ရှူးခေါ်ရာမှ ဆူဖြစ်လာကြောင်းဆိုသည်။အထက်တွင် ဖော်ပြခဲ့သည ့်အတိုင်း ပုရပိုက်သော ဝေါဟာရသည် မည်သည့် ဘာသာ မည်သည့် ဝေါဟာရက ဆင်းသက်လာ သနည်းဟူသည်ကို အမျိုးမျိုး ထင်မြင် ယူဆကြသည်။ သို့ရာတွင် ပုရပိုက်ဟူသော အသုံးအနှုန်းသည် ပုဂ့ခေတ်ကပင် ရှိပြီးဖြစ်ကြောင်း သိရသည်။

ပုရပိုက်ပြုလုပ်ပုံနှင့် အမျိုအစား[ပြင်​ဆင်​ရန်​]

ပုရပိုက်ကို ရွှေ၊ ငွေ၊ ကြေးနီ၊ သားရေ၊ သစ်ပင်၊ ဝါးနှင့် ကောက်ရိုးတို့ဖြင့် ပြုလုပ်ရသည်။ ရွှေ၊ ငွေ၊ ကြေးနီ ပုရပိုက်များကို ဘုရားဌာပနာသွင်းရာ၌ ပြုလုပ်ကြောင်း သိရသည်။ သားရေ ပုရပိုက်ကိုကား စာများထဲတွင်သာ တွေ့မြင် ဖတ်မှတ်ရခြင်းရှိသည်ဟု အဆိုရှိသည်။ စက္ကူပုရပိုက်သည် အများသုံး ပစ္စည်း ဖြစ်သည်။ သစ်ပင် ဝါးပင်၏ အခေါက်ဖြင့် စက္ကူပုရပိုက်ပြုလုပ်ရသည်။ပုရပိုက်တွင် ပုရပိုက်အဖြူ၊ ပုရပိုက်အနက်ဟူ၍ နှစ်မျိုးရှိသည်။ ပုရပိုက်အဖြူဟု ခေါ်ရသော်လည်း အမှန်မှာ ဝါကျင့်ကျင့် ရှိ၍ ကြာရှည်ခံသည်။ ပုရပိုက်နက်သည် ပုရပိုက်ဖြူကဲ့သို့ တန်ဖိုးမကြီး၊ ရေးရာ၌ လွယ်ကူပြီးလျှင် ဖျက်ရန်၊ ပြင်ရန် လွယ်သည်။ ကျောက်သင်ပုန်းပမာ ဖျက်ပြီးသော် အသစ်ထပ်မံရေးလျှင် ရသည်။ သို့သော် ပုရပိုက် အခြေအနေ ကောင်းမှသာလျှင် ရသည်။ ပုရပိုက်ဖြူတွင် အမျိုးအစား မရှိသော်လည်း ပုရပိုက် နက်ကား လေးမျိုးရှိသည်။(၁) ရှမ်းပုရပိုက်၊ ရှမ်းစက္ကူဖြင့် ပြုလုပ်ထားသည်။ ကြာရှည်ခံသည်။ (၂) သရက်ချဉ် ပုရပိုက်၊ သစ်ပင်အမည်ကို အစွဲပြု၍ခေါ်သည်။ ရှမ်းပုရပိုက်ကဲ့သို့ ကြာရှည်မခံချေ။ (၃) ဝါးရှာထိုး ပုရပိုက်၊ ဝါးမှ ပြုလုပ်၍ ရသော ပုရပိုက်ဖြစ်သည်။ ဝါးရိုးရိုးကို ပြုလုပ်ခြင်းထက် ပိုခိုင်သည်။ သာ၍ ချောသည်။ ခုန်ညင်းနှင့် သေသေ ချာချာ ချောမွတ်အောင် တိုက်၍ မျက်နှာဖုံးအလွှာ နှစ်ထပ်ကို သပ်သပ် ရပ်ရပ် အလယ်က အကြောင်း ကလေးခံပြီး ပြုလုပ်သည်။(၄) ဝါးရိုးရိုး ပုရပိုက်၊ ကြမ်း၍ လက်ခံစာကြမ်း ရေးရာတွင်သာ အသုံးပြုသည်။

ပုရပိုက် အရွယ်အစား[ပြင်​ဆင်​ရန်​]

ပုရပိုက် အရွယ်အစားသည် ခေါက်ထားလျှင် အရှည် ၁ရ လက်မ ၁၈ လက်မခန့်ရှိ၍၊ အနံခုနစ်လက်မ၊ ရှစ်လက်မခန့်ရှိသည်။ အငယ်ဆုံး ပုရပိုက်သည် အရှည်သုံးလက်မ၊ အနံတလက်မနှင့် တဝက်ရှိသည်။ အထူမှာ ၂၄ လွှာရှိ၍ စာမျက်နှာ ၄၈ မျက်နှာရှိသည်။

ပုရပိုက် အခေါ်အဝေါ်[ပြင်​ဆင်​ရန်​]

အလွှာအထူအပါးကိုလိုက်၍ အခေါ်အဝေါ်အမျိုးမျိုး ရှိသည်။ ပုရပိုက်လွှာ တလွှာတည်းကို လွှာချင်း၊ သို့မဟုတ် တရေစီးဟုခေါ်သည်။ (၁) လွှာချင်း၊ ဘုရင့်အမိန့်တော်များ ရေးမှတ်ရာ၌ အသုံးပြုသည်။ (၂) အလွှာ တလွှာ၊ လွှာချင်းကဲ့သို့ အလွှာမျိုး နှစ်ရေစီး ပူးလျက် ရှိသည်ကို ခေါ်သည်။ ရုံးတော်သို့ လျှောက်ကြားချက် အစီရင်ခံချက်များ ရေးရာတွင် အသုံးပြုသည်။ (၃) လွှာထပ်ကလေး၊ သုံးရေစီးမှ ငါးရေစီထိ ပါဝင်ပြီးလျှင် အဆိုလွှာ အချေလွှာ ရေးသားရာတွင် အသုံးပြုသည်။ (၄) လွှာထပ်ကြီး၊ ခြောက်ရေစီးမှ ၁၁ ရေစီးထိ ပါဝင်သည်။ (၅) ဆူဝက်၊ ၁၂ ရေစီးမှ ၁၆ ရေစီးထိ ပါဝင်သည်။ (၆) တဆူ၊ ၃၂ ရေစီးပါဝင်သည်။…ရေစီးဆိုသည်မှာ အလွှာတလွှာကိုဆိုသည်။ ယခုခေတ် စက္ကူတရွက် ခေါ်သော သဘောပင်ဖြစ်သည်။ ပုရပိုက်သည် ခေါက်ထားလျှင် သူ့အထပ်နှင့်သူ စာအုပ်ကဲ့သို့ဖြစ်၍၊ ဖွင့်ကြည့် လျှင် ဘာဂျာသဏ္ဌာန် ဆက်နေသည်။ ပုရပိုက် တမျက်နှာကို စာ၁၂ကြောင်းရေးလေ့ရှိသည်။ ပုရပိုက်များ၏ အပေါ်ဖုံးကို ယွန်းထိုးခြင်း၊ သစ္စေးသုတ်ခြင်း၊ ဟင်္သပြဒါး သုတ်ခြင်း၊ ရွှေချခြင်း၊ မှတ်စီချခြင်းဖြင့် ခန့်ညား လှပရန် ပြုလုပ်ကြသည်။ ယွန်းထိုးသော ပုရပိုက်ကို ယွန်းပေါင်းပုရပိုက်ဟု ခေါ်သည်။ ထိုပုရပိုက်ထဲ၌ မှတ်သား ထားသည့် မြေကို ယွန်းပေါင်တော်ပါ အရာတော်မြေဟု ခေါ်သည်။

မင်နှင့် ကလောင်တံ[ပြင်​ဆင်​ရန်​]

ပုရပိုက်ပေါ်တွင် စာရေးလျှင် ရေးရသည့် အရာ အမျိုးမျိုးနှင့် သုံးစွဲသည့် အရောင် အမျိုးမျိုး ရှိသည်။ ပုရပိုက် အဖြူကို ခုန်ညင်းနှင့် ချောမွှတ်အောင် တိုက်၍ အနက်၊ အနီ၊ အဝါ၊ အပြာ၊ အစိမ်းစသည့် ဆေးများ၊ ရွှေမင်၊ ငွေမင်များနှင့် ရေးသည်။ အနက်ရောင် မီးသွေးနှင့် ရေးသည်။ မင်နှင့်ရေးသည်။ မီးသွေးဆိုရာတွင် ချက်ပြုတ်ရာ၌ အသုံးပြုသည့် မီးသွေးမျိုး မဟုတ်ချေ။ စီမံပြုလုပ်ထားသော မီးသွေးမျိုး ဖြစ်သည်။ လက်သန်းခန့်တုတ်၍ မာသော သစ်ကိုင်း၊ အထူးသဖြင့် မန်ကျည်းသားကို မီးသွေးချောင်း ဖြစ်စေရန် မီးဖုတ်ပြီးလျှင် ပုရပိုက်ဖြူ ပေးတွင် ရေးသည်။ ဤသို့ ရေးခြင်းသည် ကြာရှည် ခံရန် ရေးခြင်းမျိုး မဟုတ်ချေ။ ရေနံမင်၊ ဆီမင် ဖြင့်လည်း ရေးသည်။အဖြူရောင် ရရန် ကန့်ကူဆံနှင့် ဖြစ်စေ၊ မြေဖြူနှင့် ဖြစ်စေရေးသည်။ မြေဖြူကို အမှုန့်ပြု၍ တမာစေးဖြင့် ရောကာ စုတ်တံနှင့် ရေးရသည်။ …ခေါင်းတံÚနှင့်လည်း ရေးသည်။ စုတ်တံသည် နွား၏ နားတွင်းမွေးကို ပိုးကြိုးနှင့် စုစည်းပြီးလျှင် လက်ကိုက်တံဖြင့် ချည်ထားခြင်းကို ခေါ်သည်။ ခေါင်တံမှာ အခေါင်းပါသော ကျူရိုးမာမာကို ကလောင်သွားပမာ ဓားဖြင့် ချွန်းထားသည်ကို ခေါ်သည်။ ကန့်ကူဆံသည် ကျောက်သင်ပုန်းတွင် ရေးရသော ကျောက်တံနှင့် တူသည်။ ကန့်ကူဆံ တိုသွားလျှင် ရေးနိုင်ရန် ကန့်ကူဆံတံအဖြစ် ရွှေ၊ ငွေ၊ သံ၊ ကြေးဝါ၊ ကြေးနီ၊ မိုးကြိုးတို့ဖြင့် စွပ်တံ ပြုလုပ်လေ့ရှိသည်။ သုံးစွဲသူ၏ အခြေအနေအလိုက် ပြုလုပ်ခြင်းဖြစ်သည်။ ကန့်ကူဆံ ဖြင့် ပုရပိုက်နက်ပေါ်တွင် စာရေးလေ့ ရှိသည်။ စာရေးရာတွင် ယခုခေတ် မင်အရာင် အမျိုးမျိုး သုံးသကဲ့သို့ ရှေးကလည်း သုံးကြသည်။ ဆေးဒန်းမှ အဝါရောင်ကို လည်းကောင်း၊ မဲနယ်မှ အပြာရောင် ကိုလည်းကောင်း၊ ဆေးဒန်းနှင့် မဲနယ် နှစ်ထွေ ရောစပ်လျှင် အစိမ်းရောင်ကိုလည်းကောင်း၊ အနီရောင်ကို ဂွေ့နီနှင့် ဟင်္သပြဒါးမှ လည်းကောင်း ရကြသည်။ ဟင်္သပြဒါးအနီရောင်လည်း အမျိုးမျိုးရှိသည်။ရွှေမင်၊ ငွေမင်ဖြင့် ထီးသုံး နန်းသုံး မင်းဆရာသုံး ပုရပိုက်များတွင်သာ ရေးသည်။ မင်ကလွဲ၍ အခြား အရောင်များတွင် တမာစေး ထည့်သုံးရသည်။ မင်ကိုကား ငါးကြင်းသည်းခြေထည့် ရေးလျှင် ကြာရှည်ခံ၍ အရောင်တောက် သည်။ ပုရပိုက် အဖြူပေါ်တွင် အဖြူရောင်မှတပါး အခြားအရာင်များဖြင့် စာရေးနိုင်သည်။ ပုရပိုက် အနက်တွင် အနက်ရောင်မှလွဲ၍ ကျန်အရောင်များ ရေးနိုင်သည်။ ပုရပိုက်နက်သည် နှစ်ပေါင်း တရာ့ငါးဆယ်ခန့် ခံ၍ ပုရပိုက်အဖြူသည် အနှစ်လေးငါးရာခန့် ခံသည်။ပုံဝ။ုများ၊ ဒဏ္ဍရီများ၊ ရာဇဝင်များကို ဦးစွာ၌ ပုရပိုက်နက်ပေါ်တွင်တွင် ရေး၍ နောက်မှ ပုရပိုက်ဖြူ၊ သို့မဟုတ် ပေရွက် ပေါ်တွင် ပြန်ကူးလေ့ ရှိသည်။ ပုရပိုက်နက်ကို အကြမ်းရေး၊ မှတ်စုရေး အနေဖြင့် အသုံးပြုသည်။ ပုရပိုက် နက်သည် ကြာရှည်မခံ ဖျက်ပစ်လျှင် အလွယ်ရသောကြောင့် တည်း။ ပုရပိုက်ပေါ်တွင် ရေးပြီးမှ ပေထကတင်ကြောင်းကို ဇနက ဝ။ုနိဂုံးတွင် … …အများမှတ်မှု၊ ဇာတ်ဝ။ုကို၊ လက်နုသွယ်ဝိုက်၊ ယဉ်သိုက်မြိုက်အောင်၊ ပုရပိုက်လက္ခံ၊ မလျှံမယွင်း၊ မကြွင်း ချေချင်၊ ပေထက်တင်၍၊ အောင်မြင်ပြီးလတ် ဟူ၍ဖော်ပြထားသည်။ပုရပိုက် မှတ်တမ်းများသည် အလွန် များပြားသည်။ မြန်မာတို့၏ ဓလေ့အတိုင်း ပုရပိုက်များကို သေတ္တာကြီးများ ထဲတွင်ထည့်ပြီးလျှင် အလုပ်ဌာနမှာ ထားလေ့ရှိသည်။ ထိုသေတ္တာများထဲတွင် ပုရပိုက်များနှင့် ဗောင်းနားတောင်း၊ ဝတ်လုံစသည့် အဖိုးတန် အသုံးအဆောင်များလည်း ထားလေ့ရှိသည်။ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်စဉ် တိုင်းပြည် မငြိမ်မသက် ဖြစ်နေချိန်တွင် လူအချို့က ထိုသေတ္တာ ကြီးများကိုဖွင့်၍ အထဲ၌ရှိသော အဖိုးတန် အသုံး အဆောင်များကို ယူသည်။ အချို့လည်း ပစ္စည်းရှိမည် အထင်ဖြင့် ဖွင့်၍ ရှာကြသည်။ မတွေ့လျှင်လည်း ပစ်ထားခဲံသည့် အတွက် ပုရပိုက် အခေါက်များ ပျက်လေသည်။ မသိမ်းဆည်းဘဲ ထားသဖြင့်လည်း အမှိုက်ရှင်းလင်းသူက မီးရှို့ပစ်သည်။ ဤသို့သော အဖြစ်မျိုးနှင့် ကြုံခဲ့ရသောကြောင့် ရှေးဟောင်း ယဉ်ကျေးမှုများ ပါရှိသော များစွာသော အဖိုးထိုက်သည့် ပုရပိုက် မှတ်တမ်းများ ဆုံးရှုံးခဲ့သည်။ နောက်မှ တောင်ခွင်မင်းကြီးက ကာနယ်ဆလေဒင်ထံ စာရေးတော်ကြီး ဦမြဲကို စေလွှတ်၍ ဤကဲ့သို့ ပရမ်ပတာ မဖြစ်စေရန် ပြောမှ ကျန်တန်သမျှ ပုရပိုက်များ ကျန်ကြောင်းကို ပုရပိုက်သမိုင်းနှင့် တကွ ပုဂံ ဝန်ထောက် ဦးတင် ရေးသားသော ……မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်း၊ ပဉ္ဇမပိုင်းÚÚ စာမျက်နှာ ၉ရ၊ ၁၆၂ များတွင် အသီးအသီး ဖော်ပြ ရေးသားထားသည်။ ပုရပိုက်များတွင် မြန်မာမင်း လက်ထက်က အုပ်ချုပ်ပုံ အုပ်ချုပ်နည်းများကို တွေ့ရသည်။ ပုရပိုက်များကို မြို့ရွာ စစ်တမ်း၊ အခွန်တော် ကောက်ခံခြင်း၊ အမိန့်တော် စသည်ဖြင့် ရုံးတော်နှင့် စပ်ဆိုင်သော ကိစ္စအရေးအသားများမှာ အသုံးများသည်။ အချို့ စပ်ဆိုင်သော ကိစ္စအရေးအသားများမှာ အသုံးများသည်။ အချို့ ပုရပိုက်ပါ မှတ်သားချက်သည် ကြာ ရှည်တည်တံ့ရန် ကူးရေးထားလျှင် ကောင်းပေမည်။ ပုရပိုက်များသည် ကြာရှည်မခံတတ်ချေ။ မိုးဖြစ်စေ၊ မိုးဖွဲဖြစ်စေ ထိလျှင် ပျက်စီးတတ်သည်။ မိုးငွေ့သင့်လျှင် အစိုပြန်၍၊ တရေစီးနှင့် တရေစီး ငြိကပ်ပြီးလျှင် ခွာမရဘဲ ပျက်စီးတတ်သည်။ မှိုတက်လျှင်လည်း ကန့်ကူဆံ ကြောင်းအဖြူနှင့် မှိုမှုန့်ဖြူ ရောပြီးလျှင် စာများ ဖတ်မရအောင် ဖြစ်တတ်သေးသည်။ ယခုခေတ်တွင် ခေတမှီ စာရေးနည်း ကရိယာ ပုံနှိပ်စက်များ ပေါ်ပြီးဖြစ်သည့်အတွက် ရှေးကျသော စာရေးနည်း ဖြစ်သည့် ပုရပိုက်အရေးအသားသည် လုံးဝမရှိသလောက်ပင် ဖြစ်သည်။ ယခုအခါ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ်ဖြင့် လည်းကောင်း၊ ရှေးခေတ် အုပ်ချုပ်ပုံ အုပ်ချုပ်နည်း မှတ်စုအဖြစ်ဖြင့် လည်းကောင်း၊ အလွန် ချောင်ကျ သော မြန်မာနိုင်ငံ အရပ်ဒေသများ၊ ယဉ်ကျေးမှု ထိန်းသိမ်းရာ ဗိမာန်များ ဖြစ်သော စာကြည့်တိုက်များ၊ အုပ်ချုပ်ရေး ဌာနများ၌သာလျှင် ရှိတော့သည်။ ပုရပိုက်များတွင် အိမ်သုံးစာရင်းက စ၍ ဘုရားစာ အဆုံး ရေးမှတ်လေ့ရှိသည်။ တခါတရံ ဇာတ်သဘင် များတွင် အသုံးပြုလေ့ရှိသော ဇာတ်ချင်းများ ကိုလည်း တွေ့ရသည်။ ရပ်ရွာထဲ၌ ဆရာတော်ဘုရားကြီးများ အမှူးပြု၍ ဆွမ်းခံကြွလာလျှင် ရပ်ရွာအလိုက် ဆွမ်းအုပ်စာရင်း မှတ်သားကြသည်ကို တွေ့ရသည်။ ဆေးမီးတိုနည်းများလည်း စုံလှသည်။ ဥယျာဉ် စာရင်းများကို အပင်အမျိုအစား၊ ပင်ရေ၊ ထွက်သော အသီးအနှံ စသည်ဖြင့် အတိအကျ ပုရပိုက်များတွင် မှတ်သားထားသည်။ ဖာတာ ရပ်ချုပ်မှတ်သည်လည်း ရှိသည်။ ဤသို့အားဖြင့် ပုရပိုက်များသည် မြန်မာဘုရင်များခေတ်၏ ပဒေသာ မှတ်တမ်းများ သဖွယ်ဖြစ်လေသည်။ သို့ဖြစ်၍ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော ပုရပိုက်မှတ်တမ်းများကို ကြာရှည် တည်တံ့ရန် ထိန်းသိမ်းဖို့ အထူးလိုအပ်ပေသည်။ အရေးတကြီ ကူးယူ ပုံနှိပ်ထားသင့်သော ပုရပိုက် စာမူများကိုလည်း အမြန် ကူးယူ ပုံနှိပ်ထားသင့် ပေသည်။[၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)